ဘဝနီတိ (၂)


မနာလိုစိတ်
*********
လောကမှာ ညံ့တဲ့သူက တော်တဲ့သူကို မနာလို ဖြစ်တတ်တယ်။
မသာတဲ့သူက သာတဲ့သူကို မနာလို ဖြစ်တတ်တယ်။ 
အဲဒီလို မနာလို ဖြစ်တာဟာ ဒေါသရဲ့ သဘော၊ ဒေါသရဲ့ မနောပဲ ဖြစ်ပါတယ်။ ဒေါသဖြစ်ရင် အဲဒီ ဒေါသစိတ်က ကိုယ့်ကိုလည်း ပူလောင်စေတတ်သလို သူများကိုလည်း ငြိမ်းချမ်းမှုကို မပေးနိုင်ပါဘူး။ ဒေါသအားကြီးရင် သေတဲ့အဆင့်တောင် ရောက်သွားတတ်ပါတယ်။ 

ဒါကြောင့် ကိုယ့်ထက်သာတဲ့ သူတွေအပေါ်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပေးတဲ့ မုဒိတာ တရားမပွားနိုင်တောင်မှ မနာလို့စိတ်တွေ မများအောင်တော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

စိတ်ကိုစင်ကြယ်အောင် လုပ်ပါ
**********************
သန့်ရှင်းတဲ့နားဟာ အကြားများတယ်
ကြည်လင်တဲ့ မျက်စိဟာ အမြင်များတယ်
စင်ကြယ်တဲ့စိတ်ဟာ အသိများတယ်

တင်းတိမ်မှု
********
တင်းတိမ်မှုဟာ အမြတ်ဆုံး ဥစ္စာပဲလို့ ဗုဒ္ဓမြတ်စွာ ဟောတော်မူပါတယ်။ ရှေးတုန်းကလူတွေဟာ အစားအစာကို ငါးပိချက်ကလေး၊ ငါးကလေးနဲ့ပဲ စားကြတယ်။ အဝတ်ကိုလည်း ကိုယ့်ဟာကိုယ် ယက်ဝတ်ကြတယ်။ စိတ်ချမ်းသာကြတာပါပဲ။ စိတ်ချမ်းသာတယ်ဆိုတာ ပေါမှချမ်းသာတာ မဟုတ်ပါဘူး။ မပေါလည်း ချမ်းသာအောင် နေတတ်ရင် ချမ်းသာနိုင်ပါတယ်။ 

ဒီနေရာမှာ တင်းတိမ်တာနဲ့ အပျင်းထူတာကို ရောမချမိဖို့ လိုပါတယ်။ ဝီရိယဆိုတာကတော့ အားစိုက်ရမှာပဲ ဖြစ်ပါတယ်။ ဝီရိယနဲ့ လောဘတဏှာဟာ တခြားစီပဲ ဖြစ်ပါတယ်။ တင်းတိမ်မှုဟာ လောဘတဏှာကို အကန့်လုပ်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ လိုချင်မှု လောဘဆိုတာ အဆုံးအပိုင်းအခြား မရှိတဲ့အတွက် လိုက်လို့ကို ဆုံးမှမဟုတ်ပါဘူး။ လိုက်လေဝေးလေ၊ လိုက်လေဆင်းရဲလေပဲ ဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်ဖို့ လောဘကို အကန့်လုပ်တဲ့အနေနဲ့ တင်းတိမ်ရောင့်ရဲနိုင်အောင် ကြိုးစားကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။ 

3 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Monday, August 27, 2012

    မင်္ဂလာပါအရှင်ဘုရား ဘုရားတပ ည့်တော်သတိရစွာရေးလိုက်ရပါသည်။ ဆရာတော်နှင့်ကျောင်းအကျိုးတော်ဆောင်များကျန်းမာချမ်းသာစွာဖြင့်ဘာသာ သာသနာအကျိုးဆထက်တဖိုး ထမ်းဆောင်နိုင်ကြပါစေ။ တပည့် ရွှန်းဝင့်နွယ်။

  • Unknown says:
    Monday, August 27, 2012

    တယ်လီဖုန်းပေါ်မှာရေးတာဖြစ်ပါ၍ရေးချင်တာများရေးမရ နိုင်ဖြစ်ရပါသည်။ဦးတင်ပါသည် ဘုရား။ မောင်ရွှန်း

  •ွှTo Ko Shoon^^
    မင်္ဂလာပါ ကိုရွှန်းရေ...။ အခုလို အွန်လိုင်းပေါ် တက်လာတာကို တကယ့်ကို အတိုင်းမသိ ဝမ်းသာလှပါတယ်။ ဒီမှာတော့ အားလုံးအဆင်ပြေအောင် လည်ပတ်နေပါတယ်။ မြန်မာပြည်မှာတုန်းက ဒကာတော်ဆီက လာမယ်လာမယ်နဲ့ ဘယ်လိုမှကို မရောက်ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒီတစ်ခေါက် ပြန်ကြွဖြစ်ရင်တော့ ရောက်ဖြစ်အောင် ကိုရွှန်းထံကို လာခဲ့ပါမယ်။ အဝေးကတော့ မေတ္တာပို့ဖြစ်နေပါတယ်။
    အထူးမှာချင်တာကတော့ စိတ်ဓာတ်မကျဘဲ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ရင်း အတွေ့အကြုံလေးတွေအတွက် စာလေးတွေ ရေးစေချင်ပါတယ်။
    မေတ္တာဖြင့်


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ