ကိလေသာပယ်ခွါရေးနှင့် သိက္ခာသုံးရပ် အကျင့်မြတ်

ကိလေသာဟူသည် ပူလောင်ခြင်း၊ လောင်မြိုက်ခြင်း၊ ပူဆွေးခြင်း၊ ညစ်နွမ်းခြင်း သဘောရှိ၏။ ကိလေသာတရားများဖြင့် လောင်မြိုက်ခံရသည့် သတ္တဝါများသည် စိတ်အစဉ်ပူလောင်မှု၊ ပူဆွေးမှု၊ စိတ်မချမ်းသာမှုကိုသာ ဖြစ်စေ၏။ သတ္တဝါအများအား လောင်မြိုက်စေ၊ ပူလောင်စေ၊ ညစ်နွမ်းစေသည့် ထိုကိလေသာ တရားများသည် အကျဉ်းအားဖြင့် (၁၀)ပါးရှိ၏။ ထိုကိလေသာဆယ်ပါးမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပဟူသော တရားဆယ်ပါးပင်ဖြစ်၏။ မိမိသန္တာန်တွင် လိုချင်မှုများနေလျှင်၊...

Read more »

အောင်မြင်ခြင်း၏ အဓိကပဲ့ကိုင်ရှင် (သို့) အကြီးအမှူးကြီး လေးပါး

ဒကာတစ်ယောက်က “ယခုဘဝတွင် လူတိုင်းအောင်မြင်မှုကို ရနိုင်ပါသလားဘုရား” ဟူသော အမေးတစ်ခုကို မေးဖူး၏။ သူ့အမေးနှင့် ပတ်သက်၍ “အကယ်၍ အတိတ်ကံ မရှိသဖြင့် ထင်သလောက် မအောင်မမြင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပဲ့ကိုင်ရှင်ကောင်းကောင်းသာ ရှိထားလျှင် ထိုပဲ့ကိုင်ရှင်များ၏ ပံ့ပိုးမှုဖြင့် အထိုက်အလျောက် အကျိုးသက်ရောက်မှုကား ရှိနေမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း” ယေဘုယျအားဖြင့် ဖြေကြားပေးဖြစ်၏။ ပဲ့ကိုင်ရှင်ဟု ခေတ်စကားဖြင့် တင်စားပြီး ဆိုလိုက်ရသော်လည်း စင်စစ်...

Read more »

အရိပ်

မနှစ်က ဘုန်းဘုန်းတို့ မြန်မာပြည်ကိုပြန်ကြွတုန်း ဘုန်းဘုန်းရဲ့ ဇာတိရွာကိုလည်း တရားဟောရင်း ရောက်ဖြစ်ခဲ့ပါသေးတယ်။ ဘုန်းဘုန်းတို့ရွာက ဒိုက်ဦးမြို့နယ်ထဲမှာရှိတဲ့ ရွာလေးတစ်ရွာဆိုတော့ မြို့ပေါ်ကနေ တိုက်ရိုက်ရွာအထိ ကားသွားလို့ မရသေးပါဘူး။ ဒါကြောင့် ကားနဲ့သွားလို့ ရသလောက်ပဲသွားပြီး ရွာထဲကို လမ်းလျှောက်သွားခဲ့ကြပါတယ်။ ရွာကအမျိုးတွေကတော့ နွားလှည်းနဲ့ကြွဖို့၊...

Read more »

ဘဝနဲ့ ဓမ္မ

ဘဝမှာ ဓမ္မမပါရင်အလှဆိုတာ ခဏပါပဲ။အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှအလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှအကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှတွေ့ကြုံလာရ တက်အကျနဲ့အကောင်းအဆိုး ကြောင်းအကျိုးကိုဓမ္မစကား၊ ဓမ္မအားနဲ့အလှတရား ရသွားစေမှာ အမှန်ပါပဲ။တွေကာမနှေး အသေအချာတွေးရင်ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့အသိသတိ ထပ်တူရှိမယ့်အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။ဒါကြောင့်...အစနဲ့အဆုံးဘဝတစ်ခုလုံးမှာ အလှတွေဖုံးစေဖို့ခဏမကြည့် ဓမ္မနဲ့ညှိပြီးအသိအကျင့် ထပ်တူဆင့်လျက်ဘဝထဲမှာ ဓမ္မတွဲကာလိုရာပန်းတိုင်...

Read more »

Facebook က အမေးတစ်ပုဒ် (၅)

Kaungmyat Thuဆရာတော် အရှင်ဘုရား... ကံကံ၏ အကျိုးကျေးဇူးဆိုတာ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ပဲ ဆိုင်ပါသလားဘုရား။ အလုပ်ကောင်းပြီး စေတနာမကောင်းရင် ကံကောင်းပါသလားဘုရား။ စေတနာကောင်းပြီး အလုပ်မကောင်းရင်ရော ကံဆိုးပါသလားဘုရား။ လူတိုင်းမှာ အမှားကိုယ်စီ ရှိကြပါတယ်ဘုရား မရှောင်နိုင်လို့ မှားခဲ့ရင် ကံဆိုးပါသလားဘုရား။ ကရုနာရှေ့ထားပြီး ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ဘုရား။Ashin Vicitta ‎>> Kaungmyat Thuကံဆိုတာ အလုပ်ကိုပြောတာဖြစ်ပြီး...

Read more »

စိတ်တိုင်းမကျ ဖြစ်ခဲ့ကြရင်

ဘုန်းဘုန်းမှာ မရှိသင့်တဲ့ မကောင်းတဲ့ အကျင့်လို့ပဲ ပြောရမလား မသိဘူး။ “အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန် လုပ်တတ်တဲ့အကျင့်၊ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့အကျင့် ပြီးတော့ သူများလုပ်ရင်လည်း စိတ်တိုင်းမကျတတ်တဲ့ အကျင့်” စတဲ့ အကျင့်လေးတွေ ရှိနေပါတယ်။ အကျင့်ဆိုတာ စရိုက်ပဲ ဖြစ်တဲ့အတွက် ဘုန်းဘုန်းရဲ့ ဒီအကျင့်လေးတွေဟာ မွေးကတည်းက ပါလာတဲ့ စရိုက်လို ဖြစ်နေတာပါ။ ကိုယ့်ကိုယ်ကို သတိပြုကြည့်တဲ့အခါ တစ်ခါတစ်လေ သဒ္ဓါစရိုက်လေးတွေ အားကောင်းနေတတ်သလို၊...

Read more »

သတိပဋ္ဌာန်နဲ့လား…၊ ဝိပဿနာနဲ့လား…

တစ်လောက ဘုန်းဘုန်းတို့ အသိဒကာလေးတွေ တရားဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ ပထမတော့ ဆွေးနွေးကြတာပါပဲ။ နောက်တော့ ဆွေးနွေးရင်းနဲ့ အားပါလာပြီး သူမှန်ကိုယ်မှန် ပြောဆိုကြရင်း မနက် (၃)နာရီ ကျော်သွားတယ်လို့ ဆိုပါတယ်။ တရားဆွေးနွေးတာတော့ ကောင်းပါတယ်။ တရားငြင်းတာတော့ မကောင်းပါဘူး။ ဆွေးနွေးလို့ အဖြေမပေါ်ရင်တော့ သိတဲ့တတ်တဲ့ သူတွေကို မေးကြည့်တာက ပိုကောင်းပါတယ်။ အဲလိုမှမဟုတ်ဘဲ ကိုယ်သိသလောက်လေးကို အတည်ယူပြီး အမှန်ပဲလို့ ဇွတ်ငြင်းရင် မမှန်ဘဲ ပိုလွဲသွားတတ်ပါတယ်။...

Read more »

မြန်မာမှမဟုတ်၊ သို့သော်

ဒကာတစ်ယောက်က လျှောက်လာပါတယ်။ သူက “ဘုန်းဘုန်းဘုရား၊ သေချာတွေးကြည့်ရင် တပည့်တော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးများဟာ စစ်မှန်တဲ့ ဘာသာတရား အဆုံးအမ၊ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့များနဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ပတ်ဝန်းကျင် အထောက်အပံ့တွေ ရှိနေရဲ့သားနဲ့ တပည့်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာကြောင့် သူများတွေထက် မနာလိုမှုတွေ၊ ဝန်တိုမှုတွေ များနေရပါသလဲဘုရား၊ တပည့်တော် ကိုယ်တိုင်လည်း ပြည်ပမှာရောက်လာတော့ အရင်ရောက်နေတဲ့ ရွှေခံတစ်ချို့ရဲ့...

Read more »

Facebookက အမေးတစ်ပုဒ် (၄)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) note commentမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။Kaungmyat Thuမေး။ အရှင်ဘုရား.. တပည့်တော် တစ်ခုလောက်မေးပါရစေ။ ဗုဒ္ဓဟောတဲ့ တရားတော်တွေထဲမှာ မပြစ်မှားကောင်းတဲ့ မိန်းမ ၂၀ ဆိုတာ ရှိပါတယ်ဘုရား။ မပြစ်မှားကောင်းတဲ့မိန်းမကို ပြစ်မှားမိရင် ကံထိုက်တယ်ဆိုတာတော့ သိပါတယ်ဘုရား။ တပည့်တော်...

Read more »

အချစ်အမုန်းရဲ့ အပြစ်အရှုံး

သတ္တဝါတွေဟာ တွယ်တာမိပြီဆိုရင် တစ်စုံတစ်ယောက်အပေါ်မှာပဲ ဖြစ်ဖြစ်၊ တစ်စုံတစ်ခုအပေါ်မှာပဲ ဖြစ်ဖြစ် အလွန်အကျွံ တွယ်တာမိတတ်ကြပါတယ်။ တွယ်တာမှုဆိုတာက ချစ်ရင်လည်း တွယ်တာတတ်သလို မုန်းရင်လည်း တွယ်တာတတ်ပါတယ်။ အဲဒီလို ချစ်တဲ့အရာတွေ အပေါ်မှာ တသသဖြစ်နေတတ်၊ မုန်းတဲ့အရာတွေအပေါ်မှာ ခဏခဏဖြစ်နေတတ်တဲ့ တွယ်တာမှုမျိုးကိုပဲ ဒီနေရာမှာ သံယောဇဉ်လို့ ခေါ်တာဖြစ်ပါတယ်။ ဒီသံယောဇဉ်ဟာ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အဖြစ်များတာနဲ့အမျှ ဒုက္ခများနေကြမှာ ဖြစ်ပါတယ်။ ချစ်တာလည်း...

Read more »

လွတ်လပ်မှုရဲ့ နောက်ကွယ်တွင်

လူတိုင်းလူတိုင်း လွတ်လပ်မှုကို သဘောကျကြမှာ ဖြစ်ပါတယ်။ အနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ် နေရတဲ့ ဘဝဟာ ပြောမယ်ဆိုရင်တော့ ကျေနပ်စရာပါပဲ။ ကိုယ်သွားချင်သလိုသွား၊ ကိုယ်လုပ်ချင်သလိုလုပ်၊ ကိုယ်နေချင်သလိုနေ၊ ကိုယ်ပြောချင်သလိုပြော၊ ကိုယ်စားချင်သလိုစား၊ ကိုယ်သောက်ချင်သလိုသောက် စသဖြင့် ကိုယ့်စိတ်နဲ့ကိုယ့်ကို ဘယ်သူ့အလိုမှ မပါဘဲ ကျင်လည်နေရတဲ့ဘဝ ဘယ်လောက်များ ကောင်းလိုက်မလဲပေါ့။ ဒါက အနှောင်အဖွဲ့ ဘောင်တွေနဲ့ နေနေရတဲ့သူတွေ အနေနဲ့ တောင့်တတတ်တဲ့ လွတ်လပ်မှုရဲ့...

Read more »

နောက်ဆုံးတော့ကား

နုနယ်ရုပ်ဆင်း၊ လှပခြင်းကား၊ အိုမင်းနောက်ဆုံးရှိချေ၏။ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံးရှိချေ၏။ ဝိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံးရှိချေ၏။ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံးရှိချေ၏။တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံးရှိချေ၏။ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံးရှိချေ၏။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံးရှိချေ၏။ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံးရှိချေ၏။(လယ...

Read more »

လောကပါလတရား တကယ်ရှိသူဆိုတာ

လောကပါလ (လောကကိုစောင့်ရှောက်တဲ့) တရားဆိုတာ ဟိရီနဲ့ သြတ္တပ္ပတရားနှစ်ပါးကို ပြောတာဖြစ်ပါတယ်။ ဟိရီဆိုတာ မကောင်းမှု အကုသိုလ်လုပ်ရမှာ ရှက်တာကိုဆိုလိုပြီး၊ သြတ္တပ္ပဆိုတာ မကောင်းမှု အကုသိုလ် လုပ်ရမှာကို ကြောက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ မကောင်းမှု အကုသိုလ်ဆိုတာ လူသိရှင်ကြား လုပ်လို့ရတဲ့ အကုသိုလ်တွေ ရှိသလို လူမသိသူမသိ လုပ်လို့ရတဲ့ အကုသိုလ်တွေကလည်း အများကြီးပါပဲ။ လူသိသူသိမှာဆိုးလို့ လူရှေ့သူရှေ့မှာ မကောင်းတာတွေကို မလုပ်ဘဲ ရှောင်နေပြီး...

Read more »

ကတိသစ္စာ၊ တည်သောခါဝယ်

"ကတိသစ္စာ၊ တည်သောခါ၌၊ သြဇာလေးနက်၊ ပေါ်စီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏။" (ရှင်မဟာသီလ၀ံသ) ကတိတည်ခြင်း၊ သစ္စာရှိခြင်းဟူသော အကျင့်တရားများသည် လောကလူသားများအတွက် အလွန်အရေးကြီးပြီး တန်ဖိုးထားသင့်သည့် ဂုဏ်သိက္ခာများဖြစ်၏။ ကတိတည်ခြင်း၊ သစ္စာရှိခြင်းများသည် ကိုယ်ကျင့်သိက္ခာ အပိုင်းနှင့်လည်း ဆက်စပ်နေသကဲ့သို့ ကတိတည်သူ၊ သစ္စာရှိသူများသည်လည်း အကျင့်သီလမြဲသူများအဖြစ် ဂုဏ်တင့်နိုင်ကြမည် ဖြစ်၏။ ကတိသစ္စာ တည်နေသမျှ အခက်အခဲမှန်သမျှကိုလည်း ထိုအကျင့်တရားများဖြင့်...

Read more »

သဿတပိုင်ရှင် (သို့) ဗကဗြဟ္မာ

မြတ်စွာဘုရားရှင်၏ ထူးခြားသည့် အောင်မြင်ခြင်းများတွင် ဗကဗြဟ္မာကြီးအား အောင်မြင်ခဲ့သည့် အောင်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ အောင်မြင်ခြင်းဟု ဆိုသည်ထက် အယူမှားကို ချေဖျက်ပေးခဲ့ခြင်းဟု ဆိုက ပို၍သင့်လျော်မည် ဖြစ်၏။ မြတ်စွာဘုရားရှင်သည် အယူလွဲနေသည် ဗကဗြဟ္မာကြီးကို မှန်ကန်သည့် အယူဝါဒဖြင့် တည့်မှတ်ပေးခဲ့ခြင်းသာ ဖြစ်၏။ ဗကဗြဟ္မာကြီး ဆွဲကိုင်ထားသည့် အယူဝါဒမှာ သဿတဝါဒ ဖြစ်၏။ သဿတဝါဒဟူသည် “အရာအားလုံးသည် ဖောက်ပြန်ပျက်စီးခြင်း မရှိ၊ အမြဲတည်တံ့နေသည်”ဟု...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ