တောင်းဖို့ထက် ရှောင်ဖို့က အဓိက…

မကြာသေးခင်က ဖြစ်ပါတယ်။ နိုင်ငံခြားမှာရောက်နေတဲ့ ဒကာတစ်ယောက်က ဖုန်းဆက်ပြီး လျှောက်ထားလာပါတယ်။ သူက “ဘုန်းဘုန်းဘုရား တပည့်တော်မေးလျှောက်စရာ နည်းနည်းရှိလို့ပါဘုရား၊ လွန်ခဲ့တဲ့ သုံးရက်လောက်က တပည့်တော်ရဲ့ အမေဆုံးသွားပါတယ်။ အခုဆိုရင်တော့ အသုဘ ချနေလောက်ပါပြီ၊ အမေဆုံးသွားတဲ့အကြောင်း သိရတော့ တပည့်တော်မှာ အတွေးပေါင်းစုံ ဝင်နေခဲ့ပါတယ်။ အဝေးကြီးကိုရောက်နေတဲ့ တပည့်တော်မှာ မိဘတွေ စားဝတ်နေရေး အဆင်ပြေစေဖို့ ပစ္စည်းဝတ္ထုရှာဖွေ ပေးနိုင်ပေမယ့် ကိုယ်တိုင်ကိုယ်ကျ...

Read more »

အမှန်ပင် မင်္ဂလာရှိခဲ့ပါ၏

၂၉-၅-၂၀၁၁ရက်၊ တနင်္ဂနွေနေ့၊ မနေ့က ဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ဆရာ ကန်တော့ပွဲနဲ့ စာပေ ဆွေးနွေးပွဲလေး ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဆရာဒကာ ညီညာပေါင်းစုလို့ ကောင်းမှုတွေ ပြုလုပ်ဖြစ်ခဲ့ကြတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဒီကုသိုလ်ပွဲကတော့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှု အမျိုးမျိုးတွေထဲက မတူညီတဲ့ တမူထူးခြား ကုသိုလ်တရား...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၁)...

အသေထွက် အရှင်ထွက်နဲ့ ဗုဒ္ဓဘာသာမြန်မာဗုဒ္ဓဘာသာများကြားမှာ အသေထွက်၊ အရှင်ထွက်ကိစ္စက တော်တော်ကို အပြောများပြီး အယုံအကြည်လည်း များနေတာကို တွေ့ရတတ်ပါတယ်။ တစ်ခါတလေ မြန်မာပြည်အနှံ့ ဟိုဟိုဒီဒီ ကြွတဲ့အခါ ကားဂိတ်ရထားဂိတ်တွေမှာ ဘုရားပုံ၊ ဘုန်းကြီးပုံ၊ ဘိုးတော်ဘွားတော်ပုံတွေ လိုက်ရောင်းတဲ့ ဈေးသည်များရဲ့ “ဒီဆရာတော်က နှစ်ဘယ်နှစ်ထောင် ရှိပြီ၊ ဒီပုံက ဟိုအရှင်ထွက် ဆရာတော်ကြီးရဲ့ပုံ၊ ဒီဆရာတော်ကြီးက ဘယ်လိုထွက်ရပ်ပေါက်တာ၊ ဒီပုံကို ပူဇော်ရင် ဘာဖြစ်မယ်၊...

Read more »

ဒယ်ဂူး စာပေဆွေးနွေးဝိုင်း အသိပေးဖိတ်ကြားခြင်း

၂၀၁၁ ကိုရီးယား စာပေပွဲကျင်းပရေး ကော်မတီနှင့် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်များ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွတ်ထားသည့် နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့်၊ နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်နှင့် ကိုရီးယားနိုင်ငံ အောက်ပိုင်းရှိ စာပေချစ်ခင်သူတို့၏ စာပေဆွေးနွေးဝိုင်းနှင့် ဆရာတပည့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီပွဲကို...

Read more »

လစဉ်ဟောကြား မြတ်တရား (၄)

အဟောင်းလည်းစား အသစ်လည်းပွားလစဉ်ကျင်းပ ပြုလုပ်လာခဲ့တဲ့ တစ်လတစ်ကြိမ် အထူးတရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ၂၂-၅-၂၀၁၁ရက်၊ တနင်္ဂနွေနေ့မှာ အစဉ်မပြတ် ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အလှူပွဲဆက်တွေ များတဲ့အခါ တနင်္ဂနွေနေ့တွေမှာတောင် အလုပ်ဆင်းနေရတဲ့ သူတွေအတွက် ပင်ပန်းပြီး မအားမလပ်ဖြစ်မှာဆိုးလို့ တနင်္ဂနွေနေ့တိုင်း မလုပ်ဘဲ တစ်လတစ်ခါလောက် လုပ်ကြဖို့ စီစဉ်ထားပေမယ့် အခုလမှာတော့ မထင်မှတ်တဲ့ နာရေးပွဲတွေက ပေါ်လာခဲ့တဲ့အတွက် တနင်္ဂနွေနေ့တိုင်းလိုလို...

Read more »

မေတ္တာအကြောင်း တစ်စေ့တစ်စောင်း…

“မေတ္တာသည် အလျားအနံ မရှိသော်လည်း အသွားအပြန်ရှိသည်” ဟူသော ဆိုရိုးစကား တစ်ခုရှိ၏။ မေတ္တာ အားကောင်းလျှင် ထိုမေတ္တာ၏အစွမ်းသည် အလွန်မုန်းသည့်သူကိုပင် ယဉ်ကျေးစေ၊ ကြမ်းတမ်းသည့် သူကိုပင် နူးညံ့စေ၊ ဝေးနေသောသူကိုပင် နီးနေစေပေ၏။ မေတ္တာအားကောင်းလျှင် မိမိက မျှော်လင့်မထားသော်လည်း ရောက်ရာအရပ်တိုင်းတွင် လူလည်းချစ်သကဲ့သို့ နတ်လည်းချစ်ခြင်းကို ခံရတတ်၏။ လူလည်းမစသကဲ့သို့ နတ်လည်းမစခြင်းကို ရရှိတတ်၏။ လူလည်းကူညီသကဲ့သို့ နတ်လည်းကူညီခြင်းကို ခံရတတ်၏။ မေတ္တာဓာတ်အားကောင်းသည့်သူ၏...

Read more »

ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ပါ…

မှတ်မှတ်ရရ ပြီးခဲ့တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ၁၇-၅-၂၀၁၁ရက်နေ့က ဖြစ်ပါတယ်။ အော်စီမှာ ရောက်နေတဲ့ ဒကာတစ်ယောက်က ဗုဒ္ဓနေ့မှာ အရှင်ဘုရားကို သတိတရ ဖုန်းဆက်ပြီး ဦးတင်တာပါဘုရားလို့ လျှောက်ထားရင်း သူသိချင်တာလေးတွေလည်း မေးမြန်းလျှောက်ထားလာပါတယ်။ ထူးထူးခြားခြား သူမေးတဲ့ မေးခွန်းထဲမှာ ဒီနေ့ခေတ် သူတို့လို ဗုဒ္ဓဘာသာဝင်တွေအတွက် ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး အခက်တွေ့နေတဲ့ အချက်လည်း ပါဝင်ပါတယ်။ သူက “ဘုန်းဘုန်း သိတဲ့အတိုင်းပဲဘုရား အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ...

Read more »

လောဘ..? ဆန္ဒ..?

ကိလေသာ ဆယ်ပါးတွင် လောဘသည် တစ်ပါးအပါအဝင်ဖြစ်၏။ လောဘသည် သတ္တဝါများအား ပူလောင်မှုကို ဖြစ်စေသဖြင့် ထိုလောဘကို ပယ်သတ်နိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်းကိုလည်း ဗုဒ္ဓဘာသာအများ လက်ခံထားကြ၏။ သို့သော် အချို့က ထိုလောဘ၏ သဘောအမှန်ကို မသိကြသဖြင့် သို့လောသို့လော သံသယများ ရှိနေတတ်ကြ၏။ လောဘ၏ သဘောလက္ခဏာနှင့် စပ်လျဉ်း၍ လိုချင်တပ်မက်မှုကို လောဘဟုဆိုကြောင်း ဖွင့်ဆိုသဖြင့် လောဘနှင့် ပတ်သက်သည့် မေးခွန်းများကို အများအပြား အမေးခံရဖူး၏။ အချို့က “ကုသိုလ်လိုချင်ခြင်းသည်...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၀)...

ပံသုကူ (ပံ့သကူ) အလှူနဲ့ ထီပေါက်မှု/ မပေါက်မှုမနှစ်က ဘုန်းဘုန်းမြန်မာပြည်မှာရှိတုန်း ပို့ချခဲ့တဲ့ သင်တန်းတစ်ခုမှာ သင်တန်းသားတွေကို မသိတာရှိရင် မေးပါဆိုတော့ ဒကာမကြီး တစ်ယောက်က “ဘုန်းဘုန်းဘုရား ပံ့သကူပစ်ရင် ထီပေါက်တယ်ဆိုတာ ဟုတ်လားဘုရား” လို့ မေးဖူးပါတယ်။ ဒကာမကြီးရဲ့ အမေးကိုကြားတော့ “ဘယ်ကဘယ်လို ကြားလာတာလဲ ဒကာမကြီးရယ် အဲဒီလိုဆို ဘုန်းဘုန်းတို့လည်း ဒီပေါက်အောင် ပံ့သကူပဲ ပစ်နေမှာပေါ့”လို့ ပြန်ပြောရင်း မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓဘာသာအချို့ရဲ့...

Read more »

ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် ဗုဒ္ဓဘာသာ မိတ်ဆက်...

ဒီစာစုလေးကို ဗုဒ္ဓဘာသာဝင် လူငယ်များလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ တစ်ခြားဘာသာဝင် လူငယ်များနဲ့ ယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင် လူငယ်များ အနေနဲ့ ကိုယ့်ဘာသာအကြောင်း ဘာမှဂဃဏန မသိဘဲ ဖြစ်နေလို့ သူတို့သူတို့လေးတွေကို ရည်ရွယ်ပြီး တင်ပြပေးလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပြောတော့ လူကြီးတွေက သူတို့မပါဘူးလို့လည်း ထင်နေကြဦးမယ်။ လူကြီးတွေလည်း အသက်ကြီးနေလို့ သီးသန့်ခေါင်းစဉ် မတပ်လိုပေမယ့် မသိသူတွေ များနေမယ်ဆိုတာတော့ အတော်များများက လက်ခံကြမှာပါ။...

Read more »

ကျေးဇူးတရား ဘယ်လိုဆပ်ရမလဲ ..

Q. ဘုန်းဘုန်း သိချင်တာလေး ရှိလာလို့ ရိုသေစွာ မေးလျှောက်အပ်ပါတယ် ဘုရား။တစ်နေ့က တပည့်တော် ဘုရားခန်းထဲထိုင်နေရင်း ကျေးဇူးတရားအကြောင်း ပြန်စဉ်းစားမိတယ်ဘုရား။ တပည့်တော် သိတာက၁။ ကျေးဇူးသိတတ်ရမယ်၂။ သိတဲ့အတိုင်းလည်း ပြန်ဆပ်ရမယ်၃။ မဆပ်နိုင်တောင် ကျေးဇူးကို ချေဖျက်တဲ့အရာမျိုး မလုပ်ရဘူး.. စသဖြင့်မိဘ၊ ဆရာသမား၊ မိတ်ဆွေတွေလိုမျိုး လူပုဂ္ဂိုလ်တွေအပေါ် ကျေးဇူးဆပ်တာတော့ ထိုက်သင့်သလောက် တပည့်တော် နားလည်ပါတယ် ဘုန်းဘုန်း။ အကောင်းဆုံးကျေးဇူးဆပ်နည်းက...

Read more »

မရှိမကောင်း၊ ရှိမကောင်း (သို့) မရှိမကောင်း ရှိမှကောင်း…

စည်းစိမ်ဥစ္စာတွေ၊ ရာထူးဌာနန္တရတွေ၊ အသုံးအဆောင် ပစ္စည်းဝတ္ထုတွေဟာ လူတွေအတွက် လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ ရှိထားရင်ကောင်းသလို အသုံးလည်းတည့်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဒီအရာတွေကြောင့်ပဲ လူတွေမှာ မကောင်းတာတွေ ဖြစ်ပေါ်နေပြီး ဒုက္ခတွေ ထပ်တိုးနေတာတွေလည်း ရှိနေပြန်ပါတယ်။ ပစ္စည်းဥစ္စာတွေဆိုတာ ရှိထားရင် ဘဝမှာ နေရထိုင်ရာတာ သက်သောင့်သက်သာ ရှိတတ်ပေမယ့် ရှိလာရင်လည်း ရှိတဲ့အလျောက် ပူရပင်ရ၊ စိုးရိမ်ကြောင့်ကြ နေရတတ်ပြန်ပါတယ်။ သိပ္ပံပညာများ တိုးတက်လာတာနဲ့အမျှ...

Read more »

လုံအောင်မိုးထား စိတ်၊ အိမ်များ…

“မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏”(ဂေါတမမြတ်စွာဘုရား)တစ်ခါက ရန်ကုန်မှ တိုက်ကြီးသို့ တရားဟောကြွစဉ် လမ်းဘေးကျေးရွာများရှိ ဆောက်လက်စ၊ မိုးလက်စ အိမ်လေးများကိုကြည့်ကာ အတွေးပွားခဲ့ဖူး၏။ တရားဟောစဉ်မှာလည်း ထိုအတွေးစလေးများကို ထည့်သွင်းဟောကြား ပေးခဲ့ဖူး၏။ တွေးမိခဲ့သည့် အတွေးစလေးများမှာ အိမ်များအကြောင်းပင် ဖြစ်၏။...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ