မနာပဒါယီ ပညာသင်ဆု ရွေးချယ်ချီးမြင့်ခြင်း


မနာပဒါယီ ပညာသင်ဆု ရွေးချယ်ချီးမြင့်ခြင်း
မနာပဒါယီ ဆရာတော် အရှင်ဝိစိတ္တ (ဒိုက်ဦး) တည်ထောင်တော်မူသော မနာပဒါယီ ဖောင်ဒေးရှင်းမှ အောက်ဖော်ပြပါ ကျောင်းသားများအား ၂၀၁၃ခုနှစ် ပညာသင်နှစ်မှ စတင်ကာ ကျောင်းပြီးသည်အထိ လစဉ်ပညာသင်ဆုများ ထောက်ပံ့ချီးမြင့်သွားမည် ဖြစ်သည်။

၁။ မစန္ဒာဦး (ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း)
(သုံးဘာသာ ဂုဏ်ထူး၊ ဝိဇ္ဇာတွဲ တစ်နိုင်ငံလုံး တတိယဆုရ)
တောင်ယာပြင်ရွာ၊ ဂန့်ဂေါမြို့နယ်၊ မကွေးတိုင်းဒေသကြီး
၂။ မအိအိဖြိုး (နည်းပညာတက္ကသိုလ်၊ ပြင်ဦးလွင်)
(သိပ္ဗံတွဲ၊ ငါးဘာသာဂုဏ်ထူးရှင်)
တမဆေးကန်ရွာ၊ မြောင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
၃။ မနှင်းနုနုလှိုင်(ဆေးတက္ကသိုလ်၊ မန္တလေး)
(သိပ္ဗံတွဲ၊ ငါးဘာသာဂုဏ်ထူးရှင်)
ဒဟတ္တန်းရွာ၊ မိတ္ထီလာ

ဤပညာသင်ဆုသည် ဆရာတော်၏ တစ်သီးပုဂ္ဂလ ပညာသင်ဆု ဖြစ်သဖြင့် ဆရာတော်၏ ရည်ရွယ်ချက်အတိုင်း ပညာရေးအားကောင်းပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများကိုသာ ပေးအပ်သွားမည်ဖြစ်ကာ ပညာသင်ကြားရေးတွင် အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ ဖြစ်စေရန်  ကျောင်းသားများအား လစဉ် ကျောင်းတက်နေချိန် ကာလအတွင်း တစ်ဦးလျှင် မြန်မာကျပ်ငွေ ၅၀၀၀၀ (ငါးသောင်း)နှုန်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ယခု ပညာသင်ဆုကို ပေးအပ်ခြင်းသည် လောကတ္ထစရိယ (လောကကို စောင့်ရှောက်ခြင်း)၊ ဥာတတ္ထစရိယ (တိုင်းပြည်နှင့် လူမျိုးကို စောင့်ရှောက်ခြင်း) ဟူသည့် စရိယနှင့်အညီ လောကနှင့်အမျိုးကို စောင့်ရှောက်ခြင်း သဘောမျိုး ဖြစ်သဖြင့် ပညာသင်ဆု အရွေးချယ်ခံ ကျောင်းသားများအနေဖြင့်လည်း မိမိအကျိုး၊ လောကအကျိုး၊ တိုင်းပြည်နှင့် လူမျိုးအကျိုး၊ ဘာသာသာသနာ အကျိုးများကို စွမ်းနိုင်သမျှ ထမ်းဆောင်နိုင်ရန် ကြိုးစားအားထုတ်ကြရမည် ဖြစ်သည်။

ပညာသင်ဆု အရွေးချယ်ခံ ကျောင်းသားများသည် ပညာရေး ကျရှုံးခဲ့လျှင်သော်လည်းကောင်း၊ မိမိအကျိုး၊ အများအကျိုး၊ ထိခိုက်စေမည့် အပြစ်တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင်သော်လည်းကောင်း ဤပညာသင်ဆုအား ပြန်လည်ရုပ်သိမ်းမည် ဖြစ်သည်။
  

နာယကဆရာတော်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
မနာပဒါယီ ဖောင်ဒေးရှင်း



Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ