ကရုဏာထား၊ မုဒိတာ မပွားနိုင်တောင်မှ ဥပေက္ခာတရားတော့ ထားကြည့်ကြမှ

လူအတော်များများက ကိုယ်နဲ့အဆင်မပြေတဲ့သူတွေ၊ ကိုယ်မကြိုက်တဲ့သူတွေ တစ်ခုခုဖြစ်ရင် မသနားတဲ့အပြင် ဝမ်းတောင်ဝမ်းသာတတ်ကြသလို သူတို့ကိုယ့်ထက်ပိုပြီး အဆင်ပြေသွားရင်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ဖို့နေနေသာ ပိုလို့တောင် မနာလို ဖြစ်တတ်ကြပါသေးတယ်။ တကယ်တော့ အဆင်မပြေတဲ့သူတွေ၊ ဒုက္ခရောက်နေတဲ့သူတွေဆိုတာ ကိုယ်က ဝမ်းသာရမယ့်သူတွေ မဟုတ်သလို...

Read more »

အချိန်မတန်သေးလို့ပါ

မကောင်းတာတွေ လုပ်နေပေမယ့် အောင်မြင်နေတဲ့သူတွေ ရှိတတ်သလို၊ မကောင်းတဲ့ အလုပ်တွေမှာ အကျိုးပေး ကောင်းနေတဲ့သူတွေ ရှိတတ်ပါတယ်။ အဲဒီသူတွေကိုကြည့်ပြီး အားကျဖို့ မလိုပါဘူး။ ဒီလိုပဲ ကိုယ်ကကောင်းတာတွေ လုပ်နေပေမယ့် အဆိုးတွေပဲ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အခါ၊ လုပ်သမျှ အလုပ်တိုင်းမှာ အဆင်မပြေမှုတွေ ဖြစ်နေတဲ့အခါမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲဒီအခါမှာလည်း...

Read more »

Facebookက အမေးတစ်ပုဒ် (၁၁)

မေး။ Maghalulin (http://www.facebook.com/magha.lulin) အရှင်ဘုရား… မွေးနေ့အထိမ်းအမှတ်အဖြစ် သူငယ်ချင်းတွေကို အရက်ဝယ်တိုက်ပြီး အရက်ဖိုးဒကာခံပေးတာ ကုသိုလ်ရပါသလားဘုရား။ တပည့်တော်ကတော့ မသောက်ပါဘူးဘုရား။ သူငယ်ချင်းများရဲ့ ဆန္ဒကို ဖြည့်ပေးတဲ့အနေနဲ့ သူတို့ဖြစ်ချင်တာကို လုပ်ပေးတာပါဘုရား။ အဲလိုလှူတာ အကျိုးရှိမရှိ။ သူတပါးလိုအပ်တာကို ဖြည့်ပေးတာဖြစ်တဲ့အတွက်...

Read more »

ဘဝနီတိ (၂)

မနာလိုစိတ် ********* လောကမှာ ညံ့တဲ့သူက တော်တဲ့သူကို မနာလို ဖြစ်တတ်တယ်။ မသာတဲ့သူက သာတဲ့သူကို မနာလို ဖြစ်တတ်တယ်။  အဲဒီလို မနာလို ဖြစ်တာဟာ ဒေါသရဲ့ သဘော၊ ဒေါသရဲ့ မနောပဲ ဖြစ်ပါတယ်။ ဒေါသဖြစ်ရင် အဲဒီ ဒေါသစိတ်က ကိုယ့်ကိုလည်း ပူလောင်စေတတ်သလို သူများကိုလည်း ငြိမ်းချမ်းမှုကို မပေးနိုင်ပါဘူး။ ဒေါသအားကြီးရင် သေတဲ့အဆင့်တောင် ရောက်သွားတတ်ပါတယ်။  ဒါကြောင့်...

Read more »

တရားဘာကြောင့် ထိုင်ရတယ်

အွန်လိုင်းက စာဖတ်ပရိတ်သတ် ဒကာမတစ်ဦးက ဘုန်းဘုန်းကို တောင်းဆိုထားတာလေး တစ်ခုရှိပါတယ်။ “အရှင်ဘုရား အချိန်ပေးနိုင်တဲ့အခါ တရားထိုင်ခြင်းရဲ့ အနက် အဓိပ္ဗါယ်ကို ရှင်းပြပေးစေချင်ပါတယ်။ တပည့်တော်မ စိတ်ထဲမှာ အမြဲနားလည်မှတ်သားထားတာက အသေတတ်အောင် သည်းညည်းခံစိတ်ကို ထားနိုင်အောင် လေ့ကျင့်ယူတယ် ဆိုတဲ့သဘောဆိုပြီးတော့ နားလည်မိပါတယ်။ လွဲနေတယ်လို...

Read more »

စိတ်အားဖြည့် စကားစုလေးများ (၁၃)

အစွဲကင်းချင်ရင် ********** အစွဲကင်းချင်တယ်လို့ တစ်ချို့က ပြောပါတယ်။ အဲဒီလို အစွဲကင်းဖို့အတွက်လည်း ဘာလုပ်သင့်သလဲလို့  မေးပါတယ်။ ပြောရရင်တော့ အစွဲကင်းဖို့အတွက် အလွဲကင်းဖို့ လိုပါတယ်။ အလွဲကင်းဖို့အတွက် မလွဲမိဖို့ လိုပါတယ်။ မလွဲဖို့အတွက် မသိမှုကင်းဖို့ လိုပါတယ်။ မသိမှုကင်းဖို့အတွက် အသိရှိနေဖို့ လိုပါတယ်။ အသိရှိဖို့အတွက်...

Read more »

ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့

ဗုဒ္ဓဘာသာတွေရဲ့ ပန်းတိုင်ဟာ ဘာလဲလို့ မေးရင် နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ရရေးပဲ ဖြစ်ပါတယ်။ ဒါက အဆုံးစွန်ဖြစ်တဲ့ ပန်းတိုင်ပါ။ နိဗ္ဗာန် မရသေးခင် သံသရာ ကျင်လည်ရာ ကာလတစ်လျှောက်မှာလည်း ရည်ရွယ်ရာ ပန်းတိုင်တွေ ရှိပါသေးတယ်။ အဲဒီ ပန်းတိုင်တွေက  ၁။ အပါယ်မလားရေး ၂။ သုဂတိ ဘဝမှာ ချမ်းသာစွာ နေထိုင်ရေးတို့ပဲ ဖြစ်ပါတယ်။ အဲဒီ ပန်းတိုင်တွေကို...

Read more »

အတုံ့အလှည့်

တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်၊ အဆိုခံရသော သူတို့သည် သင့်ကို ပြန်လှန်ဆိုကုန်ရာ၏။ ချုပ်ချယ်သော စကားသည် ဆင်းရဲ၏ အကြောင်းတည်း၊ သူတစ်ပါးကို ဒဏ်ပြုက အတုံ့အလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။ (ဂေါတမဘုရားရှင်) လိမ်ညာပြောဆိုခြင်း၊ ချောပစ်ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကိုဆိုခြင်း၊ အကျိုးမရှိ အချည်းနှီးသော...

Read more »

ပြေးမလွှတ်ပါ ဘေးသုံးဖြာ

ရေဘေးမီးဘေး၊ ပြည်ဖျက်ဘေးကား၊ ဆယ်ရေးတစ်ရေး၊ ကယ်နိုင်သေး၏။ အိုဘေးနာဘေး၊ သေခြင်းဘေးဟု၊ ဤဘေးသုံးပါး၊ လွန်ကြီးမားက၊ သားနှင့်အမိ၊ ဖြစ်တုံဘိလည်း၊ မျက်စိအောက်တွင်၊ ရင်ခွင်တင်လျက်၊ သက်ပင်ရေးပိုင်၊ မကယ်နိုင်ဘူး၊ လက်မှိုင်ချကာ၊ နေရစွာရှင့်။ (မဃဒေဝလင်္ကာသစ်၊ မန်လည်ဆရာတော်) “ကိုယ့်သူမကယ်နိုင်၊ သူ့ကိုယ်မကယ်နိုင်”ဆိုတဲ့ စကားဟာ တခြားအရာများထက်...

Read more »

အခက်အခဲကို ရင်ဆိုင်ကြည့်ခြင်း

တစ်လောက ကိုရီးယားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာဒကာလေးအချို့ ကျောင်းကိုရောက်လာပြီး သူတို့ရဲ့ အခက်အခဲတွေကို ပြောပြကြပါတယ်။ ပြီးတော့ ဘုန်းဘုန်းဆီကလည်း အားကိုးတကြီး အကြံအဉာဏ်လေးတွေ တောင်းကြပါတယ်။ ပြည်ပမှာဆိုတော့ ဘာပဲဖြစ်ဖြစ် သိသိမသိသိ ဘုန်းကြီးကျောင်းရှိနေတာဟာ သူတို့အတွက်တော့ အားတစ်ခုပဲ ဖြစ်ပါတယ်။ အခက်အခဲ ဖြစ်နေချိန်မှာ စကားနဲ့ပဲ...

Read more »

Facebookက အမေးတစ်ပုဒ် (၁၀)

မေး။ Myat Min San  အရှင်ဘုရား တပည့်တော် ဦးတင်ပါတယ်ဘုရား။ အရှင်ဘုရားရေးသားတဲ့ တရားတွေလဲ ဖတ်ပါတယ် ဘုရား တပည်တော် တစ်ခုလောက် မေးပါရစေဘုရား။ မြတ်စွာဘုရား တရားတော်တွေကို ရွတ်ဆိုရင်ကုသိုလ် ရတယ် ဆိုတာကို ဘယ်လိုကြောင့် ဘယ်ဟာက ဘယ်လို အကျိုးပြုတယ်ဆိုတာ နဲနဲလောက် ရေးသားပေးပါဘုရား။ တပည့်တော်က ဘုရားရှီခိုးရင် ပရိတ်ကြီး ၁၁ သုတ်ထဲက မင်္ဂလသုတ်၊...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ