
ဖွားမြင်တော်မူခြင်း
ဆရာတော် အရှင်ဝိစိတ္တကို ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ အုတ်ဝင်းကျေးရွာ
ခမည်းတော်ဦးတင်မောင်၊ မယ်တော် ဒေါ်ခင်ထွေးတို့မှ ၁၃၃၆ခုနှစ်၊ ပြာသိုလဆန်း (၄)ရက်၊
(၁၅၊
၁၊ ၁၉၇၅)
ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၇)ယောက်အနက်
တတိယမြောက် သားရတနာဖြစ်သည်။
ရှင်၊ရဟန်းအဖြစ်သို့ ရောက်ရှိခြင်း
၁၃၄၈ခုနှစ်၊ တန်ခူးလဆန်း (၃)ရက်၊
စနေနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာကျောင်းတိုက်၊
သီရိဇေယျုံကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရကို ဥပဇ္ဈာယ် ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို
ခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘွဲ့တော် ရှင်ဝိစိတ္တဖြစ်သည်။
၁၃၅၆ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၃)ရက်
(၅၊
၁၁၊ ၁၉၉၄)၊
စနေနေ့တွင် ခရမ်းမြို့၊ ပါဠိတက္ကသိုလ် ကိုင်းကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသ (အဂ္ဂမဟာပဏ္ဍိတ)
မထေရ်ကို ဥပဇ္ဈာယ်ပြု၍ ခရမ်းမြို့၊ (၄)ရပ်ကွက်၊
ဗုဒ္ဓဟူးလမ်းနေ ဦးဖူးညို + ဒေါ်ခင်မြိုင် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ
မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိသည်။
ပရိယတ်၊ ပဋိပတ်နှင့် လောကီပညာရပ်များ လေ့လာသင်ယူခြင်း
သာသနာ့ဘောင်သို့ ရောက်ရှိပြီးနောက် ဆရာတော်သည် ဒိုက်ဦးမြို့နယ်၊ အုတ်ဝင်းကျေးရွာ၊
ရွာဦးကျောင်းဆရာတော်ကြီး ဘဒ္ဒန္တနန္ဒဝံသ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊
သီရိဇေယျုံကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရ၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဓမ္မာလင်္ကာရကျောင်းဆရာတော်
ဘဒ္ဒန္တအဂ္ဂဝံသ နှင့် စာချဆရာတော်များ၊ ခရမ်းမြို့၊ ပါဠိတက္ကသိုလ် ကိုင်းကုန်း ကျောင်းဆရာတော်
ဘဒ္ဒန္တကေလာသနှင့် စာချဆရာတော်များ၊ ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်
ဆရာတော် ဘဒ္ဒန္တပညာဇောတ၊ ဘဒ္ဒန္တသံဝရနှင့် စာချ ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်
ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ၊ ဘဒ္ဒန္တဝဏ္ဏိတ အမှူးပြုသော သင်ကြားစီမံဆရာတော်များ၊
ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာ နာယကဆရာတော်များနှင့် ကမ္မဋ္ဌာနာ စရိယဆရာတော်များ၊ ဓမ္မာစရိယ
ဦးဌေးလှိုင်၊ ဓမ္မာစရိယ ဦးအောင်ခိုင်၊ ဓမ္မာစရိယ ဦးမောင်မောင်လေး၊ ဆရာကြီး ဇေယျာမောင်
ဦးကိုလေး၊ ဆရာကြီး ဦးတင်လွင်၊ ဆရာကြီး ဦးစံတင်၊ ဆရာဦးနန္ဒာသိန်းဇံ အစရှိသည့် ပြင်ပပညာရှင်
ဆရာကြီးများ အထံတော်တို့တွင် ပရိယတ်၊ ပဋိပတ် ပညာရပ်များနှင့် လောကီပညာရပ်များကို အဆင့်ဆင့်
လေ့လာသင်ယူခဲ့သည်။
အောင်မြင်ခဲ့သည့် စာမေးပွဲများ
ဆရာတော်
အောင်မြင်ခဲ့သည့် အောင်ပန်းများမှာ
အခြေပြုမူလတန်း
ပထမငယ်တန်း
ပထမလတ်တန်း
ပထမကြီးတန်း
သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism)
သာသနတက္ကသီလမဟာဓမ္မာစရိယ M.A (ကျမ်းပြု)
B.A
(Buddhist Studies, GGU, Korea) စသည်တို့ ဖြစ်သည်။
သာသနာရေးဆောင်ရွက်ချက်များ
ဆရာတော်သည် ပရိယတ်၊ ပဋိပတ်နှင့် လောကီပညာရပ် အဆင့်ဆင့်ကို
လေ့လာသင်ယူ အောင်မြင်တော်မူပြီးနောက်
-
၂၀၀၁~၂၀၀၃
ခုနှစ်အထိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာဌာနတွင် အင်္ဂလိပ်စာ နည်းပြတာဝန်
-
သာသနာ့တက္ကသိုလ်၊ ရခိုင်ပြည်နယ်ကျောင်းဆောင်၏ အဆောင်မှူးတာဝန်
-
ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ အင်္ဂလိပ်စာနည်းပြ တာဝန်များအပြင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့်
လူငယ်လူရွယ်များအား ယဉ်ကျေးလိမ္မာ သင်တန်းများနှင့် အင်္ဂလိပ်စာ သင်တန်းများ သင်ကြားပို့ချပေးခြင်း
-
၂၀၀၄~ ၂၀၀၈ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံ၊
နုံးစန်းမြို့ ဂေါန်ဂန်းတက္ကသိုလ် (Geumgang University)တွင် အစိုးရ
ပညာသင်ဆုဖြင့်
(၅)နှစ်တိုင်တိုင် ကိုရီးယားဘာသာစကားနှင့် မဟာယာနဗုဒ္ဓဘာသာကို
လေ့လာဆည်းပူးရင်း ကိုရီးယားရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားတို့အား
တရားဓမ္မ ဟောပြော ပြသပေးခြင်း
-
၂၀၀၈ခုနှစ်မှ စတင်ကာ
“မနာပဒါယီ”
(နှစ်သက်ဖွယ်ကို ပေးလှူခြင်း)ဟူသော အမည်ဖြင့် အင်တာနက်
စာမျက်နှာများတွင်
ဘာသာရေးစာပေများ ရေးသားမျှဝေကာ (၂၀၁၀)ခုနှစ်တွင်
“မချစ်မမုန်း အကောင်းဆုံး”ဟူသော ပထမဆုံး ဆောင်းပါး
ပေါင်းချုပ် စာအုပ်ကို စတင်ထုတ်ဝေ၍ ဓမ္မစာပေ ပြန့်ပွားရေး အတွက် ဆောင်ရွက်ပေးခြင်း (လက်ရှိအချိန်တွင်
ဓမ္မစာအုပ်ပေါင်း (၈)အုပ်ကျော်ခန့်
ထုတ်ဝေပြီး ဖြစ်သည်။)
-
၂၀၀၉ခုနှစ် (၁)လပိုင်း
(၂၆)ရက်နေ့တွင်
တောင်ကိုရီးယား နိုင်ငံ၊ ဒယ်ဂူးမြို့၌ “စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်းကို” စတင်တည်ထောင် ဖွင့်လှစ်ကာ ပဓာနနာယက ဆရာတော်အဖြစ် တာဝန်ယူလျက်
ကိုရီးယား၊ မြန်မာ သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိခြင်း
-
၂၀၁၁ခုနှစ်မှစတင်၍ “မနာပဒါယီ အရှင်ဝိစိတ္တ (ကိုရီးယား)” ဟူသော
အမည်ဖြင့် မြန်မာပြည်တွင်း တရားပွဲ များအား လက်ခံဟောပြောကာ နယ်လှည့်ဓမ္မကထိက တာဝန်ကို
ထမ်းဆောင်လျက်ရှိခြင်း
-
၂၀၁၂ခုနှစ်၊ (၁)လပိုင်း (၁၅)ရက် (၃၈)နှစ်ပြည့်
မွေးနေ့တွင် “မနာပဒါယီ ဖောင်ဒေးရှင်း”ကို ဦးဆောင်မတည်
တည်ထောင်၍ အနယ်နယ်အရပ်ရပ်ရှိ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပြီးသည်အထိ
ပညာသင်ဆုပေးခြင်း၊ ပရဟိတ ပညာဒါန လုပ်ငန်းများနှင့် ဓမ္မစာပေ ပြန့်ပွားရေး လုပ်ငန်းများ
ဆောင်ရွက်ပေးခြင်း စသည့် သာသနာပြု လုပ်ငန်းများကို ကြိုးစားလုပ်ဆောင်လျက် ရှိသည်။
လက်ရှိသီတင်းသုံးရာဌာနနှင့် သာသနာပြုလုပ်ငန်းများ
ဆရာတော်ဘုရားရဲ့ အဆုံးမတွေကို ကူးယူသွားပါတယ်
ဖတ်ရှုမှတ်သားလိုက်နာပါ့မယ်။ဆရာတော်အင်္ဂလိပ်စာနဲ့ 
ပတ်သက်ပြီးတော့အခြေခံကျကျတတ်ချင်ပါတယ်။အင်္ဂလိပ်
စာကတပည့်တော်တို့ မြန်မာတွေအလွန်လိုအိပ်ပါတယ်။
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဘို့ မှာ အင်္ဂလိပ်စာကောင်းပြီးစာဖတ်ဖို့ အများကြီးလိုပါတယ်။
တပည့်တော်အင်္ဂလိပ်စာနဲ့ ဘာသာရေးကိုယှဉ်ပြီးတော့
လေ့လာနေပါတယ်။အင်္ဂလိပ်စာပို့ စ်လေးလဲရေးပေးစေ
ချင်ပါတယ်ဘုရား။ကျန်းမာချမ်းသာစွာနဲ့ သာသနာ့တာဝန်ထန်းဆောင်နိုင်ပါစေဘုရား
You are so young Ashin, whatever I am very proud of you.
ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား.. အရှင်ဘုရားရဲ့ တန်ဖိုးကြီးလှတဲ့ စာတွေကို အင်တာနက်မှာ ကူးယူဖော်ပြခွင့်ပြုပါ အရှင်ဘုရား..အရှင်ဘုရားရဲ့ဆုံးမစာတွေမှန်းသိအောင် credit ပေးထားပါ့မယ် အရှင်ဘုရား..
ခွင့်ပြုချက်နှင့်ခွင့်လွတ်နားလည်ပေးရန်တင်ဘို့ခက်ခဲသည့် မြန်မာနိုင်ငံကွန်နရှင်ကြောင့်အခေါက်ခေါက်ရေးနေရပါ သည်ဘုရား လေးစားစွာဖြင့်အရှင်ဘုရား၏ကိုယ်ရေးအကျဉ် ကိုမျဝေပူဇော်မိပါကြောင်းလျောက်ထားအပ်ပါသည်
ဆ၇ာတော်၏ထေရုပ္ပတ္တိ အကျဉ်းကိုဖေ့ ဘွတ်မှာမျှဝေခဲ့ပါသည်။ ဓါတ်ပုံနှင့်တစ်ကွခွင့်ပြုချက်အရင်တောင်းပြီးမှတင်ရမှာဖြစ် ပေမဲ့ အရှင်ဘုရား၏သာသနာပြုလုပ်ငန်းအချိန်မအားလပ်သည်ကို ငဲ့သည်ကတကြောင်း တပည့်တော်တို့ကွန်နရှင်ကိုငဲ့သည်ကတကြောင်းဖြင့် ခွင့်လွတ်နားလည်ခွင့်ပြုပေးပါရန်အနုးအညွတ်ရိုသေစွာရှိခိုးဦးတင်လျောက်ထားအပ်ပါသည်ဘုရား ဒီစာရေးတာကိုဘဲ ဒါနဲု့ဆို ၄ခေါက်လောက်၇ှိပါပြီ စိတ်ရှည်သည်းခံမု့ ကိုရပါသည်ကုသိုလ်ဇောဖြစ်မည် ထင်ပါသည်
ကျေးဇူးတင်ပါသည်ဘုရား ကိုယ်ရေးအကျဉ်းကိုရှယ်သွားပါသည်
ဆရာတော်ကျန်းမာချမ်းသာစွာဖြင့်ဘာသာ သာသနာအကျိုးဆောင်ရွက်ယင်းပညာဒါန အလှူ အောင်မြင်ပါစေ သာဓု သာဓု သာဓု ဆရာတော်၏ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံကို ခွင့်ပြုချက်မတောင်းခင်ရှယ်မိသည်ကို ခွင်ုပြုပါ၇န်ခွင့်လွတ်နားလ်ာပေးပါရန်ရိုသေစွာလျောက်ထားပန်ကြားအပ်ပါသည်