မြန်မာပြည်တွင်း ဓမ္မခရီးစဉ်အချို့


မနာပဒါယီ ဖောင်ဒေးရှင်း အကျိုးတော်ဆောင် ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)၏ မြန်မာပြည်တွင်း ဟောပြီး ဟောစဲ၊ ဟောရဦးမည့် ဓမ္မခရီးစဉ် အချို့
-------------------------------------
၁။ (၄-၁၂-၂၀၁၂) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ (၉ )ရပ်ကွက် (ဖအောင်ဝဲ) ဓမ္မသဘင်
၂။ (၇-၁၂-၂၀၁၂) ရန်ကုန်၊ လှိုင် (၁၆)ရပ်ကွက်၊ မာလာမြိုင် ၁၃၊ ၁၄ ဓမ္မသဘင်
၃။ (၁၃-၁၂-၂၀၁၂) တောင်တွင်းကြီး၊ စိတ္တသုခ နာရေးကူညီမှုအသင်း အထူးဓမ္မသဘင်
၎။ (၁၆-၁၂-၂၀၁၂) မြောက်ဥက္ကလာ၊ ဝဇီရာ၊ သောကြာဆွမ်းလောင်းအသင်း ဆွမ်းသိမ်းအောင်ပွဲ ဓမ္မသဘင်
၅။ (၂၀-၁၂-၂၀၁၂) မန္တလေး၊ ဒေါနခြံ၊ အမှတ် (၁၀) ရဲစခန်းမိသားစု အထူးဓမ္မသဘင်
၆။ (၂၂-၁၂-၂၀၁၂) မြောက်ဥက္ကလာ၊ မယ်လမု ဘုရားဝင်း၊ မြို့နယ်လုံးဆိုင်ရာ စာပြန်ပွဲ ဓမ္မသဘင်
၇။ (၂၃-၁၂-၂၀၁၂) ကျိုက်မရောမြို့၊ နာရေးကူညီမှုအသင်း အထူးဓမ္မသဘင်
၈။ (၂၄-၁၂-၂၀၁၂) မုဒုံမြို့၊ ရွှေဟင်္သာဈေး၊ မြို့နယ်သာသနာ့ဗိမ္မာန် အထူးဓမ္မသဘင်
၉။ ((၂၆-၁၂-၂၀၁၂) လှိုင် (၁၆)ရပ်ကွက်၊ မာလာမြိုင် (၇)လမ်း၊ ဓမ္မသဘင်
၁၀။ (၂၉-၁၂-၂၀၁၂) ရွှေပေါက်ကံမြို့၊ (၁၄)ရပ်ကွက်၊ လူငယ်ဓမ္မသဘင်
၁၁။ (၃၀-၁၂-၂၀၁၂) မော်လမြိုင်မြို့၊ နန္ဒာရာမ မိုးကုတ်ရိပ်သာ (၂၅)ပြည့် အထူးဓမ္မသဘင်
၁၂၊ (၃၁-၁၂-၂၀၁၂) ဒိုက်ဦးမြို့နယ်၊ အုတ်ဝင်းကျေးရွာ မွေးရပ်မြေ ကျေးဇူးဆပ်၊ နှစ်သစ်အကြို အထူးဓမ္မသဘင်
၁၃။ (၅-၁-၂၀၁၃) မော်လမြိုင်မြို့၊ ဓမ္မောဇ အထူးတရားပွဲ (ပထမနေ့)
၁၄။ (၆-၁-၂၀၁၃) မော်လမြိုင် ဓမ္မောဇ (ဒုတိယနေ့)
၁၅။ (၁၀-၁-၂၀၁၃) ဟိုင်းကြီးကျွန်း၊ ကျောက်ချောင်းအထူးတရားပွဲ (ပထမနေ့)
၁၆။ (၁၁-၁-၂၀၁၃) ဟိုင်းကြီးကျွန်း၊ ကျောက်ချောင်း (ဒုတိယနေ့)
၁၇။ (၁၉-၁-၂၀၁၃) လက်ပန်တန်းမြို့၊ နာရေးကူညီမှုအသင်း အထူးတရားပွဲ
၁၈။ (၂၁-၁-၂၀၁၃) အုတ်ဖိုမြို့နယ်၊ ညောင်ဝိုင်းရွာမ ဓမ္မသဘင်
၁၉။ (၂၃-၁-၂၀၁၃) မအူပင်၊ ကျွဲဒုံး အထူးတရားပွဲ
၂၀။ (၂၅-၁-၂၀၁၃) ငါးသိုင်းချောင်း၊ လူငယ်ပရဟိတ အဖွဲ့များ၏ ဓမ္မသဘင်
၂၁။ (၂၆-၁-၂၀၁၃) မြောက်ဥက္ကလာ၊ အောင်မင်္ဂလာ အဝေးပြေးဝင်း ဓမ္မသဘင်
၂၂။ (၂၇-၁-၂၀၁၃) သာယာဝတီမြို့၊ သမ္မာဆန္ဒဆွမ်းလောင်းအသင်း ဓမ္မသဘင်
၂၃။ (၂၈-၁-၂၀၁၃) ရွှေပေါက်ကံ၊ (၁၄)ရပ်ကွက်၊ ဆုတောင်းပြည့်စေတီ ဘုရားပွဲ တရားသဘင်
၂၄။ (၃၀-၁-၂၀၁၃) ထန်းတစ်ပင်မြို့နယ်၊ လှည်းဆိပ် မင်းကွန်းဆန်အလှူတော် ဓမ္မသဘင်
၂၅။ (၃၁-၁-၂၀၁၃) ဒိုက်ဦးမြို့၊ မြို့မဈေးအဖွဲ့ တရားသဘင်
၂၆။ (၁-၂-၂၀၁၃) လှိုင် ၁၆ရပ်ကွက်၊ မာလာမြိုင် (၄)လမ်း အထူးဓမ္မသဘင်
၂၇။ (၂-၂-၂၀၁၃) တောင်စွန်းဓမ္မဒူတဆရာတော်ကြီး၏ မွေးရပ်မြေ ကျေးဇူးဆပ် အထူးဓမ္မသဘင်
၂၈။ (၄-၂-၂၀၁၃) ဒလမြို့၊ သုနန္ဒာရာမ စာသင်တိုက် ဓမ္မသဘင်
၂၉။ (၅-၂-၂၀၁၃) မန္တလေးမြို့၊ ပြည်ကြီးမျက်ရှင် ကားကြီးဝင်း ဓမ္မသဘင်
၃၀။ (၆-၂-၂၀၁၃) မွန်ပြည်နယ်၊ ပေါင်မြို့ သိပေးပွားအဖွဲ့၏ အထူးဓမ္မသဘင်
***(၇-၂-၂၀၁၃ ~ ၁၈-၂-၂၀၁၃) ကိုရီးယားခေတ္တပြန်၍ ကိုရီးယားနှစ်သက်ကူးပိတ်ရက် ဓမ္မဒူတ ခရီးဆက်ရန်။
၃၁။ (၂၀-၂-၂၀၁၃) တိုက်ကြီးမြို့၊ ပရိယတ္တိစာပြန်ပွဲ ဓမ္မသဘင်
၃၂။ (၂၁-၂-၂၀၁၃) မကွေးမြို့၊ ပညာစက္ကာရာမကျောင်း တရားသဘင်
၃၃။ (၂၃-၂-၂၀၁၃) လှိုင် (၁၁)ရပ်ကွက်၊ ဓမ္မသဘင်
၃၄။ (၂၄-၂-၂၀၁၃) မြောက်ဥက္ကလာ (၁)ရပ်ကွက် အထူးဓမ္မသဘင်
၃၅။ (၂၆-၂-၂၀၁၃) ကျိုက္ခမီမြို့ စုပေါင်းတရားပွဲ (ပထမနေ့)
၃၆။ (၂၇-၂-၂၀၁၃) ကျိုက္ခမီ ဓမ္မသဘင် (ဒုတိယနေ့)
၃၇။ (၂၈-၂-၂၀၁၃) မုတ္တမြို့၊ နတ်ကြီးချောင် တရားသဘင်
၃၈။ (၅-၃-၂၀၁၃) ဒလမြို့၊ ကျန်စစ်သားရပ်ကွက် ဓမ္မသဘင်
၃၉။ (၁၈-၃-၂၀၁၃) ဘီးလင်းမြို့နယ်၊ ကျိုက္ကော်၊ မရမ်းကုန်းဓမ္မသဘင်
၄၀။ (၂၀-၃-၂၀၁၃) မန္တလေးမြို့၊ ဈေးချို့အဖွဲ့ ဓမ္မသဘင်
၄၁။ (၂၄-၃-၂၀၁၃) စမ်းချောင်း တရားသဘင်
၄၂။ (၂၆-၃-၂၀၁၃) သင်္ကန်းကျွန်း၊ စံပြဈေးဓမ္မသဘင်
၄၃။ (၂၇-၃-၂၀၁၃) ဒိုက်ဦးမြို့၊ ဘုတရာကျေးရွာ ဓမ္မသဘင်
၄၄။ (၂၈-၃-၂၀၁၃) ထောက်ကြန့်မြို့နယ်၊ လှော်ကားဥယျာဉ် တရားသဘင်
၄၅။ (၂၉-၃-၂၀၁၃) မြောက်ဥက္ကလာ၊ (ဆ)ရပ်ကွက်၊ ဓမ္မသဘင်
၄၆။ (၃၀-၃-၂၀၁၃) မအူပင်မြို့နယ်၊ သစ်ဆိမ့်စံပြကျေးရွာ အလှူအကြို ဓမ္မသဘင်
၄၇။ (၇-၄-၂၀၁၃) ဝေါမြို့၊ အဗျားဗိုလ်တဲ၊ ပရဟိတကျောင်း ဓမ္မသဘင်

မှတ်ချက်။  (၃)လပိုင်း ဆယ်တန်းစာမေးပွဲရက်များအတွင်း တရားပွဲများ နားထားပြီး (၄)လပိုင်း၏ တရားပွဲအချို့အား ပြန်လည်အတည်ပြုရန်နှင့် ဆရာတော် ကိုရီးယားပြန်ကြွမည့် ရက်နှင့်ညှိနှိုင်းကာ ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။ 

Read more »

အရှုံးပေးခြင်းနဲ့ အလျော့ပေးခြင်း


“အရှုံးပေးခြင်းနဲ့၊ အလျော့ပေးခြင်းက မတူပါဘူး”။ 

ဟုတ်ပါတယ်။ အရှုံးပေးတာနဲ့ အလျော့ပေးတာ လုံးဝမတူပါဘူး။ တစ်ချို့ ကိစ္စတွေမှာ တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီးပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပတ်သက်ပြီးပဲ ဖြစ်ဖြစ် လိုအပ်ရင် အနိုင်မယူဘဲ၊ နိုင်ထက်စီးနင်း မလုပ်ဘဲ အလျော့ပေးသင့်ရင် ပေးရာမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ဘဝအတွက် ရှုံးနိမ့်သွားတာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် အကျိုးရှိသွားအောင် အလျော့ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ တစ်ခါတလေ ကိုယ့်လောက်အဆင်မပြေသူတွေ၊ ကိုယ့်အောက်နိမ့်ကျသူတွေနဲ့ ယှဉ်ပြိုင်ရင်ဆိုင်ရတာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အနိုင်ရခြင်းအားဖြင့် ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူ့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်အတွက်တော့ နည်းနည်း အကျိုးရှိပေမယ့် သူ့အတွက်တော့ အများကြီး အကျိုးယုတ်သွားမယ်ဆိုရင် ကိုယ့်အနေနဲ့ သဘောထားကြီးကြီးနဲ့ အလျော့ပေးသင့်ပါတယ်။ ဒါဟာ အရှုံးပေးတာ မဟုတ်ပါဘူး။ ကိုယ့်လောက်မပြည့်စုံတဲ့ သူတွေအပေါ်မှာ ကရုဏာတရား ထားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ 

တကယ်တော့ ဗုဒ္ဓဘာသာဟာ ကိုယ့်ဘက်ကအရင် လျော့ပေးရတဲ့ ဘာသာဖြစ်ပါတယ်။ ဒေါသနဲ့လာတဲ့သူကို  မေတ္တာနဲ့ လျော့ပေးရတာတို့၊ မာနယှဉ်လာတဲ့အခါ နှိမ့်ချခြင်း နိဝါတ တရားနဲ့ လျော့ပေးရတာတို့၊ မကောင်းတာကို ကောင်းတာဖြစ်အောင် လျော့ပေးရတာတို့၊ မနာလိုတာကို မုဒိတာ နှလုံးသားနဲ့ လျော့ပေးရတာတို့ စသဖြင့် လျော့ချပေးရမယ့် အရာတွေက အများကြီးပါပဲ။ သူမာနကြီးလို့ ကိုယ်ကအလျော့ မပေးဘဲ တန်ပြန်မာန ကြီးပြတာ၊ သူဒေါသထွက်လို့ အလျော့မပေးဘဲ ကိုယ်ကတန်ပြန် ဒေါသထွက်ပြတာ၊ သူစိတ်ကောက်လို့ ကိုယ်ကအလျော့မပေးဘဲ တန်ပြန်စိတ်ကောက်ပြတာ၊ သူမကျေနပ်လို့ ကိုယ်ကပြန်ပြီး မကျေမနပ်ဖြစ်ပြတာ စတာတွေဟာ နှစ်ဦးနှစ်ဖက် အကျိုးမရှိဘဲ သံသရာကိုသာ ရှည်စေတတ်ကြတာ ဖြစ်ပါတယ်။ 

ဒါကြောင့်ဘာပဲဖြစ်ဖြစ် ဘဝမှာ ကိုယ့်အတွက် မကောင်းတာကို ကောင်းတာနဲ့ ယှဉ်လာတဲ့အခါ မကောင်းမှုမှာ အရှုံးမပေါ်သွားဖို့နဲ့ ကိုယ့်အတွက်၊ အများအတွက် အကျိုးမရှိတာတွေဆိုရင် ဘယ်သူလျော့လျော့ မလျော့လျော့ ကိုယ်ဘက်က အရင်အလျော့ပေးဖို့ ဆိုခြင်းဖြစ်ပါတယ်။ 

Read more »

မနာပဒါယီ စာစဉ် (၃)နှင့် (၄) ထွက်ရှိ




ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး) ရေးသားခဲ့သည့်နည်းနည်းလေးတော့ လွဲနေတယ် အတွဲ ()” စာအုပ်နှင့်စိတ်ဓာတ်ခွန်အား ဖြည့်စကား အတွဲ ()” စာအုပ်များကို မနာပဒါယီ ဖောင်ဒေးရှင်း၏ ကုန်ကျစရိတ် လှူဒါန်းမှုဖြင့် လာဘ်မိုးဆွေ စာပေနှင့် ရာပြည့်စာပေ တို့မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ 

မနာပဒါယီ စာစဉ်များဖြင့် ထုတ်ဝေလာသည့် ဆရာတော်၏ စာအုပ်များမှ ယခုနည်းနည်းလေးတော့ လွဲနေတယ် အတွဲ()” ကို စာစဉ် () အဖြစ်လည်းကောင်း၊စိတ်ဓာတ်ခွန်အား ဖြည့်စကား အတွဲ ()”ကို စာစဉ် ()အဖြစ်လည်းကောင်း အစဉ်အတိုင်း ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄တွင် စာစဉ် ()နှင့် ()ကို ထုတ်ဝေရန် စီစဉ်ထားပါသည်။ 

နည်းနည်းလေးတော့ လွဲနေတယ် အတွဲ()” တင်ပြထားသည့် စာစုများသည် မနာပဒါယီ ဆရာတော်မှ မနာပဒါယီ (http://www.venvicitta.com/) အင်တာနက် စာမျက်နှာတွင် အလျဉ်းသင့်သလို ရေးသားတင်ပြထားသည့် စာစုများဖြစ်ပြီး ဗုဒ္ဓဘာသာများကြား အမှတ်မှားကာ လုပ်ဆောင်နေကြသည့် ဘာသာရေးဆိုင်ရာ အလွဲလေးများကို အမှန်ညွန်ပြပေးထားခြင်း ဖြစ်သည်။ နောင်လည်း ဆက်လက်၍ တင်ပြပေးရန် ရည်ရွယ်၍ အတွဲများဖြင့် ထုတ်ဝေဖြစ်ခဲ့ခြင်း ဖြစ်သည်။ 

စိတ်ဓာတ်ခွန်အား ဖြည့်စကား အတွဲ ()”သည်လည်း ဆရာတော်၏ အင်တာနက်စာမျက်နှာ (http://www.venvicitta.com/) နှင့် င့် Facebook (http://www.facebook.com/ashinvicitta) စာမျက်နှာတို့တွင် ရေးသားတင်ပြခဲ့သည့် မှတ်သားဖွယ်ရာ စကားစုများ၊ ခွန်အားဖြည့် စာစုများ စသည်တို့ကို စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်း၊ စာစုတစ်စုမျှဖြင့် လောကဓံ အတက်အကျကြောင့် စိတ်ဓာတ်များ ကျနေကြသည့် သူများကို တစ်ထောင့်တစ်နေရာမှ စိတ်ဓာတ်ခွန်အားများ ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ 

ဆရာတော်၏ စာအုပ်များအား ဝယ်ယူဖတ်ရှုလိုသူများ၊ ဓမ္မဒါန ပြုလိုသူများ၊ စာကြည့်တိုက်များနှင့် အသင်းအဖွဲ့များတွင် ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါ ပင်းရင်းဌာနများတွင် ဆက်သွယ်မှာယူနိုင်ပါသည်။ စာကြည့်တိုက်များ၊ အသင်းအဖွဲ့များအတွက် မနာပဒါယီ ဖောင်ဒေးရှင်းမှ လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

ဖြန့်ချိရေး (ပင်ရင်း)
မနာပဒါယီ ဖောင်ဒေးရှင်း
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ ဖုန်း - ၃၈၃၇၉၆
---------
အမှတ် (၁၈၁) လမ်း (၅၀)အထက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ ဖုန်း - ၂၉ ၀၁၈၃

Read more »

အကျိုးလိုလားခြင်း



အကျိုးလိုလားခြင်းကို မေတ္တာလို့ ပြောနိုင်ပါတယ်။ မေတ္တာဓာတ်ကို အခြေခံထားတဲ့ သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် သူ့အကျိုးကို လိုလားနေကြတာ ဖြစ်တဲ့အတွက် အလွန်အဆင်ပြေပြေ ရှိတတ်ကြပါတယ်။ သူတပါးအပေါ် ကြီးပွားစေချင်၊ သူတပါးအပေါ် ချမ်းသာစေချင်၊ သူတပါးအပေါ် အန္တရာယ်ကင်းစေချင် စတာတွေဟာ သူ့အကျိုးကို လိုလားတဲ့ မေတ္တာရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ အဲဒီလို သူတပါးအပေါ် အကျိုးလိုလားတဲ့ မေတ္တာတွေ များများထားနိုင်လာရင် သူတပါး ကြီးပွားချမ်းသာလေ ကိုယ်ကဝမ်းသာလေပဲ ဖြစ်ပါတယ်။ အဲ အကျိုးလိုလားတဲ့ မေတ္တာစိတ်များ မထားနိုင်လို့ကတော့ သေချာတယ် သူတပါး ကြီးပွားလေ ကိုယ့်မှာမနာလိုစိတ်တွေများလေ စိတ်ဆင်းရဲလေပဲ ဖြစ်နေမှာ အမှန်ပါပဲ။ တစ်ခါတလေ တစ်ချို့က ကိုယ့်အကျိုးကိုပဲ လိုလားတတ်ပြီး အဲဒါကိုလည်း  မေတ္တာယောင်ယောင် ထင်နေတတ်ပါတယ်။ မေတ္တာရဲ့ အကျိုးလိုလားခြင်းက သူတပါးအပေါ်မှာ အဓိကထားပါတယ်။ ကိုယ့်အကျိုးကိုပဲ လိုလား၊ ကိုယ်ကြီးပွားရေးအတွက်ပဲ စဉ်းစားတာမျိုးကတော့ မေတ္တာမဟုတ်ဘဲ အတ္တသဘော၊ ဝိသမလောဘသဘော သက်ရောက်သွားတတ်ပါတယ်။ ဒါကတော့ အထူးစဉ်းစားရမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား သတ္တဝါတိုင်းဟာ ကိုယ့်မိသားစုမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အမျိုး အသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရပ်ရွာမှာပဲ ဖြစ်ဖြစ်၊ ကိုယ်မြို့၊ ကိုယ့်တိုင်း၊ ကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အကျိုးလိုလားတဲ့ စိတ်ထားလေးတွေသာ များများထားနိုင်ကြမယ်ဆိုရင် နေရာတိုင်းမှာ ငြိမ်းချမ်းနေကြမှာ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် သူတပါးအပေါ် အကျိုးလိုလားတဲ့ မေတ္တာစိတ်တွေ များများထားနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ 

Read more »

မြန်မာပြည်မှ ခေတ္တအပြန်…



ကိုရီးယားနိုင်ငံရဲ့ နှစ်သက်ကူး ပိတ်ရက်တွေအတွက် ကိုရီးယားကို တစ်ပတ်ကျော်လောက် ပြန်ရောက်ခဲ့ပြန်ပါတယ်။ မြန်မာပြည် ပြန်ရောက်ကတည်းက နယ်လှည့်တရားပွဲတွေနဲ့ ရာသီဥတု အပြောင်းအလဲတွေကြားမှာ ဟိုပြောင်းဒီပြောင်း နေလာရာက ကိုရီးယား ပြန်ရောက်ရောက်ချင်း လေယာဉ်ကွင်းမှာ ကြိုနေတာက အနှုတ် ၁၅လောက် ဖြစ်နေတဲ့ ကိုရီးယားရဲ့ အအေးနဲ့ အအေးကြားမှာ တိုးတိုက်လာတဲ့ လေကြမ်းကြမ်းတွေပဲ ဖြစ်ပါတယ်။ သင်္ကန်းနဲ့လေနဲ့ဆိုတော့ လေယာဉ်ကွင်းက အထွက်မှာ လွှားလွှားဖြစ်ရင်း အအေးဒဏ်နဲ့ လေဒဏ်တွေကြားမှာ ဖောက်ပြန်နေတဲ့ ခန္ဓာကိုယ်ဟာ ကိုက်ခဲနာကျင်လောက်အောင် ခံစားခဲ့ရပြန်ပါတယ်။ အပြင်ပိုင်းနာကျင်မှုကို အကုသိုလ် ကိလေသာတွေနဲ့ မနာကျင်အောင် ထိန်းသိမ်းရင်း ကျောင်းအရောက် ကားပေါ်မှာ မှေးရင်းပြန်ရောက်ခဲ့ရ ပြန်ပါတယ်။ 

ကိုရီးယားမှာ တစ်ပတ်ကျော်လောက်နေပြီး မြန်မာပြည်ပြန် တရားပွဲတွေ တစ်ကျော့ပြန် ဟောရဦးမှာဖြစ်ပါတယ်။ ဒီနှစ်မြန်မာပြည်ပြန် ခရီးစဉ်တွေကတော့ အနယ်နယ် အရပ်ရပ် တရားပွဲတွေကြောင့် ကားပေါ်မှာပဲ အချိန်ကုန်တာ များခဲ့ပါတယ်။ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ တရားပွဲပေါင်း သုံးလေးဆယ်ကို ကြွပြီးဟောပေးရင်း အဲဒီအရပ်ဒေသ အသီးသီးမှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး၊ သာရေးနာရေး ပရဟိတ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး တရားပွဲပူဇာတွေရဲ့ တစ်ဝက်ကျော်ကျော်ကို လှူဒါန်းဖြစ်ခဲ့တဲ့ ကုသိုလ်ကတော့ တရားအလှူလည်းဖြစ်၊ အာမိသအလှူလည်း ဖြစ်ခဲ့တဲ့အတွက် ပင်ပန်းပေမယ့် ကုသိုလ်ကတော့ ဖော်မပြနိုင်အောင် အများကြီးရခဲ့တာ ဖြစ်ပါတယ်။ 

ရာသီဥတု အပြောင်းအလဲတွေကြောင့် အဆုတ်အအေးပတ်ပြီး ချောင်းကတော့ မပြတ်ဆိုးနေခဲ့ပါတယ်။ ရသမျှလှူရင်း တရားပွဲက အပြန် တစ်ခါတလေ တစ်ချို့က အရှင်ဘုရား တရားပွဲအလှူတွေနဲ့ အရှင်းဘုရားအတွက်တော့ ဓမ္မပူဇာအများကြီး ကျန်မှာပဲလို့ ပြောလာတဲ့အခါကိုယ့်အတွက် ကျန်တာကတော့ မြင်ရတဲ့အရာဆိုရင်တော့ ချောင်းလေးကျန်ပြီး မမြင်ရတဲ့ အရာကတော့ ကုသိုလ်တွေ ကျန်ပါတယ်လို့ ပြန်ပြောဖြစ်ခဲ့ပါတယ်။

ကုသိုလ်တွေ ကျန်တာကတော့ ဝမ်းသာစရာပါပဲ။ အဲဒီ အများအလှူတွေနဲ့ ချို့တဲ့သူတွေကို ပညာသင်ဆုလေးတွေ ပေးနိုင်၊ ရပ်ကျိုးရွာကျိုးကို ပံ့ပိုးလှူဒါန်းနိုင်၊ ပရဟိတ အဖွဲ့လေးတွေမှာ ထောက်ပံ့ပေးနိုင်ပြီးတော့ ဆောက်လုပ်ဆဲဖြစ်တဲ့ ဘုန်းဘုန်းရဲ့ မနာပဒါယီ ပညာဒါန စကူးလ်မှာ ပြန်ပြီးလှူဒါန်းနိုင်ခဲ့တာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ကုသိုလ်တွေပဲ ဖြစ်ပါတယ်။ မကြာခင် ရန်ကုန်မြို့လယ်မှာ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ ရုရှား၊ စပိန်၊ ဂျာမဏီ၊ ယိုးဒကား၊ မလေးရှားစတဲ့ ဘာသာစကားတွေကို ပညာဒါနပြု သင်ကြားပို့ချပေးမယ့် ကျောင်းတော်ကြီး ဖွင့်လှစ်နိုင်တော့မှာ ဖြစ်သလို၊ ဆယ်တန်းအထူးပြု သင်တန်းတွေနဲ့ အသက်မွေးမှု သင်ထောက်ကူပြု သင်တန်းတွေ အပါအဝင် ဆန်းဒေးဓမ္မစကူးလ်လို၊ အဘိဓမ္မာသင်တန်လို ဘာသာရေးဆိုင်ရာတွေ သင်တန်းတွေကိုလည်း ဖွင့်လှစ်သင်ကြား ပို့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းဘုန်းရဲ့ ဒီတစ်ခေါက် မြန်မာပြည်မှာ ဖောက်ခဲ့တဲ့ လမ်းတွေကတော့ ဓမ္မလမ်းနဲ့ ပရလမ်းတွေဖြစ်ပြီး ကျန်ခဲ့တာကတော့ မြင်ရကြားရတဲ့ ချောင်းလေးနဲ့ မြင်လို့မရ၊ နှိုင်းလို့မရတဲ့ ကုသိုလ်တွေပဲ ဖြစ်ပါကြောင်း ကိုရီးယားကို ခေတ္တပြန်ရောက်လာတဲ့အကြောင်း အသိပေးရင်း မြန်မာပြည်ရဲ့ အတွေ့အကြုံအကြောင်း တစ်စေ့တစောင်း ဖောက်သည်ချလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ