Showing posts with label မေးဖြေပြီးသမျှ [Q / A]. Show all posts
Showing posts with label မေးဖြေပြီးသမျှ [Q / A]. Show all posts

မေတ္တာပို့တာ သူ့အတွက်လား၊ ကိုယ့်အတွက်လား

”မေတ္တာရဲ့ သဘောက သူ့အတွက်ပို့ရင်း ကိုယ့်အတွက်လည်း အေးချမ်းခြင်း သဘောပါ” ဒကာမလေးတစ်ယောက်က မေးဖူးပါတယ်။ “အရှင်ဘုရား မေတ္တာပို့တာဟာ ကိုယ့်အတွက် ပို့တာလား၊ သူများအတွက် ပို့တာလား”တဲ့။ ဟုတ်ပ။ သူမေးမှပဲ သတိပြုမိတော့တယ်။ ရုတ်တရက်ကြည့်ရင် ကိုယ့်မှာရန်သူတွေ နည်းစေဖို့ မေတ္တာကို ပွားများကြတာတွေလည်း ရှိနေတော့ ကိုယ့်အတွက် ပို့သလို ဖြစ်နေတတ်ပါတယ်။...

Read more »

FACEBOOK က အမေးတစ်ပုဒ်

မေး။ Thet Lay (https://www.facebook.com/thet.hlaing.9) အရှင်ဘုရား ရှိခိုးကန်တော့ပါတယ်ဘုရား။ အချိန်ရရင် တခုလောက်ဖြေကြားပေးပါ။ ရင်ထဲမှာ သိချင်စိတ်ဖြစ်လာလွန်းလို့ပါဘုရား။ အမှားပါရင် ခွင့်လွတ်ပါ။ တပည့်တော်မတို့အိမ်မှာ မွေးထားတဲ့နွားနှစ်ကောင်က အဖေကရောင်းထုတ်ပစ်လိုက်တယ်လို့ ခုပဲသိရပါတယ်ဘုရား။ ရင်ထဲမှာတွေးမိပြီး...

Read more »

Facebookက အမေးတစ်ပုဒ် (၁၁)

မေး။ Maghalulin (http://www.facebook.com/magha.lulin) အရှင်ဘုရား… မွေးနေ့အထိမ်းအမှတ်အဖြစ် သူငယ်ချင်းတွေကို အရက်ဝယ်တိုက်ပြီး အရက်ဖိုးဒကာခံပေးတာ ကုသိုလ်ရပါသလားဘုရား။ တပည့်တော်ကတော့ မသောက်ပါဘူးဘုရား။ သူငယ်ချင်းများရဲ့ ဆန္ဒကို ဖြည့်ပေးတဲ့အနေနဲ့ သူတို့ဖြစ်ချင်တာကို လုပ်ပေးတာပါဘုရား။ အဲလိုလှူတာ အကျိုးရှိမရှိ။ သူတပါးလိုအပ်တာကို ဖြည့်ပေးတာဖြစ်တဲ့အတွက်...

Read more »

Facebookက အမေးတစ်ပုဒ် (၁၀)

မေး။ Myat Min San  အရှင်ဘုရား တပည့်တော် ဦးတင်ပါတယ်ဘုရား။ အရှင်ဘုရားရေးသားတဲ့ တရားတွေလဲ ဖတ်ပါတယ် ဘုရား တပည်တော် တစ်ခုလောက် မေးပါရစေဘုရား။ မြတ်စွာဘုရား တရားတော်တွေကို ရွတ်ဆိုရင်ကုသိုလ် ရတယ် ဆိုတာကို ဘယ်လိုကြောင့် ဘယ်ဟာက ဘယ်လို အကျိုးပြုတယ်ဆိုတာ နဲနဲလောက် ရေးသားပေးပါဘုရား။ တပည့်တော်က ဘုရားရှီခိုးရင် ပရိတ်ကြီး ၁၁ သုတ်ထဲက မင်္ဂလသုတ်၊...

Read more »

Facebook က အမေးတစ်ပုဒ် (၉ )

မေး။ Xing Xing Su Hlaing အရှင်ဘုရား..တပည့်တော်ဦးစွာရှစ်ခိုးဦးခိုက်လိုက်ပါတယ်။  _/\__/\__/\_ Facebook မှာ အရှင်ဘုရားရဲ့တရားများကို အမြဲဖတ်ရှု မှတ်သားရပါတယ်။ အရှင်ဘုရားရဲ့တရားတွေကြောင့်လည်း တပည့်တော် တရားအသိတရာမှန် တွေအများကြီးရပါတယ်။ အဲ့အတွက်လည်း အရှင်ဘုရားရဲ့ကျေးဇူး ကိုအမြဲအမှတ်ရနေပါတယ်။ အခုလည်း တပည့်တော်သိချင်တာလေး တစ်ခုလောက်မေးလျှောက်ချင်လို့ပါဘုရား။...

Read more »

Facebook က အမေးတစ်ပုဒ် (၈)

Tin Tun Oo (http://www.facebook.com/TINTUNOO.TUNTUN)  ဆရာတော် သံဃာတော်များအား လျှောက်ထားအပ်ပါသည်။ လူပညာရှိများကိုလည်းဆရာတင်ပါသည်။  "နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓ" ဟူသာ ဘုရားရှိခိုးကို မည်သို့ရွတ်ဆိုမှ ပါဠိသဒ္ဒါမှန်ပြီး ဌာန်ကရိုင်းကျန မှန်ကန်ပါသနည်း။   ၁။နမောတဿ ဟုတွဲဆိုခြင်းနှင့် နမော တဿ ဘဂ၀တော ဟုခွဲဆိုခြင်း။  ၂။နမော တဿဘဂ၀တော ဟုဆိုခြင်း။   ၃။နမော တဿ ဘဂ ၀တော ဟုခွဲ၍ဆိုခြင်း နှင့်...

Read more »

သေသူအတွက် ကုသိုလ်လုပ်တဲ့အခါ ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုပြုလုပ်သင့်ပါသလဲ

မင်္ဂလာပါ အရှင်ဘုရားနှစ်သစ်မင်္ဂလာ ဖြစ်ပါစေရယ်လို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ဘုရား။နှစ်သစ်မင်္ဂလာမှာ တပည့်တော်နဲ့ ထပ်တူ သိလိုကြတဲ့သူတွေအတွက် တပည့်တော်ကို မေးလျှောက်ခွင့်ပြုပါဦးဘုရား။မေး။ ။ မိဘတစ်ယောက်ယောက် ဆုံးသွားလို့ ရည်စူးပြီး ကုသိုလ်ပြုကြတဲ့အခါ ထားအပ်တဲ့ စိတ်နေစိတ်ထားနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်ပေးရင် သွားလေသူအတွက် အကောင်းဆုံးဖြစ်နိုင်မယ်ဆိုတာ ရှင်းလင်းပြောပြပေးစေချင်တာပါဘုရား။ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ကို သံဃာတော်တွေကို ဆွမ်းကပ်၊...

Read more »

Facebook က အမေးတစ်ပုဒ် (၇)

Zin Nway Ei Winမေး။ သီလဆိုတာ ငါးပါးသီလကို ဆိုလိုတာပါလားဘုရား။တကယ်လို့ ငါးပါးသီလကို တိတိကျကျ မဆောက်တည်နိုင်ဘူးဆိုရင် အဲဒီလူက တကယ်ကို မကောင်းတဲ့လူ၊ မစင်ကြယ်တဲ့ လူတစ်ယောက်ဖြစ်သွားတာလား အရှင်ဘုရား။ငါးပါးသီလ တခါကျိုးပြီဆိုတာနဲ့ နောက် စောင့်ထိန်းလဲ အကျိုးရှိပါသလားဘုရား။ကျုးလွန်လိုက် စောင့်ထိန်းလိုက်ဆိုရင်ရော အဲဒီသီလက အကျိုးမရှိတဲ့သီလဖြစ်ပါသလား ဘုရား။မနာပ ဒါယီ အရှင်ဝိစိတ္တ ‎>> Zin Nway Ei Winဖြေ။ လူတွေအတွက် အခြေခံ သီလကတော့ ငါးပါးသီလပဲ...

Read more »

Facebook က အမေးတစ်ပုဒ် (၆)

Aye Mya Mya Moeမေး။ အရှင်ဘုရား သိချင်တာလေတခုရှိလို့ပါဘုရား။မိုးညှင်းသမ္ဗုဒ္ဓေ ကိုအလုံး 1000 ပုတီးစိပ်ရင် ဆုတောင်းပြည့်တယ်ဆိုတာ ဟုတ်ပါသလားဘုရား။မနာပ ဒါယီ အရှင်ဝိစိတ္တဖြေ။ ကိုယ်လုပ်ထားတဲ့ ကောင်းမှုကုသိုလ်ရဲ့ အကျိုးပေးချိန်နဲ့ တောင်းဆုပြုထားမှု တိုက်ဆိုင်ကြုံတွေ့သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီဘုရားကိုသွားပြီး ဒီလို ပုတီးစိပ်တိုင်း ဆုတောင်းပြည့်နိုင်တာတော့ မဟုတ်ပါဘူး။ ကောင်းမှုနဲ့ မကောင်းမှုဆိုတာ ပြုလုပ်တဲ့သူနဲ့ အကျိုးပေးချိန် တိုက်ဆိုင်မှ၊...

Read more »

Facebook က အမေးတစ်ပုဒ် (၅)

Kaungmyat Thuဆရာတော် အရှင်ဘုရား... ကံကံ၏ အကျိုးကျေးဇူးဆိုတာ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ပဲ ဆိုင်ပါသလားဘုရား။ အလုပ်ကောင်းပြီး စေတနာမကောင်းရင် ကံကောင်းပါသလားဘုရား။ စေတနာကောင်းပြီး အလုပ်မကောင်းရင်ရော ကံဆိုးပါသလားဘုရား။ လူတိုင်းမှာ အမှားကိုယ်စီ ရှိကြပါတယ်ဘုရား မရှောင်နိုင်လို့ မှားခဲ့ရင် ကံဆိုးပါသလားဘုရား။ ကရုနာရှေ့ထားပြီး ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ဘုရား။Ashin Vicitta ‎>> Kaungmyat Thuကံဆိုတာ အလုပ်ကိုပြောတာဖြစ်ပြီး...

Read more »

Facebookက အမေးတစ်ပုဒ် (၄)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) note commentမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။Kaungmyat Thuမေး။ အရှင်ဘုရား.. တပည့်တော် တစ်ခုလောက်မေးပါရစေ။ ဗုဒ္ဓဟောတဲ့ တရားတော်တွေထဲမှာ မပြစ်မှားကောင်းတဲ့ မိန်းမ ၂၀ ဆိုတာ ရှိပါတယ်ဘုရား။ မပြစ်မှားကောင်းတဲ့မိန်းမကို ပြစ်မှားမိရင် ကံထိုက်တယ်ဆိုတာတော့ သိပါတယ်ဘုရား။ တပည့်တော်...

Read more »

Facebookက အမေးတစ်ပုဒ် (၃)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) မှာ မက်စေ့ခ်ျကဏ္ဍမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။ Mi Su မေး ။ အရှင်ဘုရား… အာသဝေါတရားလေးပါးကို ရှင်းပြပေးပါ ဘုရား Ashin Vicitta ဖြေ။ အာသ၀ဆိုတဲ့ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ယိုစီးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သွယ်ဝိုက်တဲ့ သဘောတွေကတော့ စွဲလမ်းစေခြင်း၊ ကပ်ငြိစေခြင်းသဘောဖြစ်ပြီး...

Read more »

Live Questions and Answers (13)…

မနာပ ဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။22 Jun 11, 12:33 AMသဲသဲ အရှင်ဘုရား မေးခွန်းလေးတစ်ခုမေးခွင့်ပြုပါဘုရား ဘာသာခြားတစ်ယောက်က တပည့်တော်ကို မေးလာတယ်ဘုရား။ လူတွေသေလို့ သရဲဖြစ်ရင်ကမ္မ၀ါဖတ်ရင် ထွက်သွားပြီး ဘုန်းကြီးတွေပျံလွန်တော်မူလို့ရှိရင် ဘာကြောင့်...

Read more »

Facebookက အမေးတစ်ပုဒ် (၃)

မေး။ အရှင်ဘုရား.. တပည့်တော် မေးလျှောက်စရာများရှိလို့ မေးပါရစေဘုရား။ ၀ါတွင်းကာလ နီးလာဘီဆိုတော့ အိမ်အပြောင်းအရွေ့များ အယူအဆအရ မလုပ်ကြရပါဘူးလို့ ဆိုတယ်ဘုရား၊ အကယ်၍ ပြောင်းရွေ့စရာများ ရှိရင်လည်း ၀ါမ၀င်ခင်ကထဲက စတိသဘော ပြောင်းထားရပါတယ်တဲ့။ ဒီလိုမှ မဟုတ်ရင်တော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ပေါ့ဘုရား။ တပည့်တော်များလည်း ဒါတွေကို လိုက်နာ ကျင့်သုံးလာတာလည်း ကြာလှပါဘီဘုရား။ ရေရေလည်လည် မသိဘဲ လိုက်နာကျင့်သုံးလာရတော့ တစ်ခါတစ်လေ အဓိပ္ပါယ်ကို တိတိကျကျမသိဘဲ။...

Read more »

Facebookက အမေးတစ်ပုဒ် (၂)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta)မှာ တင်ထားတဲ့ “ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်း” ဆိုတဲ့ ပို့စ်အောက်မှာ မေးထားတဲ့ အမေးလေးတစ်ပုဒ်ပါ။ စိတ်ဝင်စားစရာကောင်းပြီး သိသင့်တယ်ထင်လို့ ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။မေး။ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ ပတ်သက်ပြီး တပည့်တော် သိချင်တာလေး တစ်ခုကို မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။ အဲဒါ မမေးခင် လူ (သတ္တဝါ) ဟာ မိမိကိုယ်မိမိ အချစ်ဆုံးလို့ တပည့်တော် ကြားနာဖူးပါတယ် ဘုရား။ အဲဒါ မြတ်စွာဘုရားဟောတာ...

Read more »

မေးလ်ထဲက အမေးများ (၄)

မင်္ဂလာပါ အရှင်ဘုရားတပည့်တော်အနေနဲ့ အရှင်ဘုရားရဲ့ ရေးသားလမ်းညွှန်ချက်တွေကို ဖတ်ရှုမိပြီး နှစ်သက် သဘောကျမိပါတယ်ဘုရား။ အရှင်ဘုရား ရေးသားထားသမျှထဲမှာ မေးလ်ထဲက အမေးအဖြေများဆိုတာလည်း ပါဝင်တာတွေ့ရလို့ တပည့်တော်လဲ သိချင်တာကို မေးလိုက်ရပါတယ်ဘုရား။ နယ်ဝေးရောက်နေသူ တစ်ဦးဖြစ်နေတာမို့ ဖုန်းဆက်ပြီး ရိုသေစွာ လျှောက်ထားမေးမြန်းနိုင်ခြင်း မရှိတာကို ခွင့်လွှတ်နားလည်ပေးဖို့ လျှောက်ထားအပ်ပါတယ်ဘုရား။ တပည့်တော်မေးချင်တာက"ဘုရားရှင်ရဲ့ ကြင်ယာဖော်ဟာ ဘုရားလောင်းရဲ့...

Read more »

မေးလ်ထဲက အမေးများ (၃)

အရှင်ဘုရား,တရားတော်နဲ့ ပတ်သက်ရင် မေးမြန်းကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏ အရှင်ဘုရား။အခုတစ်ခေါက်လည်း တပည့်တော် မသိတာလေးတွေကို မေးလျှောက်ချင်လို့ပါ အရှင်ဘုရား။(၁) သင်္ခါရ လောကမှာ ဘာတွေပါလဲ ဆိုတာကို သိချင်ပါတယ် အရှင်ဘုရား။ဖြေ။ သင်္ခါရလောကဆိုတာ (၃၁)ဘုံနဲ့တကွ သက်ရှိသက်မဲ့ အားလုံးသော သတ္တလောက၊ သြကာသလောက တွေကို ဖြစ်မှုပျက်မှု၊ အိုနာသေမှု စသည် အမျိုးမျိုး အဖုံဖုံးတို့ဖြင့် စီမံဖန်တီး ပြောင်းလဲပြုပြင် ပေးတဲ့သဘောမျိုး၊ တစ်နည်းအားဖြင့် လောကီစိတ်၊ စေတသိက်၊...

Read more »

မေးလ်ထဲက အမေးများ (၂)

တပည့်တော်၏ မေးခွန်းကိုဖြေကြားပေးသောကြောင့် ကျေးဇူးအထူးတင်ပါသည် ဘုရား။အရှင်ဘုရား တပည့်တော်မ မေးခွန်းအနည်းငယ်ထပ်မံ၍ မေးလိုပါသည်ဘုရား။ ဖြေကြားပေးပါရန် လျှောက်ထားပါသည်။၁။ တရားထိုင်ရာတွင် မည်သည့်အတွက်ကြောင့် ထိုင်ခုံတွင်ထိုင်၍ မရပါသနည်း။ ထိုင်ခုံတွင်ထိုင်ခြင်းဖြင့် ကြာကြာထိုင်နိုင်သည် မဟုတ်ပါလားဘုရား။ဖြေ။ တရားထိုင်တဲ့အခါ ထိုင်ခုံတွင်ထိုင်ပြီး တရားမမှတ်ရဘူးဆိုတာ မရှိပါဘူး။ မှတ်လို့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးလုံးမှာ...

Read more »

မေးလ်ထဲက အမေးများ (၁)...

အရှင်ဘုရား … တပည့်တော်ကို မေးခွန်းလေး နည်းနည်းလောက် မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။(၁) လောကကြီးက သတ္တဝါတွေရဲ့ ဘဝဖြစ်စဉ်တွေကို သတ်မှတ်ပြီးသားပဲ။ ဘယ်ဘဝရောက်ရင် ဘာဖြစ်မယ်၊ ဘယ်ဘဝရောက်ရင် ဘယ်လိုဖြစ်မယ် စသည်ဖြင့် လောကကြီးက သတ်မှတ်ထားပြီးသားဆိုတဲ့ မိစ္ဆာဒိဋ္ဌိ အမြင်တစ်မျိုးကို တပည့်တော် ဖတ်ဖူးပါတယ်။ အကယ်၍ ခေတ်လူငယ် တစ်ယောက်ယောက်က, (ဒီလိုသတ်မှတ်ထားလို့ပဲ မြတ်စွာဘုရားအပါအဝင် တန်ခိုးအဘိညာဏ်ရတဲ့ သံဃာတော် ပုဂ္ဂိုလ်မြတ်များက ဘယ်ဘဝရောက်ရင် ဘာဖြစ်မယ်၊...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ