Showing posts with label လွဲနေတာလေးများ. Show all posts
Showing posts with label လွဲနေတာလေးများ. Show all posts

နဲနဲလေးတော့ လွဲနေတယ် (၃၀)

ဗုဒ္ဓဘာသာနဲ့ ဝိညာဉ်ပြဿနာ ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။  “အရှင်ဘုရား လူတစ်ယောက် သေပြီးရင်နောက်ဘ၀တစ်ခုကို ချက်ချင်းကူးပြောင်းတယ်လို့ သိရပါတယ်။ ၀ိညာဉ်ဆိုတာ မရှိဘူးလို့ဆိုတယ်။ တပည့်တော်နားမလည်တာက နာရေးတွေမှာတွေ့ရတဲ့ လိပ်ပြာခေါ်တယ်ဆိုတာပါပဲ။ အသုဘချတဲ့နေ့မှာ သေသူရဲ့လိပ်ပြာကို အိမ်ကိုခေါ်လာရတဲ့ အလေ့တစ်ခု ကိုလုပ်ကြတယ်။ လိပ်ပြာခေါ်လာတဲ့သူက...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၉)

အိမ်ထောင်ပြုခြင်းနှင့် နေ့နံရွေးခြင်း ---------------------- သီတင်းဝါလ ကျွတ်ကြတော့မယ်ဆိုတော့ “ဝါတွင်းကာလ အိမ်ထောင်မပြုရ”ဆိုတဲ့ ဘုရားဟော မဟုတ်တဲ့ ရှေးရိုးစွဲ အစဉ်အလာတွေကို ထိန်းသိမ်းရင်း ဝါကျွတ်ရင် အိမ်ထောင်ပြုကြဖို့ စီစဉ်ထားကြတဲ့ သူတွေဟာ သူ့ထက်ငါ ရက်ကောင်းရက်မြတ်ရွေး၊ နေ့နံရွေး၊ အိမ်ထောင်ဖက်ရွေး စသဖြင့် ပြုလုပ်နေကြတော့တာ ဖြစ်ပါတယ်။...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၈)

 ဗုဒ္ဓဘာသာနဲ့ စုံမပြဿနာ  တစ်လောက အွန်လိုင်းစာမျက်နှာ တစ်ခုပေါ်မှာ တက်လာတဲ့ ဘုရားစင်နဲ့ ဘုရားပုံလေးကိုကြည့်ပြီး အောက်မှာရေးထားတဲ့ မှတ်ချက်လေးတစ်ခုကို သတိပြုမိလိုက်ပါတယ်။ စာဖတ်သူ တစ်ဦးက ပုံတင်သူကို ဘုရားစင်မှာ ဘုရားပန်းအိုးက နှစ်အိုးတည်းပါလားလို့ မှတ်ချက်ပြုထားတာကို ပုံပိုင်ရှင်က နှစ်အိုးမဟုတ်ပါဘူး၊ သုံးအိုးပါ မမြင်ရလို့ပါဆိုပြီး...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၇)

96 800x600 Normal 0 false false false EN-US JA X-NONE ...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၆)

လူပုဂ္ဂိုလ်များနဲ့ ပဋ္ဌာန်းဒေသနာတော် တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာ ပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၅)

 ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ တစ်ချို့ဒေသက တရားပွဲ ဦးဆောင်ဒကာဒကာမတွေက သူတို့ကြုံတွေ့ဖူးတဲ့ ဒကာဒကာမ တစ်ချို့အကြောင်းကို လျှောက်ထားကြပါတယ်။ သူတို့က “အရှင်ဘုရား တပည့်တော်တို့အရပ်မှာ တစ်ချို့က တပည့်တော်တို့ တရားပွဲသွားဖိတ်တဲ့အခါ တို့က ဘယ်ဆရာတော် တရားမှ နာလို့ရတာ၊ ဘယ်ဆရာတော်တရားဆို နာလို့မရဘူး၊...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၄)

ဝါတွင်းကာလနဲ့ အိမ်ပြောင်းအိမ်ရွေ့ဒကာတစ်ယောက်က “အရှင်ဘုရား ဝါဆိုချိန်နီးလာပြီဆိုတော့ မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရစတဲ့ အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကို တွေ့ရပါတယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရား” စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။ ဟုတ်ပါတယ်။...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၃)...

ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၂)...

မောင်ရင်လောင်းနဲ့ နတ်ပြခြင်းဘုန်းဘုန်းတို့ မြန်မာပြည်မှာ နွေရာသီ ကျောင်းပိတ်ရက် ရောက်လာပြီဆိုရင် မြို့လည်းမြို့အလျောက် တောလည်းတောအလျောက် ရှင်လောင်းလှည့်ပွဲတွေနဲ့ စည်ကားနေလေ့ရှိပါတယ်။ ကားနဲ့တစ်မျိုး၊ ဆင်တွေမြင်းတွေနဲ့တစ်ဖုံ၊ လှည်းနဲ့တစ်လှည့်၊ လူနဲ့တစ်ထမ်း စီတန်းကာ လှည့်လည်လေ့ရှိကြတဲ့ ရှင်လောင်းလှည့်ပွဲမှာ ဘုရားကျောင်းကန်အနားသွားပြီး ဘုရားကိုပတ်လို့ နတ်စဉ်ရှာကာ မောင်ရင်လောင်းကို နတ်ပြကြတဲ့ အလုပ်ကလည်း အဟုတ်ကိုဖြစ်ပြီး အရှုတ်တွေနဲ့...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၁)...

အသေထွက် အရှင်ထွက်နဲ့ ဗုဒ္ဓဘာသာမြန်မာဗုဒ္ဓဘာသာများကြားမှာ အသေထွက်၊ အရှင်ထွက်ကိစ္စက တော်တော်ကို အပြောများပြီး အယုံအကြည်လည်း များနေတာကို တွေ့ရတတ်ပါတယ်။ တစ်ခါတလေ မြန်မာပြည်အနှံ့ ဟိုဟိုဒီဒီ ကြွတဲ့အခါ ကားဂိတ်ရထားဂိတ်တွေမှာ ဘုရားပုံ၊ ဘုန်းကြီးပုံ၊ ဘိုးတော်ဘွားတော်ပုံတွေ လိုက်ရောင်းတဲ့ ဈေးသည်များရဲ့ “ဒီဆရာတော်က နှစ်ဘယ်နှစ်ထောင် ရှိပြီ၊ ဒီပုံက ဟိုအရှင်ထွက် ဆရာတော်ကြီးရဲ့ပုံ၊ ဒီဆရာတော်ကြီးက ဘယ်လိုထွက်ရပ်ပေါက်တာ၊ ဒီပုံကို ပူဇော်ရင် ဘာဖြစ်မယ်၊...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ