အာရုံနောက်ကို စိတ်မလိုက်စေနဲ့…

စိတ်…စိတ်…စိတ်။ ဒီစိတ်က လူကို အတော်ဒုက္ခပေးတတ်ပါတယ်။ စကားလုံးလေး တစ်လုံးတည်းမို့ တော်သေးတယ် မဟုတ်ရင် ဘယ်လောက်များ ဒုက္ခပေးလိုက်မယ် မသိဘူး။ တစ်ခါတစ်လေ ဘာမှမဟုတ်ဘဲ၊ ဘယ်သူမှ မရှိဘဲ ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း ဒီစိတ်က ဒုက္ခပေးလို့ ခံနေရတာလည်း မနည်းတော့ဘူး။ အဲဒီစိတ်ကို ထိန်းကြည့်ပေမယ့် ပြောင်းလဲဖြစ်ပျက်မှုက အရမ်းမြန်တော့ ထိန်းမရဘူး ဖြစ်ဖြစ်နေတယ်။ မြန်တာမှ အခုဒီစာရေးနေ ချိန်မှာတောင် ဟိုပြေးဒီပြေး ဖြစ်နေတာ။ စိတ်ကမြန်လေ ကိုယ်ကလိုက်မမီလေ...

Read more »

သရဏဂုံနဲ့ တမလွန် အကောင်းအဆိုး…. ပြီးတော့ ဘာသာခြားနဲ့ ၀ိပဿနာ…

Q. ဘုန်းဘုန်း နေကောင်း ကျန်းမာပါလား ဘုရား..တပည့်တော်ကို ဦးဇင်းတစ်ပါးက သိချင်တဲ့ အကြောင်းလေးတွေ မေးခိုင်းလို့ပါဘုရား..၁။ ဗုဒ္ဓဘာသာ တစ်ယောက်က အခြေအနေ တစ်ခုကို မလွန်ဆန်နိုင်လို့ တခြားဘာသာဝင် တစ်ဦးအဖြစ် လက်ခံလိုက်ရတယ်၊ အဲဒီလူရဲ့ စိတ်က အဲဒီဘာသာကို မကြည်ညိုပေမယ့် အဲဒီဘာသာရဲ့ ထုံးတမ်းစဉ်လာကို တစ်သက်လုံး လုပ်ခဲ့ရတယ် (ဘယ်လို အလုပ်မျိုးလဲတော့ မမေးလိုက်မိဘူး ဘုရား) ဆိုရင် အဲလိုလူ တစ်ဦးမှာ အပြစ်ဖြစ်နိုင်သလား ဘုရား၊ သရဏဂုံကော ပျက်သွားမလား...

Read more »

နိုင်ငံခြား သာသနာပြု ဆိုရာဝယ်…

ဘုန်းဘုန်းတို့ မြန်မာပြည်ပြန်ကြွတဲ့အခါ မြန်မာပြည်မှာရှိတဲ့ သာသနာ့ညီအစ်ကို ရဟန်းတော်များက ပြည်ပသာသနာပြု အတွေ့ကြုံနဲ့ ပတ်သက်လို့ သိချင်တာတွေ မေးကြပါတယ်။ တစ်ချို့က နိုင်ငံခြားမှာ နေရတဲ့အခက်အခဲ၊ တစ်ချို့က နိုင်ငံခြားသာသနာပြု ရဟန်းတော်များ ပြည့်စုံရမယ့် အရည်အချင်း၊ တစ်ချို့က ကြိုတင်ပြင်ဆင်ထားရမယ့် လိုအပ်ချက်များ စသည်စသည်ဖြင့် မေးခွန်းအစုံပါပဲ။ ဘုန်းဘုန်းအနေနဲ့ သာသနာ့ ညီအစ်ကိုများကို ပြန်လည်မေးမြန်း လျှောက်ထားမိတာကတော့ ``အရှင်ဘုရားတို့...

Read more »

မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၂)…

မေတ္တာကမ္မဋ္ဌာန်း အဆက်...အနောဓိသခေါ် ရည်ညွန်းပိုင်းခြားမှု မရှိတဲ့ ပုဂ္ဂိုလ် (၅)မျိုးက၁။ သဗ္ဗေသတ္တာ - အလုံးစုံသော ခန္ဓားပါး၌ ငြိကပ်တွယ်တာခြင်း ရှိကုန်သော သတ္တ၀ါများ၂။ သဗ္ဗေပါဏာ - အလုံးစုံသော ထွက်သက်ဝင်သက်ရှိကုန်သော သတ္တ၀ါများ၃။ သဗ္ဗေဘူတာ - အလုံးစုံသော ကံကိလေသာကြောင့် ထင်ရှားဖြစ်ကုန်သော သတ္တ၀ါများ၎။ သဗ္ဗေပုဂ္ဂလာ - အလုံးစုံသော ငရဲကျရောက်ခြင်း သဘောရှိကုန်သော သတ္တ၀ါများ၅။ သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ - အလုံးစုံသော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကုန်သော သတ္တ၀ါများ...

Read more »

မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၁)…

မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်မယ့် ပုဂ္ဂိုလ်ဟာ မပွားခင် သိထားရမှာက (၁) အရင်ဆုံး အစပြုပြီး မပွားများသင့်တဲ့ပုဂ္ဂိုလ်၊ (၂) သီးသန့် မပွားများသင့်တဲ့ ပုဂ္ဂိုလ်နဲ့ (၃) လုံးဝ မပွားများသင့်တဲ့ ပုဂ္ဂိုလ်တွေကို သိထားဖို့ လိုအပ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်း စပွားများတဲ့ ပုဂ္ဂိုလ်တွေဟာ၁။ မချစ်မနှစ်သက်တဲ့ပုဂ္ဂိုလ်၂။ အရမ်းချစ်ခင်နှစ်သက်တဲ့ပုဂ္ဂိုလ်၃။ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၎။ ရန်သူပုဂ္ဂိုလ် ဖြစ်တဲ့ ဒီပုဂ္ဂိုလ်လေးယောက်ကို အရင်ဆုံးစပြီး မပွားများသင့်ပါဘူး။...

Read more »

လူ့စိတ်၊ လူ့သဘော…

လူ၏အကြိုက်၊ ဆယ်ခါလိုက်လည်းမလိုက်တစ်ခါ၊ ရှိခဲ့ပါမူကြီးစွာရန်သူ၊ စွဲမှတ်ယူ၏။ငယ်ငယ်ကတည်းက ရထားသည့် ဆုံးမစကားလေး ဖြစ်ပါ၏။ မိမိက အစဉ်ကောင်းခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် တစ်ခါမလိုက်လျောမိသည့်အခါ၊ ထိုမလိုက်လျောခဲ့မှုကြောင့် ယခင်ကောင်းခဲ့သည် များကိုပါမေ့ပြီး အပြစ်ပြောခံ အကဲ့ရဲ့ခံရသည်များနှင့် ကြုံရသည့်အခါ အထက်ပါ ဆုံးမစကားလေးကို ရွတ်ကာ မိမိကိုယ်ကိုမိမိ ပြန်လည်ဆုံးမနေဖြစ်၏။ ထို့အတူ မိမိနှင့် နီးစပ်ရာများကိုလည်း ထိုဆုံးမစကားလေးကို ရွတ်ဆိုကာ...

Read more »

အကောင်းဆုံး ပြန်လည်တုံ့ပြန်ခြင်း…

မကြာသေးမီက ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း အတည်ပြုမဲပေး သတ်မှတ်ပြီးနောက်မှာ ဗုဒ္ဓဘာသာကို ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုများ ပိုမိုတိုးပွားလာခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အမှန်သစ္စာတရားကို ရှာဖွေကျင့်ကြံ လိုက်နာသူများလည်း များပြားလာခဲ့ပါတယ်။ စစ်မှန်တဲ့ သစ္စာတရားဆိုတာ ကမ္ဘာပျက်သော်လည်း မပျက်ဘဲ တည်ရှိနေပြီး အချိန်မရွေး ပြန်လည်ထွန်းကားလေ့ ရှိတယ်ဆိုတာ ဗုဒ္ဓဘာသာက အထင်အရှားပြခဲ့ပါတယ်။ ဒါကြောင့်လည်း...

Read more »

သူကြီးဘုရား ရွာသားကောင်းမှု (သို့) ဘုရားဒကာ သူကြီးနဲ့ ရွာ…

ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၇-၁-၂၀၁၀)နေ့က ၁လပိုင်း ၁၅ရက်နေ့မှာ ပြည့်ခဲ့တဲ့ ဘုန်းဘုန်းရဲ့ ၃၅နှစ်ပြည့် မွေးနေ့အလှူပွဲကို ကျင်း ပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဆရာတော်အလှူပွဲ ဖြစ် တဲ့အတွက် အားလုံး စည်စည် ကားကား သိုက်သိုက် မြိုက်မြိုက် မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ ပါတယ်။ ပင့်သံဃာများ၊ သီလရှင် ဆရာလေးများနဲ့ မြန်မာ၊ ကိုရီးယား ဧည့်ပရိတ်သတ်များ စုစုပေါင်း ၁၅၀ကျော်ကျော်...

Read more »

ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ရာတွင် အသံမထွက်ဘဲ ရွတ်ကောင်း၊ မရွတ်ကောင်း…

Q.အရှင်ဘုရား…ပဋ္ဌာန်းဒေသနာတော်နှင့် မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ရာတွင် အသံမထွက်ပဲ ရွတ်ကောင်းပါလားဘုရား…moon(ksdh)A. ဒီနေရာမှာ ရွတ်ဖတ်ပူဇော်သူရဲ့ စိတ်ရည်ရွယ်ချက်နဲ့ ရွတ်ဖတ်မှုကို လိုက်ပြီးပြောဖို့ လိုပါတယ်။ အကယ်၍ ကိုယ်က တစ်စုံတစ်ယောက်အတွက် ဘေးဥပါဒ် အန္တရာယ်အပေါင်းမှ ကာကွယ်ပေးလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ကိုယ့်ကိုယ်ကို “အလကားနေတာထက်စာရင် စိတ်မှာဗုဒ္ဓဓမ္မများကို အာရုံပြု ရွတ်ဆိုနေတာက ပိုကောင်းပါတယ်”ဆိုတဲ့ ကုသိုလ်ရလိုတဲ့ အတွေးနဲ့ စိတ်ကနေ အာရုံပြု...

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း…

ဒီပို့စ်လေးဟာ ၀ိပဿနာတရားကို အတော်အသင့် အားထုတ်းဖူးသူများ၊ အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိထားသူများ၊ ၀ိပဿနာ ဉာဏ်အဆင့်အတန်း အထိုက်အလျှောက် မြင့်ထားသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ဘဲ ၀ိပဿနာအလုပ် တစ်ခါမှ မလုပ်ဖူးသူများ၊ စမ်းပြီးတရား အားထုတ်ချင်ပေမယ့် ဘယ်လိုအားထုတ်ရမယ်ဆိုတဲ့ အခြေခံ အားထုတ်နည်းကိုပင် မသိသူများ စသူတို့အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အနေဖြင့် သေသေချာချာ အချိန်ယူပြီး နားလည် သဘောပေါက်အောင်...

Read more »

သေဖို့ တစ်နှစ်နီးခဲ့လေပြီ…

ဒီနေ့ ၁လပိုင်း ၁၅ရက် ဘုန်းဘုန်းမွေးနေ့ပါ။ ဘာလိုလိုနဲ့ ဘုန်းဘုန်းတောင် အသက် ၃၅နှစ်ပြည့်ခဲ့ပါပြီ။ သေဖို့ တစ်နှစ်နီးခဲ့လေပြီပေါ့။ ခုခေတ် ယေဘုယျသက်တမ်းအရ ပြောရရင် သက်တမ်းတစ်ဝက် ကျိုးခဲ့ပါပြီ။ ဒါတောင် သက်တမ်းအရမို့လို့ တစ်ဝက်လို့ ပြောရတာပါ။ မမြင်နိုင်တဲ့ သေခြင်းတရားအရ ပြောရရင် မကြာခင် သက်တမ်းကုန်ရင်လည်း ကုန်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ သေဖို့ပိုပြီး နီးသွားတယ်ဆိုတာပါပဲ။ ရှေ့ဆက် ဘယ်လောက် အသက်ရှည်ဦးမယ်ဆိုတာ ပြောလို့မရပေမယ့်...

Read more »

ရုန်းမထွက်နိုင်သေးသမျှ…

မြတ်ဗုဒ္ဓ၏ တရားဦးဒေသနာတော်ဖြစ်သည့် ဓမ္မစကြာ ဒေသနာတော်ကိုဖတ်ရင်း သမုဒယသစ္စာအဖွင့်ကို အထူးသတိထားပြီး ဖတ်ဖြစ်၏။ ဒုက္ခအားလုံးသည် ဤသမုဒယကြောင့် ဖြစ်သဖြင့် သမုဒယသည် အကြောင်းတရား ဖြစ်ပြီး ဒုက္ခသည် အကျိုးတရား ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်မိ၏။ ဗုဒ္ဓက သမုဒယဟူသည် တဏှာပင်ဖြစ်ပြီး ထိုတဏှာသည် ကာမဂုဏ်တို့တွင် တပ်မက်တွယ်တာ ကပ်ငြိတတ်သည့် ကာမတဏှာ၊ အရာရာမြဲသည်၊ ရှိသည်စသည်ဖြင့် ဖြစ်သမျှဘ၀ကို တပ်မက်တတ်သည့် ဘ၀တဏှာနှင့် အရာအားလုံးသည် သေလျှင်ပြတ်ပြီဖြစ်သဖြင့်...

Read more »

ပျက်စီးချိန်တန်သော်…

“ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်ဆီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)လောကသားတိုင်း ရှောင်လွဲမရ မဖြစ်မနေ ကြုံတွေ့ရမည့် တရားတစ်ခုကား အတက်အကျ၊ အနိမ့်အမြင့် ဟူသော လောကဓမ္မခေါ် လောကဓံတရားပင် ဖြစ်၏။ မည်သည့်အရာမျှ...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ