မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။4 Jul 10, 07:07 PMထွန်းထွန်းအရှင်ဘုရား တပည့်တော် လာလည်သွားပါတယ်ဘုရား။ တပည့်တော် အွန်လိုင်းပေါ် လာလည်ရင်း အများကျိုးအတွက် မေးခွန်းလေးတစ်ခု လျှောက်ထားပါရစေ။ မသိမှု အ၀ိဇ္ဖာအောက်မှာ ကျင်လည်နေကြရတဲ့ သတ္တ၀ါတွေကို ချုပ်ကိုင်ထားတဲ့...