ဘဝနဲ့ ဓမ္မ



  • ဘဝမှာ ဓမ္မမပါရင်
    အလှဆိုတာ ခဏပါပဲ။

    အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ
    အလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှ
    အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
    တွေ့ကြုံလာရ တက်အကျနဲ့
    အကောင်းအဆိုး ကြောင်းအကျိုးကို
    ဓမ္မစကား၊ ဓမ္မအားနဲ့
    အလှတရား ရသွားစေမှာ အမှန်ပါပဲ။

    တွေကာမနှေး အသေအချာတွေးရင်
    ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့
    အသိသတိ ထပ်တူရှိမယ့်
    အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။

    ဒါကြောင့်...
    အစနဲ့အဆုံး
    ဘဝတစ်ခုလုံးမှာ အလှတွေဖုံးစေဖို့
    ခဏမကြည့် ဓမ္မနဲ့ညှိပြီး
    အသိအကျင့် ထပ်တူဆင့်လျက်
    ဘဝထဲမှာ ဓမ္မတွဲကာ
    လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။

2 မှတ်ချက်များ (...ရေးရန်):

  • Unknown says:
    Tuesday, October 11, 2011

    ဆရာတော် စာလေးတွေကို အခြား site တွေမှာ copy တငိလို့ရပါသလား။
    သိချင်ပါတယ် ဘုရား။
    ဆရာတော် အစစအရာရာ အဆင်ပြေပါစေ။

  • >>nayim... credit ပေးပြီး အလိုရှိသလို ပြန်လည်မျှဝေနိုင်ပါတယ်။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ