
ညီငယ်တစ်ယောက် ဆုံးသွားသည်။ ကံကုန်၍ ဆုံးသွားခြင်း မဟုတ်။ သူ့လုပ်ရပ် မကောင်း၍ ဆုံးသွားခြင်း ဖြစ်၏။ အရက်ကို အလွန်အကျွံသောက်ရာက အသည်းကျွမ်းပြီး ဘဝတစ်ခု ပြောင်းသွားခြင်းဖြစ်၏။ သူဆုံးတော့ မယ်တော်ကြီနဲ့ ခမည်းတော်ကြီးက မိဘဖြစ်တဲ့အတွက် သားဆိုးသမီးဆိုး ဖြစ်ပေမယ့်လည်း မခံစားနိုင်တဲ့ သဘောရှိ၏။ မိဘနှစ်ပါးကို အားပေးစကား ပြောရ၏။ သဘာဝကျကျ ဓမ္မပြရ၏။...