Showing posts with label ဟိုဟိုဒီဒီသတင်းများ. Show all posts
Showing posts with label ဟိုဟိုဒီဒီသတင်းများ. Show all posts

ဆရာတော် မြန်မာပြည်တွင် ရှိနေမည်


တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းနှင့်၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံကျောင်းတို့၏ ပဓာန နာယကဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)သည် မြန်မာပြည်တွင် တရားပွဲများ၊ ဟောပြောပွဲများ၊ ပညာဒါနလုပ်ငန်းများနှင့် အခြားပရဟိတကိစ္စများ ရှိနေပါသဖြင့် (6-11-2013)ရက်နေ့မှစ၍ မြန်မာပြည်သို့ ပြန်လည်ကြွရောက်ကာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်တော်မူမည်ဖြစ်ပြီး လက်ထောက်ကျောင်းထိုင်ဆရာတော် အရှင်ဝေဠုရိယသည် (13-11-2013)ရက်နေ့တွင် ကိုရီးယားနိုင်ငံသို့ ကြွရောက်တော်မူလာမည် ဖြစ်ပါသည်။ 

ဆရာတော် မရှိသည့်အခိုက်တွင် အရှင်ဝေဠုရိယမှ  ကျောင်းအကျိုးဆောင်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ကာ အစစအရာရာ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ ဒယ်ဂူးမြို့ စိတ္တသုခကျောင်းနှင့် စပ်လျဉ်းသည့် သာရေး၊ နာရေး၊ လူမှုရေးနှင့် ရွှေမြန်မာများ၏ လိုအပ်သည့် အရေးများကို ဆရာတော်ကိုယ်စား လက်ထောက်ဆရာတော်နှင့် ကျောင်းအကျိုးဆောင်အဖွဲ့မှ စွမ်းနိုင်သမျှ စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသဖြင့် ကိုရီးယားရောက် ရွှေမြန်မာများအနေဖြင့် မိမိတို့၏ ကိစ္စအဝဝကို ကျောင်းအကျိုးဆောင်အဖွဲ့နှင့် ဆက်သွယ်ကာ အကောင်အထည်ဖော် ကုသိုလ်တော် ယူနိုင်မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးဖိတ်ခေါ် အပ်ပါသည်။



လေးစားစွာဖြင့်
အရှင်ဝေဠုရိယ (လက်ထောက်ကျောင်းထိုင်ဆရာတော်) နှင့်

ကျောင်းအကျိုးဆောင်အဖွဲ့

Read more »

သမဂ္ဂါနံ တပေါ သုခေါ (ညီညွတ်သူများ၏ အကျင့်သည် ချမ်းသာ၏)



မှော်ဘီ သံဃာ့အစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ မထေရ်ကြီးများ၏ ဦးဆောင်မှု၊ ပညာရှင်များ၏ လမ်းညွန်မှု၊ ထင်ပေါ်ကျော်ကြား ထေရ်ရှင်များ၏ ပံ့ပိုးမှု၊ နေရာဒေသ အသီးသီးရှိ ကျောင်းထိုင်ဆရာတော်များ၏ ပူးပေါင်းမှုတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည့် ထိုအစည်းအဝေးသို့ စာရေးသူလည်း  ပင့်ဖိတ်စာနှင့်အတူ ကျန်သည့်အရေးများ ဘေးဖယ်ထားက လက်ရှိဖြစ်ပျက်နေသည့် ပြဿနာများအတွက် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ခွင့် ရခဲ့ပါသည်။ 

ငြိမ်းချမ်းရေးအတွက် ကဏ္ဍပေါင်းများစွာဖြင့် စုပေါင်းအဖြေရှာခဲ့ကြသည့် ဆွေးနွေးပွဲတွင် စာရေးသူတို့သည် “နိုင်ငံသား အားလုံးငြိမ်းချမ်းစွာ အတူနေထိုင်ရေး”ဟူသည့် ခေါင်းစဉ်အောက်တွင် အကြိတ်အနယ် ဆွေးနွေးဖြစ်ခဲ့၊ အချင်းချင်း အမြင်များ ဖလှယ်ဖြစ်ခဲ့ပြီး ပြဿနာ အရပ်ရပ်ကို ကြွရောက်လာသော သံဃာတော် အရှင်မြတ်များက ဗုဒ္ဓနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တညီတစ်ညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ 

မြန်မာနိုင်ငံ၏ လက်ရှိပြုပြင် ပြောင်းလဲမှုများတွင် အဟန့်အတား ဖြစ်စေမည့် ပဋိပက္ခများကို သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓအလိုကျ ငြိမ်းချမ်းမှုရအောင် ကြိုးစားနေကြသည်။ နိုင်ငံတကာ သတင်းစာမျက်နှာများတွင် မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များအပေါ် အမှားသတင်းများဖြင့် အပြစ်မြင်နေကြသည့် အချက်များကို သံဃာဥသျှောင်မထေရ်ကြီးများက အလွန်စိတ်မကောင်းစွာ ခံစားနေရသည်ကို အစည်းအဝေးတွင် ကြွရောက် သြဝါဒ ပေးခဲ့ကြသည့် မထေရ်ကြီးများ၏ သြဝါဒများတွင် အထူးထည့်သွင်း မိန့်ကြားတော်မူခဲ့ကြသည်။ 

ထိုသြဝါဒများတွင် ဆရာတော်ကြီးများက မီဒီယာများအား သတင်းမှန်ဖို့၊ သတင်းမချန်ဖို့နှင့် ဘက်လိုက်မှုကင်းဖို့ ထပ်ခါထပ်ခါ မိန့်ကြားတော်မူသွားခဲ့သည်။ အထူးသဖြင့် ပြဿနာ အစကို ထိန်ချန်ပြီး အကျိုးသက်ရောက်မှုရဲ့ ပုံရိပ်တွေကိုသာ တဖက်သတ် ဖော်ပြနေသည့် နိုင်ငံတကာ သတင်းမီဒီယာများ၏ ဘက်လိုက်နေမှုများကို ဆရာတော်ကြီးများက ထောက်ပြတော်မူခဲ့ကြသည်။ ထိုသတင်းများကို အမှန်ဖြစ်ဖို့ ပြဿနာ အရင်းခံကို ဖြေရှင်းကြဖို့လည်း တိုက်တွန်းတော် မူသွားခဲ့ပါသည်။ 

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလ အရှင်မြတ်ကိုယ်တိုင်က ထိုပြဿနာများကို ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တစ်ခု ဖွဲ့စည်း၍ သတင်းမှန်ကို ထိုအဖွဲ့က မြန်မာပြည် သံဃာတော်များ၏ အသံ၊ ဗုဒ္ဓဘာသာများ၏ အသံတစ်ထပ်တည်း ဖြစ်စေရန် အကြံပြုတော်မူသွားခဲ့သည်။ တစ်ယောက်တစ်မျိုး ပြောနေခြင်းကပင် စကားအရာ မညီညွတ်မှုကို ဖြစ်စေကာ အကွဲကွဲအပြဲပြဲ ဖြစ်တတ်သဖြင့် အားလုံးကို ကိုယ်စားပြုပေးနိုင်မည့်၊ အသံတစ်သံတည်း ထွက်စေနိုင်မည့် အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တစ်ခု ပေါ်ပေါက်စေရန်အထိ အကြံပြုတော်မူသွားခဲ့သည်။

သံဃာ့အစည်းအဝေးသို့ ကြွရောက်တော်မူကာ အကြံပြုစကားများ မိန့်ကြားတော်မူသွားခဲ့ကြသည့် သံဃာ့ဥသျှောင် မထေရ်ကြီးများ၏ ရင်တွင်းစကားများကို ကြည့်လျှင် မြန်မာသံဃာထုတစ်ရပ်လုံးနှင့် မြန်မာပြည်သူများက ငြိမ်းချမ်းရေးကို မည်မျှလိုလားကြသည်ကို တွေ့ရှိနိုင်ကြမည် ဖြစ်သည်။ မြန်မာပြည်တွင်နေ၍ မြန်မာပြည်အပေါ် မချစ်ဘဲ မြန်မာပြည်ကို ဒုက္ခပေးမည့် အနည်းစုဟု ခေါ်နေကြသည့် ဧည့်သည်အချို့သည် အားနည်သည်ဟု ဆိုကာ လူ့အခွင့်အရေး စကားလုံးများဖြင့် မည်မျှပင် အသုံးပြုကာ ပြဿနာ အရပ်ရပ်ကို ပြောင်းပြန်ဖြစ်အောင် မျှသို့ပင် ပြုလုပ်နေပါသော်လည်း စာရေးသူတို့ သံဃာထု တစ်ရပ်လုံးက မိအေးနှစ်ခါနာ ဖြစ်နေပေမယ့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ဖြစ်နေသဖြင့် မည်သူကအမျိုးဘာသာကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ စာရေးသူတို့က ချစ်ကြရမည်သာ ဖြစ်ပါ၏။ မည်သူက မည်သို့ပင် စာရေးသူတို့ သံဃာ့အဖွဲ့အစည်းအား သိက္ခာချနေပါစေ စာရေးသူတို့သည် စာရေးသူတို့၏ အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံအရေး ဖြစ်နေသဖြင့် နှစ်ခါသုံးခါ နာနေသော်လည်း ခွင့်လွတ်သီးခံမှုဖြင့် အားလုံးကို ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး ကြိုးစားပေးနေမည်သာ ဖြစ်ပါ၏။ 

တဖက်ကလည်း စာရေးသူတို့ ဗုဒ္ဓဘာသာ ခေါင်းဆောင်များက မိမိတို့ သံဃာ့အဖွဲ့အစည်းနှင့် ဘာသာဝင်များကို ဗုဒ္ဓနည်းအရ ငြိမ်းချမ်းရေးကို ဦးတည်ကြဖို့ ဟောပြောကြသလို အခြားအခြား ဘာသာခေါင်းဆောင်များကလည်း မိမိတို့၏ ဘာသာဝင်များကို နူးညံ့သိမ်မွေ့စေမည့် အဆုံးအမများဖြင့် အသိပညာပေး ဟောပြောပေးသင့်ပေသည်။ အများစုဖြစ်သည့် စာရေးသူတို့ ဗုဒ္ဓဘာသာက ငြိမ်းချမ်းရေးအတွက် လက်ကမ်းနေပေမယ့် တဖက်က လက်ကိုပုတ်ချကာ၊ အကြမ်းဖတ်ရေး၊ စိတ်ကြမ်းဝင်ရေး၊ တိုက်ရေးခိုက်ရေးများကိုသာ ဟောပြောနေပါက မည်သို့မျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြမည် မဟုတ်ပေ။ အားလုံးက ငြိမ်းချမ်းရေးအတွက် နူးညံ့စွာ ပူးပေါင်းပါဝင်နိုင်ပါမှ အများမျှော်လင့်ထားသည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး အကောင်အထည် ပေါ်နိုင်မည် ဖြစ်သည်။

ဆိုလိုသည်မှာ ပြဿနာမျိုးစုံဖြင့် အလုပ်ရှုတ်နေသည့် ကြားမှပင် စာရေးသူတို့ သံဃာတော်များ၏ ညီညီညွတ်ညွတ် ကျင်းပပြုလုပ်ခဲ့ကြသည့် သံဃာအစည်းအဝေးကြီးသည် အရေးကြီးလျှင် သွေးစည်းသည်ဟူသည့် စကားအတိုင်း သွေးစည်းမှု၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့ကြောင်း၊ ပရိယတ်လိုင်း(line)၊ ပဋိပတ်လိုင်း၊ ပရဟိတလိုင်း၊ ဓမ္မကထိကလိုင်းစသည်ဖြင့် သူ့လိုင်းနှင့်သူ အောင်မြင်နေကြသည့် သံဃာတော် အသီးသီးသည် အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံအရေးအတွက်ဆိုလျှင် လိုင်းပေါင်းစုံသည် တစ်လိုင်းတည်ဖြစ်ကာ အလွန်ညီညွတ်ပြီး သွေးစည်းသွားသည်ကို ဤအစည်းအဝေးကြီးက သတ်သေပြုခဲ့ပြီ ဖြစ်ပါကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါသည်။ 

ထို့ကြောင့် ညီညွတ်သည့် အဖွဲ့သည် ချမ်းသာ၏ဟု ဘုရားရှင်ဟောတော်မူသည့် အတိုင်း ယခုလို အသွင်ပြောင်းကာလတွင် တိုင်းပြည်၏ အနာဂတ်နှင့် အမျိုးဘာသာ သာသနာ၏ အနာဂတ် ကောင်းမွန်တိုးတက်ကြစေရန် မည်သူကမည်မျှပင် တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာကို အပုတ်ချ တိုက်ခတ်နေကြသည် ဖြစ်ပါစေ စာရေးသူတို့ ဗုဒ္ဓဘာသာ ဆရာဒကာများသည်ကား စာရေးသူတို့၏ နိုင်ငံ့အရေး၊ အမျိုးဘာသာ အရေးများဖြစ်နေပါသဖြင့် အရေးကြီးနေသည့် ယခုအချိန်တွင် ကိုယ့်အချင်းချင်း၊ ကိုယ့်ဘာသာတူအချင်းချင်း၊ ကိုယ့်နိုင်ငံသား အချင်းချင်း အပြစ်ပုံချကာ အပြစ်ဖို့နေကြမည့် အစား ဆရာဒကာ ညီညွတ်စွာဖြင့် ဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ဟုသာ တိုက်တွန်းသမှု ပြုလိုက်ပါသည်။ 

Read more »

မြန်မာပြည်တွင်း ဓမ္မခရီးစဉ်အချို့


မနာပဒါယီ ဖောင်ဒေးရှင်း အကျိုးတော်ဆောင် ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)၏ မြန်မာပြည်တွင်း ဟောပြီး ဟောစဲ၊ ဟောရဦးမည့် ဓမ္မခရီးစဉ် အချို့
-------------------------------------
၁။ (၄-၁၂-၂၀၁၂) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ (၉ )ရပ်ကွက် (ဖအောင်ဝဲ) ဓမ္မသဘင်
၂။ (၇-၁၂-၂၀၁၂) ရန်ကုန်၊ လှိုင် (၁၆)ရပ်ကွက်၊ မာလာမြိုင် ၁၃၊ ၁၄ ဓမ္မသဘင်
၃။ (၁၃-၁၂-၂၀၁၂) တောင်တွင်းကြီး၊ စိတ္တသုခ နာရေးကူညီမှုအသင်း အထူးဓမ္မသဘင်
၎။ (၁၆-၁၂-၂၀၁၂) မြောက်ဥက္ကလာ၊ ဝဇီရာ၊ သောကြာဆွမ်းလောင်းအသင်း ဆွမ်းသိမ်းအောင်ပွဲ ဓမ္မသဘင်
၅။ (၂၀-၁၂-၂၀၁၂) မန္တလေး၊ ဒေါနခြံ၊ အမှတ် (၁၀) ရဲစခန်းမိသားစု အထူးဓမ္မသဘင်
၆။ (၂၂-၁၂-၂၀၁၂) မြောက်ဥက္ကလာ၊ မယ်လမု ဘုရားဝင်း၊ မြို့နယ်လုံးဆိုင်ရာ စာပြန်ပွဲ ဓမ္မသဘင်
၇။ (၂၃-၁၂-၂၀၁၂) ကျိုက်မရောမြို့၊ နာရေးကူညီမှုအသင်း အထူးဓမ္မသဘင်
၈။ (၂၄-၁၂-၂၀၁၂) မုဒုံမြို့၊ ရွှေဟင်္သာဈေး၊ မြို့နယ်သာသနာ့ဗိမ္မာန် အထူးဓမ္မသဘင်
၉။ ((၂၆-၁၂-၂၀၁၂) လှိုင် (၁၆)ရပ်ကွက်၊ မာလာမြိုင် (၇)လမ်း၊ ဓမ္မသဘင်
၁၀။ (၂၉-၁၂-၂၀၁၂) ရွှေပေါက်ကံမြို့၊ (၁၄)ရပ်ကွက်၊ လူငယ်ဓမ္မသဘင်
၁၁။ (၃၀-၁၂-၂၀၁၂) မော်လမြိုင်မြို့၊ နန္ဒာရာမ မိုးကုတ်ရိပ်သာ (၂၅)ပြည့် အထူးဓမ္မသဘင်
၁၂၊ (၃၁-၁၂-၂၀၁၂) ဒိုက်ဦးမြို့နယ်၊ အုတ်ဝင်းကျေးရွာ မွေးရပ်မြေ ကျေးဇူးဆပ်၊ နှစ်သစ်အကြို အထူးဓမ္မသဘင်
၁၃။ (၅-၁-၂၀၁၃) မော်လမြိုင်မြို့၊ ဓမ္မောဇ အထူးတရားပွဲ (ပထမနေ့)
၁၄။ (၆-၁-၂၀၁၃) မော်လမြိုင် ဓမ္မောဇ (ဒုတိယနေ့)
၁၅။ (၁၀-၁-၂၀၁၃) ဟိုင်းကြီးကျွန်း၊ ကျောက်ချောင်းအထူးတရားပွဲ (ပထမနေ့)
၁၆။ (၁၁-၁-၂၀၁၃) ဟိုင်းကြီးကျွန်း၊ ကျောက်ချောင်း (ဒုတိယနေ့)
၁၇။ (၁၉-၁-၂၀၁၃) လက်ပန်တန်းမြို့၊ နာရေးကူညီမှုအသင်း အထူးတရားပွဲ
၁၈။ (၂၁-၁-၂၀၁၃) အုတ်ဖိုမြို့နယ်၊ ညောင်ဝိုင်းရွာမ ဓမ္မသဘင်
၁၉။ (၂၃-၁-၂၀၁၃) မအူပင်၊ ကျွဲဒုံး အထူးတရားပွဲ
၂၀။ (၂၅-၁-၂၀၁၃) ငါးသိုင်းချောင်း၊ လူငယ်ပရဟိတ အဖွဲ့များ၏ ဓမ္မသဘင်
၂၁။ (၂၆-၁-၂၀၁၃) မြောက်ဥက္ကလာ၊ အောင်မင်္ဂလာ အဝေးပြေးဝင်း ဓမ္မသဘင်
၂၂။ (၂၇-၁-၂၀၁၃) သာယာဝတီမြို့၊ သမ္မာဆန္ဒဆွမ်းလောင်းအသင်း ဓမ္မသဘင်
၂၃။ (၂၈-၁-၂၀၁၃) ရွှေပေါက်ကံ၊ (၁၄)ရပ်ကွက်၊ ဆုတောင်းပြည့်စေတီ ဘုရားပွဲ တရားသဘင်
၂၄။ (၃၀-၁-၂၀၁၃) ထန်းတစ်ပင်မြို့နယ်၊ လှည်းဆိပ် မင်းကွန်းဆန်အလှူတော် ဓမ္မသဘင်
၂၅။ (၃၁-၁-၂၀၁၃) ဒိုက်ဦးမြို့၊ မြို့မဈေးအဖွဲ့ တရားသဘင်
၂၆။ (၁-၂-၂၀၁၃) လှိုင် ၁၆ရပ်ကွက်၊ မာလာမြိုင် (၄)လမ်း အထူးဓမ္မသဘင်
၂၇။ (၂-၂-၂၀၁၃) တောင်စွန်းဓမ္မဒူတဆရာတော်ကြီး၏ မွေးရပ်မြေ ကျေးဇူးဆပ် အထူးဓမ္မသဘင်
၂၈။ (၄-၂-၂၀၁၃) ဒလမြို့၊ သုနန္ဒာရာမ စာသင်တိုက် ဓမ္မသဘင်
၂၉။ (၅-၂-၂၀၁၃) မန္တလေးမြို့၊ ပြည်ကြီးမျက်ရှင် ကားကြီးဝင်း ဓမ္မသဘင်
၃၀။ (၆-၂-၂၀၁၃) မွန်ပြည်နယ်၊ ပေါင်မြို့ သိပေးပွားအဖွဲ့၏ အထူးဓမ္မသဘင်
***(၇-၂-၂၀၁၃ ~ ၁၈-၂-၂၀၁၃) ကိုရီးယားခေတ္တပြန်၍ ကိုရီးယားနှစ်သက်ကူးပိတ်ရက် ဓမ္မဒူတ ခရီးဆက်ရန်။
၃၁။ (၂၀-၂-၂၀၁၃) တိုက်ကြီးမြို့၊ ပရိယတ္တိစာပြန်ပွဲ ဓမ္မသဘင်
၃၂။ (၂၁-၂-၂၀၁၃) မကွေးမြို့၊ ပညာစက္ကာရာမကျောင်း တရားသဘင်
၃၃။ (၂၃-၂-၂၀၁၃) လှိုင် (၁၁)ရပ်ကွက်၊ ဓမ္မသဘင်
၃၄။ (၂၄-၂-၂၀၁၃) မြောက်ဥက္ကလာ (၁)ရပ်ကွက် အထူးဓမ္မသဘင်
၃၅။ (၂၆-၂-၂၀၁၃) ကျိုက္ခမီမြို့ စုပေါင်းတရားပွဲ (ပထမနေ့)
၃၆။ (၂၇-၂-၂၀၁၃) ကျိုက္ခမီ ဓမ္မသဘင် (ဒုတိယနေ့)
၃၇။ (၂၈-၂-၂၀၁၃) မုတ္တမြို့၊ နတ်ကြီးချောင် တရားသဘင်
၃၈။ (၅-၃-၂၀၁၃) ဒလမြို့၊ ကျန်စစ်သားရပ်ကွက် ဓမ္မသဘင်
၃၉။ (၁၈-၃-၂၀၁၃) ဘီးလင်းမြို့နယ်၊ ကျိုက္ကော်၊ မရမ်းကုန်းဓမ္မသဘင်
၄၀။ (၂၀-၃-၂၀၁၃) မန္တလေးမြို့၊ ဈေးချို့အဖွဲ့ ဓမ္မသဘင်
၄၁။ (၂၄-၃-၂၀၁၃) စမ်းချောင်း တရားသဘင်
၄၂။ (၂၆-၃-၂၀၁၃) သင်္ကန်းကျွန်း၊ စံပြဈေးဓမ္မသဘင်
၄၃။ (၂၇-၃-၂၀၁၃) ဒိုက်ဦးမြို့၊ ဘုတရာကျေးရွာ ဓမ္မသဘင်
၄၄။ (၂၈-၃-၂၀၁၃) ထောက်ကြန့်မြို့နယ်၊ လှော်ကားဥယျာဉ် တရားသဘင်
၄၅။ (၂၉-၃-၂၀၁၃) မြောက်ဥက္ကလာ၊ (ဆ)ရပ်ကွက်၊ ဓမ္မသဘင်
၄၆။ (၃၀-၃-၂၀၁၃) မအူပင်မြို့နယ်၊ သစ်ဆိမ့်စံပြကျေးရွာ အလှူအကြို ဓမ္မသဘင်
၄၇။ (၇-၄-၂၀၁၃) ဝေါမြို့၊ အဗျားဗိုလ်တဲ၊ ပရဟိတကျောင်း ဓမ္မသဘင်

မှတ်ချက်။  (၃)လပိုင်း ဆယ်တန်းစာမေးပွဲရက်များအတွင်း တရားပွဲများ နားထားပြီး (၄)လပိုင်း၏ တရားပွဲအချို့အား ပြန်လည်အတည်ပြုရန်နှင့် ဆရာတော် ကိုရီးယားပြန်ကြွမည့် ရက်နှင့်ညှိနှိုင်းကာ ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။ 

Read more »

မနာပဒါယီ စာစဉ် (၃)နှင့် (၄) ထွက်ရှိ




ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး) ရေးသားခဲ့သည့်နည်းနည်းလေးတော့ လွဲနေတယ် အတွဲ ()” စာအုပ်နှင့်စိတ်ဓာတ်ခွန်အား ဖြည့်စကား အတွဲ ()” စာအုပ်များကို မနာပဒါယီ ဖောင်ဒေးရှင်း၏ ကုန်ကျစရိတ် လှူဒါန်းမှုဖြင့် လာဘ်မိုးဆွေ စာပေနှင့် ရာပြည့်စာပေ တို့မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ 

မနာပဒါယီ စာစဉ်များဖြင့် ထုတ်ဝေလာသည့် ဆရာတော်၏ စာအုပ်များမှ ယခုနည်းနည်းလေးတော့ လွဲနေတယ် အတွဲ()” ကို စာစဉ် () အဖြစ်လည်းကောင်း၊စိတ်ဓာတ်ခွန်အား ဖြည့်စကား အတွဲ ()”ကို စာစဉ် ()အဖြစ်လည်းကောင်း အစဉ်အတိုင်း ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄တွင် စာစဉ် ()နှင့် ()ကို ထုတ်ဝေရန် စီစဉ်ထားပါသည်။ 

နည်းနည်းလေးတော့ လွဲနေတယ် အတွဲ()” တင်ပြထားသည့် စာစုများသည် မနာပဒါယီ ဆရာတော်မှ မနာပဒါယီ (http://www.venvicitta.com/) အင်တာနက် စာမျက်နှာတွင် အလျဉ်းသင့်သလို ရေးသားတင်ပြထားသည့် စာစုများဖြစ်ပြီး ဗုဒ္ဓဘာသာများကြား အမှတ်မှားကာ လုပ်ဆောင်နေကြသည့် ဘာသာရေးဆိုင်ရာ အလွဲလေးများကို အမှန်ညွန်ပြပေးထားခြင်း ဖြစ်သည်။ နောင်လည်း ဆက်လက်၍ တင်ပြပေးရန် ရည်ရွယ်၍ အတွဲများဖြင့် ထုတ်ဝေဖြစ်ခဲ့ခြင်း ဖြစ်သည်။ 

စိတ်ဓာတ်ခွန်အား ဖြည့်စကား အတွဲ ()”သည်လည်း ဆရာတော်၏ အင်တာနက်စာမျက်နှာ (http://www.venvicitta.com/) နှင့် င့် Facebook (http://www.facebook.com/ashinvicitta) စာမျက်နှာတို့တွင် ရေးသားတင်ပြခဲ့သည့် မှတ်သားဖွယ်ရာ စကားစုများ၊ ခွန်အားဖြည့် စာစုများ စသည်တို့ကို စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်း၊ စာစုတစ်စုမျှဖြင့် လောကဓံ အတက်အကျကြောင့် စိတ်ဓာတ်များ ကျနေကြသည့် သူများကို တစ်ထောင့်တစ်နေရာမှ စိတ်ဓာတ်ခွန်အားများ ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ 

ဆရာတော်၏ စာအုပ်များအား ဝယ်ယူဖတ်ရှုလိုသူများ၊ ဓမ္မဒါန ပြုလိုသူများ၊ စာကြည့်တိုက်များနှင့် အသင်းအဖွဲ့များတွင် ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါ ပင်းရင်းဌာနများတွင် ဆက်သွယ်မှာယူနိုင်ပါသည်။ စာကြည့်တိုက်များ၊ အသင်းအဖွဲ့များအတွက် မနာပဒါယီ ဖောင်ဒေးရှင်းမှ လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

ဖြန့်ချိရေး (ပင်ရင်း)
မနာပဒါယီ ဖောင်ဒေးရှင်း
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ ဖုန်း - ၃၈၃၇၉၆
---------
အမှတ် (၁၈၁) လမ်း (၅၀)အထက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ ဖုန်း - ၂၉ ၀၁၈၃

Read more »

မနာပဒါယီ ပညာသင်ဆု ရွေးချယ်ချီးမြင့်ခြင်း


မနာပဒါယီ ပညာသင်ဆု ရွေးချယ်ချီးမြင့်ခြင်း
မနာပဒါယီ ဆရာတော် အရှင်ဝိစိတ္တ (ဒိုက်ဦး) တည်ထောင်တော်မူသော မနာပဒါယီ ဖောင်ဒေးရှင်းမှ အောက်ဖော်ပြပါ ကျောင်းသားများအား ၂၀၁၃ခုနှစ် ပညာသင်နှစ်မှ စတင်ကာ ကျောင်းပြီးသည်အထိ လစဉ်ပညာသင်ဆုများ ထောက်ပံ့ချီးမြင့်သွားမည် ဖြစ်သည်။

၁။ မစန္ဒာဦး (ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း)
(သုံးဘာသာ ဂုဏ်ထူး၊ ဝိဇ္ဇာတွဲ တစ်နိုင်ငံလုံး တတိယဆုရ)
တောင်ယာပြင်ရွာ၊ ဂန့်ဂေါမြို့နယ်၊ မကွေးတိုင်းဒေသကြီး
၂။ မအိအိဖြိုး (နည်းပညာတက္ကသိုလ်၊ ပြင်ဦးလွင်)
(သိပ္ဗံတွဲ၊ ငါးဘာသာဂုဏ်ထူးရှင်)
တမဆေးကန်ရွာ၊ မြောင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
၃။ မနှင်းနုနုလှိုင်(ဆေးတက္ကသိုလ်၊ မန္တလေး)
(သိပ္ဗံတွဲ၊ ငါးဘာသာဂုဏ်ထူးရှင်)
ဒဟတ္တန်းရွာ၊ မိတ္ထီလာ

ဤပညာသင်ဆုသည် ဆရာတော်၏ တစ်သီးပုဂ္ဂလ ပညာသင်ဆု ဖြစ်သဖြင့် ဆရာတော်၏ ရည်ရွယ်ချက်အတိုင်း ပညာရေးအားကောင်းပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများကိုသာ ပေးအပ်သွားမည်ဖြစ်ကာ ပညာသင်ကြားရေးတွင် အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ ဖြစ်စေရန်  ကျောင်းသားများအား လစဉ် ကျောင်းတက်နေချိန် ကာလအတွင်း တစ်ဦးလျှင် မြန်မာကျပ်ငွေ ၅၀၀၀၀ (ငါးသောင်း)နှုန်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ယခု ပညာသင်ဆုကို ပေးအပ်ခြင်းသည် လောကတ္ထစရိယ (လောကကို စောင့်ရှောက်ခြင်း)၊ ဥာတတ္ထစရိယ (တိုင်းပြည်နှင့် လူမျိုးကို စောင့်ရှောက်ခြင်း) ဟူသည့် စရိယနှင့်အညီ လောကနှင့်အမျိုးကို စောင့်ရှောက်ခြင်း သဘောမျိုး ဖြစ်သဖြင့် ပညာသင်ဆု အရွေးချယ်ခံ ကျောင်းသားများအနေဖြင့်လည်း မိမိအကျိုး၊ လောကအကျိုး၊ တိုင်းပြည်နှင့် လူမျိုးအကျိုး၊ ဘာသာသာသနာ အကျိုးများကို စွမ်းနိုင်သမျှ ထမ်းဆောင်နိုင်ရန် ကြိုးစားအားထုတ်ကြရမည် ဖြစ်သည်။

ပညာသင်ဆု အရွေးချယ်ခံ ကျောင်းသားများသည် ပညာရေး ကျရှုံးခဲ့လျှင်သော်လည်းကောင်း၊ မိမိအကျိုး၊ အများအကျိုး၊ ထိခိုက်စေမည့် အပြစ်တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင်သော်လည်းကောင်း ဤပညာသင်ဆုအား ပြန်လည်ရုပ်သိမ်းမည် ဖြစ်သည်။
  

နာယကဆရာတော်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
မနာပဒါယီ ဖောင်ဒေးရှင်း



Read more »

ဆရာတော် မြန်မာပြည်တွင် ရှိနေမည်

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့၊ စိတ္တသု မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ သီရိဇေယျုံ ကျောင်းတို့၏ ပဓာန နာယကဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တသည် (၁၆-၁၁-၂၀၁၂)ရက်၊ သောကြာနေ့မှစ၍ မြန်မာပြည်သို့ ပြန်လည်ကြွရောက်ကာ ပြည်တွင်းသာသနာပြု လုပ်ငန်းများကို ဆောင်ရွတ်တော်မူမည် ဖြစ်ပါသည်။ 

 ဆရာတော် မရှိခိုက် ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ကျောင်းအကျိုး ဆောင်များက တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်ထားကြမည် ဖြစ်သဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ဘာသာရေး၊ သာရေးနာရေး၊ လူမှုရေးကိစ္စများ ဆောင်ရွတ်လိုသူ မြန်မာဒကာဒကာမများ အနေဖြင့် အောက်ဖော်ပြပါ ကျောင်းအကျိုးဆောင် အဖွဲ့ ဦးဆောင်ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာ အတူတကွ ပူပေါင်းပါဝင် ဆောင်ရွတ်နိုင်ကြမည် ဖြစ်ပါသည်။ 
၁။ ကိုမင်းနိုင် (010 2201 8388) 
၂။ ကိုမျိုးညွန့်သိန်း (010 6868 2988) 
၃။ ကိုဘုန်းနိုင် (010 5658 2250) 
၎။ ကိုဝင်းနိုင်ဦး (010 5785 3015) 
၅။ ကိုလင်းထိန်ဝင်း (010 4345 1980) 

ဆရာတော် မြန်မာပြည်တွင် သီတင်းသုံးနေတော်မူစဉ်ကာလ ဆရာတော်ထံ ဆက်သွယ်လိုကြသူများ အနေဖြင့်လည်း အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းများသို့ ကြိုတင်ဆက်သွယ်ကာ တွေ့ဆုံဖူးမျှော်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ 

မနာပဒါယီဆရာတော် အရှင်ဝိစိတ္တ 
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက် 
မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ 
ကျောင်းဖုန်း = ၃၈၃-၇၉၆ 
လက်ကိုင်ဖုန်း = ၀၉၄၃-၁၆၂-၃၁၂
E-mail : manapadayi@gmail.com

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ