Showing posts with label အထွေထွေမှတ်စုများ. Show all posts
Showing posts with label အထွေထွေမှတ်စုများ. Show all posts

ရုန်းထွက်ဖြစ်ခဲ့ခြင်း

 ဝါတွင်းသုံးလကာလပတ်လုံး အင်တာနက် စာမျက်နှာပေါ်တွင် စာရေးခြင်းကိစ္စ အဆက်ပြတ်သွားခဲ့၏။ အဆက်ပြတ်ခြင်းဆိုသည်ထက် အဆက်ဖြတ်ထားခြင်း ဖြစ်၏။ ကိုရီးယားနိုင်ငံရှိ ကျောင်းကိစ္စအဝဝနှင့် မြန်မာပြည်ရှိ ကျောင်းကိစ္စများ၊ ပရဟိတ ပညာဒါန လုပ်ငန်းများ အားလုံးကို ဆိုင်ရာတာဝန်ခံများနှင့် လွှဲအပ်ကာ မုံရွာတစ်ဖက်ကမ်း၊ ချင်းတွင်းတံတား အနီးရှိ ရွှေတောင်ဦး လယ်တီပဿနာရိပ်သာတွင်...

Read more »

သည်းခံခြင်းအတွက် မှတ်ချက်

သည်းခံခြင်းအတွက် မှတ်ချက်--------------------သည်းခံမှုနဲ့ ပတ်သက်ပြီး ဒကာလေးတစ်ယောက်က လျှောက်ဖူးပါတယ်။ ဘယ်လိုကျင့်သုံးရမလဲတဲ့။ ဘယ်လိုကျင့်သုံးရမလဲဆိုတော့ သည်းခံပေါ့လို့။ ဒါပေမယ့် အနှိမ်ခံဖို့တော့ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓကလည်း သည်းခံဖို့ မိန့်ပါတယ်။ ဒါပေမယ့် မှန်တာကိုတော့ မှန်တဲ့အကြောင်း၊ မဟုတ်တာကိုတော့ မဟုတ်တဲ့အကြောင်း ပြန်ပြောဖို့နဲ့ မှားရင်လည်း...

Read more »

ငြိမ်းချမ်းရေးအတွက် သက္ကပဥှသုတ်ရဲ့ မှတ်ချက်

သိကြားမင်းမေးလို့ ဘုရားရှင် ဖြေတော်မူတဲ့ သုတ်တော်တစ်ခုကို ညွန်းပါဆိုရင် သက္ကပဥှသုတ်တော်ကို အထူးညွန်းချင်ပါတယ်။ ဒီသုတ်တော်မှာ သိကြားမင်းက ဘုရားရှင်ထံလာပြီး သတ္တဝါတွေ မငြိမ်းချမ်းနိုင်ခြင်းရဲ့ အကြောင်းကို မေးလျှောက်လို့ ဘုရားရှင်က ဖြေကြားပေးခဲ့ပါတယ်။ အဲဒီ အမေးအဖြေအပေါ် မှတ်ချက်ပြုကြည့်တော့ ဒီလိုလေး တွေ့ရပါတယ်။ မနာလိုခြင်း ဣဿာ၊ ဝန်တိုခြင်း...

Read more »

ကထိန်အကြောင်း သိကောင်းစရာ

သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော် သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ...

Read more »

နေ့စဉ်မပြတ် ကုသိုလ်ဆက် ဝတ်စဉ်မပျက် မြဲပါစေ

နေ့စဉ် ကောင်းမှုလေးတစ်ခုခုကို ဝတ်တစ်ခု ဖြစ်အောင် ပြုလုပ်ပါ။ အကြီးကြီး၊ အကြာကြီး၊ အကုန်အကျအများကြီး၊ အရင်းအနှီးအများကြီး ပေးပြီးလုပ်ဖို့ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်ဖြစ် လုပ်ဖြစ်အောင် မပြတ်လုပ်ကြည့်ဖို့ပါပဲ။  ဆိုကြပါစို့။ နေ့စဉ် မနက်အိပ်ရာက နိုးတာနဲ့ နမော တဿ (၃)ခေါက်၊ သရဏဂုံ (၃)ခေါက်၊ မင်းကွန်းဆရာတော်ကြီးရဲ့  “လုံးစုံများစွာ...

Read more »

အသွင်မတူ အိမ်သူမဖြစ်

“အသွင်မတူ အိမ်သူမဖြစ်”တဲ့။ ပို့စ်ခေါင်းစဉ်လေးကတော့ ဘုန်းကြီးနဲ့ လားလားမှမသက်ဆိုင်တဲ့ ခေါင်းစဉ်လေးပါ။ အိမ်ယာတည်ထောင် လူဘောင်ကိစ္စကို အိမ်ရာမထောင် ရဟန်းဘောင်က ရဟန်းတစ်ပါးက ပြောလာတာဆိုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူ့အလုပ် ဝင်ရှုပ်တယ်လို့ ပြောစရာ ဖြစ်နိုင်ပါတယ်။ ပြောလည်းမတတ်နိုင်ဘူး ပြောပါစေတော့။ အမျိုးသားရေးနဲ့ ပတ်သက်လာခြင်း၊ ဒါမှမဟုတ် ဘာသာတရားဆိုင်ရာ...

Read more »

ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ့

မနက်ဖြန် (21-8-2013)ဟာ မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ်နှစ်ရဲ့ ဝါခေါင်လပြည့်နေ့ အခါသမယပဲ ဖြစ်ပါတယ်။ ဝါခေါင်လပြည့်နေ့ကို မြန်မာဗုဒ္ဓဘာသာများက မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ထူးထူးခြားခြား ကုသိုလ်များ ပြုလုပ်လေ့ရှိကြပါတယ်။မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရလောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့...

Read more »

ပရိတ် (သို့) အရံအတား

မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ် ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ်သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင့် တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။ ဤပရိတ်တော်များသည် မြတ်စွာဘုရားရှင်...

Read more »

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး

မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ (၁) စိဉ္စမာဏ (၂) သုပ္ပဗုဒ္ဓ (၃) အရှင်ဒေဝဒတ် (၄) နန္ဒကဘီလူး (၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။  ၁။ စိဉ္စမာဏ စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ...

Read more »

ဝိနည်းတတ်သူ များထိုသူသို့

ဝိနည်းနဲ့ ပတ်သက်လာရင် ခုနောက်ပိုင်းလူတွေဟာ သံဃာတော်များရဲ့ ဝိနည်းကျင့်ဝတ်တွေကို တော်တော်သိလာနေတဲ့ သဘောရှိပါတယ်။ ရဟန်းတော်များ ဘာလေးပဲလုပ်လိုက်လုပ်လိုက် ဝိနည်းနဲ့ မညီဘူး၊ သံဃာ့ကျင့်ဝတ်နဲ့ မညီဘူး၊ သံဃာအလုပ် သံဃာမလုပ်ဘူး စသဖြင့် ဝေဘန်နိုင်လာတဲ့အထိ သူတို့တွေ ဝိနည်းတော်အပေါ်မှာ ကျွမ်းကျင်လာတော့တာပါ။ လူတွေဝိနည်းသိလာတာ ကောင်းပါတယ်။ ဒါမှလည်း...

Read more »

အဓိဋ္ဌာန်ပြုပါ၏

ငါတို့အဓိဋ္ဌာန် ------------- ဗုဒ္ဓမြတ်စွာ၊ ပွင့်ထွန်းလာ၊ မှန်စွာငါတို့ ချမ်းသာဖို့။ တရားဒေသနာ၊ ဟောညွန်တာ၊ မှတ်စွာငါတို့ ငြိမ်းချမ်းဖို့။ တပည့်သားသံဃာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ အကျိုးများဖို့။ ရတနာသုံးဖြာ၊ ကိုးကွယ်ရာ၊ မှန်စွာငါတို့ ဆည်းကပ်စို့။ အမျိုးဘာသာ၊ စောင့်ရှောက်ကာ၊ မှန်စွာငါတို့ ကာကွယ်စို့။ ။ ...

Read more »

မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း

ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် အခြားအခြား ဘာသာအယူဝါဒတွေဟာ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဘာသာတွေရဲ့ ရှုထောင့်ကကြည့်ရင်လည်း သူတို့က ဗုဒ္ဓဘာသာကို မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိလို့ ပြောကြမှာ ဖြစ်ပါတယ်။ အားလုံးကတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်အယူဝါဒသာ အမှန်လို့ ပြောကြမှာ ဖြစ်ပါတယ်။ တစ်ချို့လည်း မှားမှန်းသိသိနဲ့ပဲ အယူဝါဒတစ်ခုကို...

Read more »

အရှုံးပေးခြင်းနဲ့ အလျော့ပေးခြင်း

“အရှုံးပေးခြင်းနဲ့၊ အလျော့ပေးခြင်းက မတူပါဘူး”။  ဟုတ်ပါတယ်။ အရှုံးပေးတာနဲ့ အလျော့ပေးတာ လုံးဝမတူပါဘူး။ တစ်ချို့ ကိစ္စတွေမှာ တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီးပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပတ်သက်ပြီးပဲ ဖြစ်ဖြစ် လိုအပ်ရင် အနိုင်မယူဘဲ၊ နိုင်ထက်စီးနင်း မလုပ်ဘဲ အလျော့ပေးသင့်ရင် ပေးရာမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ဘဝအတွက် ရှုံးနိမ့်သွားတာမဟုတ်ပါဘူး။...

Read more »

အကျိုးလိုလားခြင်း

အကျိုးလိုလားခြင်းကို မေတ္တာလို့ ပြောနိုင်ပါတယ်။ မေတ္တာဓာတ်ကို အခြေခံထားတဲ့ သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် သူ့အကျိုးကို လိုလားနေကြတာ ဖြစ်တဲ့အတွက် အလွန်အဆင်ပြေပြေ ရှိတတ်ကြပါတယ်။ သူတပါးအပေါ် ကြီးပွားစေချင်၊ သူတပါးအပေါ် ချမ်းသာစေချင်၊ သူတပါးအပေါ် အန္တရာယ်ကင်းစေချင် စတာတွေဟာ သူ့အကျိုးကို လိုလားတဲ့ မေတ္တာရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ အဲဒီလို...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ