မိဘများဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များ ဖြစ်ကြပါတယ်။ “လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ“လို့ ဆိုသလိုပဲ မိဘများဟာ သားသမီးများရဲ့ လက်ဦးဆရာလည်း ဖြစ်ပါတယ်။ မိဘများရဲ့ ကျေးဇူးတရားဟာ များလွန်းလှတဲ့အတွက် ဆပ်လို့တောင် မကုန်နိုင်ပါဘူး။ မိဘများဟာ သားသမီးများ ကြီးပွားတိုးတက်လာအောင် စောင့်ရှောက်ကြသူ၊ မွေးကျွေးကြသူ၊ လောကကို မျက်စိပွင့်စေသူ၊ လောကကို ပြသပေးသူများ ဖြစ်ကြပါတယ်။ တခြားအရာတွေမတွေးဘဲ မိခင်ဝမ်းထဲမှာ အပြစ်အနာအဆာ ကင်းအောင် ကိုးလလုံးလုံး...