အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။ ဆိုတော့ကား.....

Read more »

ကောင်းတာလုပ်ပါရက်နဲ့ ဆိုးကျိုးတွေနဲ့ကြုံနေရပြီး… မကောင်းတာလုပ်တဲ့သူတွေမှာ ဘာကြောင့် ကောင်းကျိုးတွေ ဖြစ်နေရပါသလဲ…

Q.အရှင်ဘုရား…တပည့်တော်မ သိတတ်စအရွယ်ကစပြီး မကောင်းမှုအကုသိုလ်တွေကို အတတ်နိုင်ဆုံးရှောင်ပြီး ကုသိုလ်ကောင်းမှုကို ကြိုးစားလုပ်ပါတယ်။ သီလကိုလည်း အတတ်နိုင်ဆုံး လုံအောင်ထိမ်းပါတယ်။ ဒါနကတော့ ရှိရင်ရှိသလို လုပ်ပါတယ်။ ဆရာသမား မိဘတွေကိုလည်း အတတ်နိုင်ဆုံး ပြုစုလုပ်ကျွေးပါတယ်။ ဒါပေမယ့် တပည့်တော်မမှာ အဆိုးတွေပဲ ကြုံတွေ့နေရပါတယ်။ အဆင်မပြေမှုတွေနဲ့ပဲ ကြုံတွေနေရပါတယ်။ တစ်ချို့ကျတော့ မကောင်းတာတွေ လုပ်နေပေမယ့် အရမ်းကို အဆင်ပြေနေတာတွေ့ရပါတယ်။ တပည့်တော်...

Read more »

တောင့်တ၍ မရပါ…

တစ်နေ့ သံဝေဂကဗျာလေး တစ်ပုဒ်ကိုဖတ်နေစဉ် စာရေးသူအတွေးထဲ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံလေးကို သွားသတိယလိုက်မိ၏။ မဃဒေ၀မင်းကြီးသည် ခေါင်းပေါ်မှာ ဆံပင်ဖြူလေးတစ်ပင် တွေ့ရှိရသည်ကို အကြီးအကျယ် သံဝေဂဖြစ်ကာ မင်းစည်းစိမ်ကိုစွန့်ပြီး တောထွက်တော်မူသည်အထိ ဖြစ်သွားခဲ့၏။ သံဝေဂ အမှန်တစ်ကယ်ဖြစ်ပြီ၊ အမှန်ရပြီဆိုလျှင် အလွန်တုန်လှုပ်ပြီး လွတ်မြောက်မှုကို ရှာဖွေသွားတတ်ကြသည်ကို မဃဒေ၀မင်းကြီးက သက်သေပြသကဲ့သို့ ဖြစ်၏။ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံ အတွေးလေးကို ကျေးဇူးတော်ရှင်...

Read more »

ဆွဲစားခံနေရသူများ…

ဆွဲစားခြင်းဆိုတဲ့ မြန်မာစကားလုံးကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုအသုံးပြုကြပါတယ်။ အဲဒီထဲက အဓိပ္ပါယ်တစ်မျိုးက မတရားရယူခြင်း၊ အနိုင်ယူခြင်းဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲလိုအလုပ်ခံရသူကိုလည်း မတရားရယူခံရသူ၊ အနိုင်ယူခံရသူလို့ ပြောနိုင်ပါတယ်။ အခုခေတ်စကားနဲ့ အလွယ်ပြောမယ်ဆိုရင်တော့ ဆွဲစားခံရသူပေါ့။ အခုလက်တွေ့ ခံနေရသူတွေအတွက် ဆိုရင်တော့ ဆွဲစားခံနေရသူတွေပေါ့… ။ ဒါဆိုရင် အဲလို ဆွဲစားခံရသူတွေဟာ ဘယ်သူတွေဖြစ်မလဲ…။ ဘယ်လိုဆွဲစားခံရတာလဲ…။ ဘာတွေကို ဆွဲစားခံနေရတာလဲ…။...

Read more »

လုပ်ချလိုက်ပြန်ပါပြီ…

ဘုန်းဘုန်းအနေနဲ့ ကျန်းမာရေး သိပ်မကောင်းလို့ ပို့စ်ရေးတာလေးတွေ နားမလို့ကြံကာ ရှိသေးတယ် အမြင်မတော်တာတွေက ပေါ်လာပြန်တော့ သွေးမအေးခင် နည်းနည်းတော့ လုပ်လိုက်ဦးမယ်ဟဲ့ ဆိုပြီးဒီပို့စ်လေးကို ရေးလိုက်ရပြန်ပါတယ်။ တစ်ခြားမဟုတ်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ ဘုန်းကြီးပင့်စာလေးပါ။ ကဲ… ပင့်စာလေးကို အရင်ဖတ်ကြည့်ကြပါဦး။ကျောင်းထိုင် ဘုန်းတော်ကြီး အလိုရှိသည်။ (မူရင်းဖတ်ရန်)ဖင်လန် နိုင်ငံ၊ နယ်သာလန် နိုင်ငံနှင့် ဒိန်းမတ် နိုင်ငံ တွင် ရောက်ရှိနေသော...

Read more »

မြန်မာဆိုတာ…

မြန်မာဆိုတဲ့ စကားလုံးဟာ တိုင်းပြည်၊ လူမျိုးကို ကိုယ်စားပြု သုံးစွဲတဲ့ စကားလုံး ဖြစ်ပါတယ်။ ဒီစကားလုံးနောက်က နိုင်ငံနဲ့တွဲပြီး မြန်မာနိုင်ငံလို့ သုံးပါက မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပြည်နယ်တိုင်းများကို ကိုယ်စားပြုပြီး လူမျိုးနဲ့တွဲကာ မြန်မာလူမျိုးလို့ သုံးပါက မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် တိုင်းတပါး သွားတဲ့အခါမှာ...

Read more »

သီလများမှာ နေလွဲညစားမစားဖို့ ဘာကြောင့်သတ်မှတ်ရပါသလဲ…. ပြီးတော့ ပိဋကသုံးပုံသည် ဘုရားဟောတရားတော် မှန်သမျှကို မှတ်တမ်းတင်နိုင်ခြင်း ရှိ၊ မရှိ…

Q. မင်္ဂလာပါဘုန်းဘုန်း…၈ပါး၊ ၉ပါး၊ ၁၀ပါး သီလတော်မြတ်တွေမှာ ၀ိကာလဘောဇန သိက္ခာပုဒ်ပြဌာန်း သတ်မှတ်ရခြင်းရဲ့ ရည်ရွယ်ချက်လေး သိချင်ပါတယ် ဘုန်းဘုန်း.. တဏှာနည်းအောင် လုပ်တာလားမသိဘူး…။ နောက်တစ်ခု ဖိုးသားသိချင်တာက ပိဋကသုံးပုံသည် ဘုရားဟော မှန်သမျှကို မှတ်တမ်းတင်နိုင်ခြင်း ရှိပါသလား (သို့) ဘုရားရှင် ဟောကြားခဲ့သမျှသည် ပိဋကသုံးပုံတင်ပဲလား… အဲဒါလေး သိချင်ပါတယ် ဘုန်းဘုန်း..ရိုသေစွာဖြင့်ဖိုးသားA. (၁) မှန်ပါတယ်။ နေလွဲညစာမစားဖို့ ရှောင်စေခြင်းရဲ့...

Read more »

သေမှာမကြောက်ကြသူများ ...

ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။ သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာစားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြသဖြင့် ရောဂါမဖြစ်အောင်၊...

Read more »

လူပျို၊ လူလွတ်များ သာသနာ့ဘောင်မ၀င်ရင် ကုသိုလ်ရဖို့အတွက် အိမ်ထောင်ပြုသင့်သလား… ကုသိုလ်လည်းရ မိတ်ဆွေလည်းပေါဖို့ ဘယ်လိုလုပ်သင့်ပါသလဲ…

A. ဘုန်းဘုန်းတပည့်တော် စီဘောက်ကနေ မေးရင် မသင့်တော်ဘူးထင်လို့ အီးမေးနဲ့ပဲ တိုက်ရိုက် မေးပါတယ်။(၁) ဗုဒ္ဓဘာသာဝင်တွေ ဘုန်းကြီး သီလရှင် မဝတ်နိုင်ရင် အိမ်ထောင်ပြုရမယ်၊ ဒါမှ ကုသိုလ်ရတယ်ဆိုတာ မှန်မမှန် သိချင်လို့ပါ။ ရေးသားတဲ့ ဦးဇင်းက သင်္ဂါလောဝါဒသုတ်ပါ ဘုရားရှင် အဆုံးအမ ဖြစ်တယ်လို့ ဆိုထားပါတယ်။အိမ်ထောင်မရှိသေးသူများ ရိုးရိုးငါးပါးသီလထဲက ကာမေသု နေရာမှာ အဗြဟ္မစရိယာ ဝေရာမဏိ ဆိုပြီး စောင့်ထိန်းရင် ဗြဟ္မစရိယ ငါးပါးသီလ ဖြစ်တဲ့အတွက် ပိုပြီး မွန်မြတ်တယ်ဆိုတဲ့...

Read more »

ကြောက်လန့်ဖွယ်ရာ ချက်ရောဂါ…

ဘုန်းဘုန်းတို့ အခုခေတ်မှာ ရှေးတုန်းက မပေါ်ခဲ့သေးတဲ့ ရောဂါဆိုးတွေ တော်တော်လေး များပြားလာတာကို တွေ့ရပါတယ်။ အနာမျိုး ၉၆ပါးမှာ မပါတဲ့ ကြောက်စရာ ရောဂါတွေ ပေါ်လာတာကို တွေ့နေရပါတယ်။ အဲဒီထဲက ကြောက်လန့်စရာ ရောဂါတစ်ခုအဖြစ် လူတွေကို ဖမ်းစားဖျက်ဆီးနေတဲ့ ရောဂါတစ်ခုကတော့ အေ့ဒ်စ် ရောဂါဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အခုတစ်လော အဲဒီအေ့ဒ်စ် ရောဂါအပြင် နောက်ထပ်ကြောက်စရာ ရောဂါတစ်ခု ပေါ်လာပြန်ပါတယ်။ အဲဒါက ချက်ရောဂါပါ။ ချက်ရောဂါဆိုလို ဟိုတွေးဒီတွေး မတွေးလိုက်ကြပါနဲ့။...

Read more »

ကောင်းကင်ဘုံ၊ နိဗ္ဗာန်နှင့် ငရဲ… ပြီးတော့ (၃၁) ဘုံ…

Q. အရှင်ဘုရား..ခရစ်ယာန်ဘာသာဝင်များမှာ ကောင်းကင်ဘုံ (နိဗ္ဗာန်ဘုံ) နဲ့ ငရဲဘုံဆိုတာ ရှိကြောင်းမှတ်သားဖူးပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာရော သူတို့ပြောသလို နိဗ္ဗာန်ဘုံဆိုတာရှိပါသလား။ ဗုဒ္ဓဘာသာရဲ့ နိဗ္ဗာန်ဟာ သူတို့ပြောတဲ့ နိဗ္ဗာန်လိုမျိုးလား၊ ဗုဒ္ဓဘာသာမှာရှိတဲ့ ငရဲပြည်သည် ခရစ်ယာန်ဘာသာက ပြောတဲ့ငရဲဘုံနှင့် တူသလား သိချင်ပါတယ်ဘုရား…(ကပ္ပိယဆန်းကြယ်)A. (1) ဗုဒ္ဓဘာသာမှာလည်း ဘုံဆိုတာ ရှိပါတယ်။ ခရစ်ယာန်ဘာသာမှာလို ကောင်းကင်ဘုံနဲ့ ငရဲဘုံဆိုတဲ့ နှစ်မျိုးတည်းတောင်...

Read more »

စိတ်ဖြေကြတာလား… မေ့နေကြတာလား…

ဘုန်းဘုန်းဒီပိုစ်လေးကို ရေးဖို့အကြိမ်ကြိမ် ကြိုးစားရပါတယ်။ ရေးသင့်သလား… မရေးသင့်ဘူးလား… ဆိုတာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ကောင်းစေလိုတဲ့ စေတနာက အရင်းခံထားတဲ့အတွက် မကြိုက်ပေမယ့်လည်း တကယ်လို့ တစ်စုံတစ်ရာ အသိဝင်သွားလို့ ပြင်သွားရင်လည်း အမြတ်ပဲ အသိမ၀င်လို့ ဘုန်းကြီးက ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူအလုပ်ဝင်ရှုတ်တယ် ထင်ရင်လည်း ခံရုံပဲဆိုတဲ့အတွေးနဲ့ ရေးဖြစ်သွားတာပါ။ တစ်ခြားတော့ မဟုတ်ပါဘူး။ ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဖြစ်ရပြန်ပါတယ်။...

Read more »

သာသနာကွယ်ဖို့ အကြောင်းတရား၊ သာသနာကွယ်မည့်သက်တမ်း နှင့် သာသနာ နှစ် (၅၀၀၀)…

Q. ဘုန်းဘုန်း…(၁) ယနေ့ခေတ်တွင် ဘာသာရေးတွေ ကတောက်ကဆ ဖြစ်နေတာသည် သာသနာ ကွယ်ဖို့ အကြောင်းတရားတွေ များလား… (အဲလို ယူဆလိုက်ရင် မှန်လား ဘုန်းဘုန်း၊ ဖိုးသားတော့ ဒိဋ္ဌိ မလွတ်ဘူးလားလို့၊ ဒါပေမယ့် အထက်မှာ ဖိုးသား ပြောသလို အရိမေတ္တေယျ ဘုရားပွင့်ဖို့ သာသနာ ကွယ်ရမယ်၊ သာသနာသည် ပျောက်ပျက်သွားတာမျိုးမဟုတ်၊ ခေတ္တ ခဏ ငုပ်သွားခြင်းသာ ဖြစ်တယ်လို့ ဖိုးသား နာဖူးပါတယ်)(၂) သာသနာ ကွယ်မယ့် သက်တမ်း ဖြစ်နိုင်ရင် သိချင်ပါတယ် ဘုန်းဘုန်း။ နောက်တစ်ခုက(၃) သာသနာ နှစ်...

Read more »

ရောမရောက်တိုင်း ရောမလိုကျင့်သင့်ပါသလော…

``When in Rome do as the Romans do.​ ရောမရောက်ရင် ရောမလိုကျင့်`` ဟူသော စကားပုံတစ်ခု ရှိ၏။ ဤစကားပုံသည် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား ရောက်နေကြသူများအား မိမိတို့ရောက်ရှိနေသော နိုင်ငံအသီးသီး၏ မတူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည်တို့နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် သူ့နိုင်ငံရောက်လျှင် သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြရန် သတိပေးတိုက်တွန်း လမ်းညွှန်ပေးသည့် စကားပုံဖြစ်၏။ မှန်၏။ တစ်ကျောင်းတစ်ဂါထာ၊...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ