စရိုက်နှင့် ကမ္မဋ္ဌာန်း…

အများဖြစ်နေကျ ပုံစံများ၊ အရာများထက် ပိုမိုလွန်ကဲပြီး အဖြစ်များတတ်တဲ့ သဘောကို စရိုက်လို့ ခေါ်ပါတယ်။ ပါဠိစရိတဆိုတဲ့ စကားလုံးကို စရိုက်လို့ မြန်မာမှု ပြုထားခြင်း ဖြစ်ပါတယ်။ ဒီစရိုက်ကိုပဲ အထုံဝါသနာလို့ ဆိုပါတယ်။ လူတွေမှာ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုး ဖြစ်နေတာဟာ ဒီဘ၀နဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ဘဲ ရှေးရှေးဘ၀က အထုံဝါသနာနဲ့လည်း သက်ဆိုင်ပါတယ်။ ရှေးရှေးအတိတ်ဘ၀များက အထုံဝါသနာကောင်း ပါလာတဲ့သူတွေဟာ စိတ်ကောင်းစေတနာကောင်း ရှိတတ်ပြီး အထုံဝါသနာဆိုး...

Read more »

ပညတ်ကို ပယ်သည်ဆိုရာတွင်…

လောကီပညတ်နယ်မှာ ရှိနေပါလျက် မျက်စီစုံမှိတ်ပြီး ပညတ်ကိုပယ်ကာ ပရမတ်ပရမတ်လို့ သံကုန်ဟစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဟောပြောချက်များ ဆွေးနွေးချက်များကို နားထောင်ရင်း အစွန်းရောက်နေတဲ့ သူ့ရဲ့ပညတ်ပယ် အယူအဆအပေါ် စိုးရိမ်မိပါတယ်။ သူ့အတွက် သူ့အယူအဆနဲ့သူ ရှိပါစေလို့ ထားနိုင်ပေမယ့် သူ့ကိုအမှီပြုကာ သူ့နောက်လိုက်နေတဲ့ သူတွေအထိပါ အလွဲတွေ ဖြစ်ကုန်၊ အလွဲတွေ ယူဆကုန်မှာကိုတော့ မလိုလားပါဘူး။ ဘုရားရှင်တောင် ပညတ်ကို မပယ်ခဲ့ဘဲ ဝေါဟာရပညတ် တစ်ခုအဖြစ် အသိအမှတ်ပြုကာ...

Read more »

အကြွေးဆပ်ရင်း အကြွေးထပ်နေကြသူများ…

မြန်မာနိုင်ငံကနေ နိုင်ငံခြားထွက်ပြီး အလုပ်လာလုပ်နေတဲ့ ဒကာလေးတစ်ယောက် တစ်နေ့ကျောင်းကို ရောက်လာပြီး ဟိုစပ်စပ် ဒီစပ်စပ် စကားတွေ ပြောကြရင်း သူ့အကြောင်းနဲ့ ပတ်သက်လို့ မေးမြန်းပြောဆို ဖြစ်ပါတယ်။ နိုင်ငံခြားထွက်ဖို့ ခက်ခဲတဲ့အကြောင်း၊ ဒီကိုရောက်လာဖို့ စောင့်ရတာ တော်တော်လေး ကြာသွားကြောင်း၊ ပိုဆိုးတာက နိုင်ငံခြား ရောက်မလာခင် ပြည်တွင်းမှာနေတုန်း သုံးခဲ့ရတဲ့ ငွေတွေရဲ့ အတိုးတွေက တစ်နေ့တစ်ခြား တိုးတိုးနေတာက ပိုဆိုးကြောင်း၊ ဒါကြောင့် အခုလို...

Read more »

Live Questions and Answers (1)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။7 Feb 10, 08:11 AMAnonymous:အရှင်ရာဟုလာက တာဝတိံသာနတ်ပြည်မှာ ပရိနိဗ္ဗာန်စံတယ်ဆိုတာ သိလိုပါတယ်ဘုရား။ သက်တော် ၄၀ မပြည်မီ၊ တစ်နေရာမှာလဲ ၅၀ မပြည့်မီ ပရိနိဗ္ဗာန်ပြုတယ်လို့ သိရပါတယ်။ ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့တဲ့ ဆုကြီးပန်ဖြစ်ရင်...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၄)...

၅၂၈နဲ့ ၁၅၀၀…လူငယ်တွေကြား၊ တစ်ချို့လူတွေကြားမှာ အလွဲနားလည်ပြီး အသုံးပြုနေတဲ့ စကားတစ်ခုရှိပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး သုံးတဲ့စကားပါ။ တစ်ဦးနဲ့ တစ်ဦးကြားမှာ အချစ်တွေကို ဖော်ပြပြီး တွင်တွင်ကြီး သုံးနေတာတွေမှာ လွဲနေတာလေးက “ဒို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူး၊ ဒို့အချစ်က ရိုးသားတယ်၊ ဒို့မင်းအပေါ်မှာထားတဲ့ အချစ်ဟာ ၅၂၈အချစ်မျိုးပါ..”စသဖြင့် သုံးနေကြတာ ရှိသလို “ဒို့မင်းကိုချစ်တာ ၁၅၀၀အချစ်မျိုးနဲ့တင် မဟုတ်ဘူး ၅၂၈အချစ်မျိုးနဲ့ပါ ချစ်တာပါ…၊ ဘာပဲဖြစ်ဖြစ်...

Read more »

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်…

ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိနေတဲ့ ဘာသာခြား ဒကာမလေး တစ်ယောက်က ဘုန်းဘုန်းကို မေးမြန်းတိုင်ပင် ဖူးပါတယ်။ အဲဒါက ဒီနေ့ခေတ်စားနေတဲ့ ခွဲစိပ်ပြုပြင်တာတွေနဲ့ ပတ်သက်တဲ့အကြောင်းပါ။ သူမအနေနဲ့ တစ်ခြားသူငယ်ချင်းတွေလိုပဲ စိတ်တိုင်းမကျဖြစ်နေတဲ့ မျက်နှာပေါ်က အရာလေးတွေကို အထူးသဖြင့် ကြည့်မကောင်းဖြစ်နေတဲ့ သူ့မနှာခေါင်းကို ခွဲစိပ်ပြီး ပြင်ကြည့်ရင်ကောင်းမလားတဲ့…။ တိုင်ပင်စရာရှားလို့ ဘုန်းကြီးကိုမှ လာတိုင်ပင်ရတယ်လို့။ အမှန်တော့ ဘုန်းကြီးဆို ဗေဒင်တတ်တင်ထင်ပြီး...

Read more »

ဆူလာပြန်ပြီ ဆူနာမီ…

စိတ်ပင်ပန်းလို့ စိတ်နွမ်းပြေအောင် တရားတော်တွေနဲ့ စိတ်ပန်းဖြေချင်တယ်ဆိုမှ ဆူနာမီတရားနာမိလို့ အပန်းမပြေတဲ့အပြင် ပိုလို့တောင် နွမ်းနေပါတော့တယ်ဆိုတဲ့ ဒကာလေးတစ်ယောက်ရဲ့ အသံက နားထဲရောက်လာပြန်ပါတယ်။ ကိုယ်ကိုယ်တိုင်က အင်တာနက်စာမျက်နှာမှာ ဓမ္မအနှစ်သာရ သက်သက်တွေကိုပဲရေးပြီး တတ်နိုင်သမျှ နှစ်သက်မှုတွေကို မျှဝေပေးမယ်ဆိုတဲ့ ဆန္ဒနဲ့ သူတစ်ပါးကို ဝေဖန်တာ၊ တိုက်ခိုက်တာ၊ ဟိုလူ့အကြောင်းပြောတာ၊ ဒီလူ့အကြောင်း ပြောတာတွေ မလုပ်ဖြစ်အောင်၊ စာဖတ်သူများကို...

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၂)…

အခြေခံ ၀ိပဿနာ အလုပ်ကို အားထုတ်လို သူများအတွက် နေ့စဉ်လှုပ်ရှားနေရင်း လှုပ်ရှားမှုများမှ တရားရအောင် အားထုတ်နည်းလေးကို တင်ပြပေးခဲ့ပါတယ်။ တစ်ချို့ကတော့ အချိန်ယူပြီး တစ်နေ့တစ်ကြိမ်လောက် ဖြစ်ဖြစ် ကိုယ့်နေရာလေးမှာကိုယ် ထိုင်ပြီး တရားအားထုတ်လေ့ ရှိကြပါတယ်။ အဲလို ထိုင်ပြီး အားထုတ်တာကိုပဲ ပိုပြီးအားရသူတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ နာရီဝက် တစ်နာရီစသဖြင့် အချိန်ယူကာ ကြိုးစားမှတ်လေ့ရှိပါတယ်။ တရားအားထုတ်တဲ့အခါ သမာဓိကို တစ်ဆက်တည်းကျအောင် အားထုတ်နိုင်မှ...

Read more »

ကိုးတိုင်း ကိုးဌာန…

Q. (၉)တိုင်း (၉)ဌာန သာသနာပြုတယ်လို့ ဖတ်ရပါတယ်။ သီဟိုဠ် သီရိလင်္ကာမှလွဲပြီး တပည့်တော် အခြားနိုင်ငံများ ကိုမရှင်းပါ။ ဘယ်နိုင်ငံတွေဖြစ်တယ်ဆိုတာ ရှင်းပြပေးပါလားဘုရား။ အရှင်ဘုရား ကျန်းမာချမ်းသာပါစေလို့  ဆုမွန်ချွေလျက်ပါဘုရား…ကိုရင်လေးA. ကိုရင်လေးရဲ့ အမေးအတွက် ပါရာဇိကအဋ္ဌကထာ ပထမအုပ်နှင့် အခြား တရုတ်မှတ်စု၊ အင်္ဂလိပ်မှတ်တမ်း အမျိုးမျိုးတို့နဲ့ ညှိနှိုင်းရေးသား တင်ပြထားတဲ့ ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာသာဘိဝံသရဲ့ သုတေသန အဘိဓာန်ကျမ်းကို ကိုးကား၍...

Read more »

အစွယ်ထောင်လျှင် အပါယ်ဘောင်သို့…

တစ်ပိုင်းကြောင် ကျက်စာရရုံနှင့် ခက်ပါလှ သဘောဉာဏ်ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွား။စောဒကတုဖက်လာလျှင် သူ့ထက်ငါ ငြင်းတဲ့လူစား။ဘုရားဟော မြတ်ဓမ္မက္ခခန်ကို တတ်လေဟန်ယောင်ဝါး။ပရမတ်ပြန် အကြောင်သမားတွေတို့ ထောင်လွှားကြ သူ့ထက်ငါ။အသိဉာဏ်တစ်ထွာလောက်ကယ်နှင့် ညှာမထောက် ဟောတတ်လှပါ။ပရိတ်သတ် ထောမနာအောင် စောဒနာဉာဏ် အထောက်တွေနှင့်ကန်အကြောက် အတင်းမရှောင် ငြင်းကြလူ့ဘောင်။ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး။(လယ်တီဆရာတော်ဘုရားကြီး)လယ်တီဆရာတော်ဘုရားကြီး၏...

Read more »

အရှင်ရာဟုလာနှင့် ဆပဉ္စက…

ရာဟုလာဆိုတဲ့ အမည်ကို ဗုဒ္ဓဘာသာအများ ရင်းနှီးပြီး ဖြစ်ကြမှာပါ။ သားတော်ရာဟုလာလို့လည်း သိနေကြပါတယ်။ ရာဟုလာ (၇)နှစ်သားအရွယ်မှာ မယ်တော်ရဲ့ ခိုင်းစေမှုနဲ့ အဖဘုရားထံမှာ လောကီအမွေ လာတောင်းတာကို ရှင်တော်ဗုဒ္ဓက လောကီအမွေ မပေးဘဲ လောကုတ္တရာအမွေ ပေးခဲ့ပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေ ဖြစ်စေခဲ့ပါတယ်။ သာသနာ့ဘောင်မှာ ရောက်နေတဲ့ သားတော်ရာဟုလာကို မြတ်စွာဘုရားရှင်ဟာ ကြုံရင်ကြုံသလို ဆုံးမသြ၀ါဒ ပေးတော်မူခဲ့ပါတယ်။ ပိဋကတ်တော်မှာ ရာဟုလာနဲ့...

Read more »

ခလုပ်ထိမှ အမိတကြမယ်ဆိုရင်…

ခလုပ်ထိမှ အမိတ နေသူများကို တွေ့ရတိုင်း ခလုပ်မထိခင် တ,ကြရင် မကောင်းဘူးလားလို့ ကလေးကလား အတွေးပွားမိပါတယ်။ ပုထုဇင်တွေရဲ့ သဘာဝအတိုင်း သတ္တ၀ါတွေဟာ ဆင်းရဲဒုက္ခ မရောက်သေးရင်၊ ဘေးဒုက္ခမကြုံသေးရင် အားကိုးရာကို မရှာတတ်ကြသေးပါဘူး။ ဒုက္ခတွေကြုံ ဆင်းရဲတွေစုံမှပဲ ကယ်တင်ရှင်ကို ရှာတတ်ကြပါတယ်။ အရှင်းပြောရရင် သေဘေးနဲ့ကြုံကာ သေရတော့မယ်ဆိုမှ အသေကောင်းအောင် လုပ်ချင်တတ်ကြပါတယ်။ အားရှိနေတုန်း၊ အချိန်ရှိတုန်း၊ လုပ်နိုင်နေတုန်း ကြိုးစားရဖွေရမှာကို ဘေးဒုက္ခကြုံမှ...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၃)...

ဂြိုဟ်တိုင်များနဲ့ ဗုဒ္ဓဘာသာ…လွဲနေတာလေးတွေ ပြောရင်းနဲ့ နောက်ထပ်အလွဲတစ်ခု ပြောစရာ ပေါ်လာပြန်ပါတယ်။ အဲဒါက စေတီပုထိုးများနဲ့ ဂြိုဟ်တိုင်များကိစ္စ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားတယ်၊ ဘုရားသွားတယ်နဲ့ တကယ်တော့ ဘုရားသွားပြီး ဘုရားအာရုံပြု ရှိခိုးကြတာထက် ဘုရားရောက်ရောက်ချင်း ဂြိုဟ်တိုင်လိုက်ရှာ နေကြတာတွေပါ။ ကိုယ်မွေးတဲ့ မွေးနေ့အလိုက် လုပ်ထားတဲ့ ဂြိုဟ်တိုင်တွေမှာ သွားပြီးဘုရားကို ရေသွားပက်ကြတာ၊ ခေါင်းပေါ်ကနေ ရေလောင်းပေးကြတာ၊ အမွေးတိုင်း၊...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ