စကားနောက် တရားပါ…

လူတိုင်းလူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း ပြောတတ်ကြသလို မမှန်တဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ကောင်းတဲ့စကားလည်း ပြောတတ်ကြသလို မကောင်းတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ အနှစ်ရှိတဲ့စကားလည်း ပြောတတ်ကြသလို အနှစ်မရှိတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ဘယ်လိုစကားမျိုးပဲ ပြောပြော စကားဟာ ပြောပါများလာရင် အဲဒီစကားနောက်ကို တန်ပြန်သက်ရောက်မှုတွေက ရောက်လာတတ်ပါတယ်။ ကောင်းတဲ့စကား အပြောများရင်လည်း ကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်သလို မကောင်းတဲ့...

Read more »

ပညတ်နှင့် ပရမတ်…

ပညတ်နှင့် ပရမတ်ဟူသော စကားများကို အတော်များများ ကြားသိနေကြမည် ဖြစ်၏။ စာပေများတွင်လည်း အရေးများသကဲ့သို့ ဆရာတော် အတော်များများကလည်း ဟောပြောပေးနေသဖြင့် ရင်နှီးနေသော စကားများ ဖြစ်၏။ သို့သော် တိကျသည့် အဓိပ္ပါယ်နှင့် ဆိုလိုရင်းကိုကား မသိသူများလှ၏။ အများပညတ်ဟူ၍ ပညတ်နေကြ၊ အများပရမတ်ဟူ၍ ပရမတ်နေကြသော်လည်း ထိုစကားများ၏ အနက်အဓိပ္ပါယ်ကို ပြောပါဟုဆိုသော် မပြောနိုင်သူက များနေကြမည်သာ ဖြစ်၏။ အချို့မှာ ပညတ်ဟူသော စကား၊ ပရမတ်ဟူသော စကားများကို တွင်တွင်သုံးနေကြသော်လည်း...

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၄)…

တစ်ခါက တရားအားထုတ်နေတဲ့ ဒကာလေးတွေနဲ့တွေ့တုန်း တရားအားထုတ်တာနဲ့ ပတ်သက်ပြီး သူတို့မေးတဲ့ မေးခွန်းလေးတွေကို ဖြေပေးခဲ့ရပါသေးတယ်။ သူတို့ထဲက ဒကာလေးတစ်ယောက်က “ဘုန်းဘုန်းဘုရား… တရားအားထုတ်တဲ့အခါ ဝေဒနာကို ရှုမှတ်နေရင်း စိတ်ကိုပါ လိုက်ပြီး ရှုမှတ်လို့ ရပါသလားဘုရား…၊ အဲဒီလို စိတ်ကိုမှတ်လိုက်၊ ဝေဒနာကို မှတ်လိုက်၊ ထွက်သက်ဝင်သက်ကို မှတ်လိုက် လုပ်လို့ကော ရပါသလား ဘုရား..” လို့ မေးလျှောက်ဖူးပါတယ်။ ဘုန်းဘုန်းက သူတို့အမေးတွေကို မဖြေသေးခင် သူတို့ကို...

Read more »

ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ့…

ဒီနေ့ကတော့ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်အရ ၁၃၇၂ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ သို့မဟုတ် မေတ္တာအခါတော်နေ့ပဲ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရလောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့ နေ့ထူးနေ့မြတ်များ ရှိနေပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ စသဖြင့် သတ်မှတ်ကြသလို ၀ါခေါင်လပြည့်နေ့ကိုလည်း မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ကုသိုလ်ကောင်းမှု...

Read more »

မရှိတာထက် မသိတာခက်…

မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ “မြန်မာဆိုရိုးစကား”ဆိုတဲ့ စာအုပ်ကိုဖတ်ရင်း “မရှိတာထက် မသိတာခက်” ဆိုတဲ့ ဆိုရိုးလေးကို ဖတ်မိတော့ လက်တွေ့ဘ၀ တွေ့ကြုံရတာလေးတွေကို သတိရမိပါသေးတယ်။ ဒီဆိုရိုးလေးနဲ့ ပတ်သက်ပြီး စာအုပ်ထဲမှာတော့ “ပစ္စည်းဥစ္စာ မရှိတာထက် မသိတတ်သည်က ပို၍ခက်သည်” လို့ ဖွင့်ဆိုရှင်းပြထားပါတယ်။ လက်တွေ့ဘ၀မှာလည်း ဒီအဖွင့်ထဲကလိုပဲ ပစ္စည်းဥစ္စာ မရှိတာထက် အသိဉာဏ်မရှိဘဲ မသိတတ်တဲ့သူတွေကြောင့် ဟိုဟိုဒီဒီ ကိစ္စများမှာ အခက်အခဲ ပိုဖြစ်ရတာတွေကို သတိပြုမိနေပါတယ်။...

Read more »

သီလ၀ိသုဒ္ဓိ…

သီလ၀ိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု အလွယ်နားလည်ထားနိုင်၏။ စင်ကြယ်ခြင်းကို ပါဠိစကားဖြင့် သုဒ္ဓိဟု ဖွင့်ပြ၏။ ၀ိသုဒ္ဓိဟုဆိုလျှင်ကား အထူးစင်ကြယ်ခြင်းဟု ၀ိသေသတပ်ကာ ပြောနိုင်ပေ၏။ ၀ိသုဒ္ဓိမဂ် ကျမ်းပြုဆရာ အရှင်မြတ်က ၀ိသုဒ္ဓိဟူသော စကားကို နိဗ္ဗာန်ဟူသော အဓိပ္ပါယ်အထိ ဖွင့်ဆိုရှင်းပြ၏။ မည်သို့ဆိုစေ စင်ကြယ်မှု၏ အရေးကြီးမှုကို ဖွင့်ဆိုရှင်းပြထားခြင်းပင် ဖြစ်ပါ၏။ ထိုစင်ကြယ်မှုတွင် အထက်အထက် မဂ်ဉာဏ်များရရှိနိုင်စေရန် လှေကားစောင်းတန်း သဖွယ်ဖြစ်သည့်...

Read more »

Live Questions and Answers (8)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။2 Aug 10, 01:00 AMအတီး၁၀ ပါးသီလ ဆောက်တည်ချင်ရင် လက်ဝယ်ရှိငွေကို တစ်နေရာရာ သိမ်းထားပြီး ယူမသုံးဘဲ ရက်အကန့်အသတ်နဲ့ နေပြီး ဆောက်တည်လို့ ရပါလားဘုရား။2 Aug 10, 05:52 AMမနာပဒါယီ >>>အတီးဆောက်တည်လို့ ရပါတယ်။...

Read more »

ကိုယ်ပန်းပေမယ့် စိတ်လန်းပါတယ်…

ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၅-၈-၂၀၁၀)ရက်နေ့က တောင်ကိုရီးယား နိုင်ငံ၊ဂယောင်ဂီဒို၊ ဂွန်ဂျူးမြို့ မှာရှိတဲ့ ပုဂံမြန်မာ စတိုးနဲ့ စားသောက်ဆိုင် မှာ ကျင်းပပြုလုပ် တဲ့ ၀ါဆို သင်္ကန်း ကပ်ပွဲနဲ့ အထူးတရားပွဲကို ကြွရောက်ပြီး တရားစကား ဟောကြားပေးဖြစ်ခဲ့ပါတယ်။ ဂယောင်ဂီဒို ဂွန်ဂျူးဆိုတာ အခု ဘုန်းဘုန်းနေတဲ့ ဒယ်ဂူးမြို့နဲ့ဆို အလွန်ဝေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သွားရေးလာရေးကလည်း...

Read more »

ကုသိုလ်နဲ့ အကုသိုလ်…

တရားပွဲတစ်ခုမှာ ကုသိုလ်နဲ့ ပတ်သက်ပြီး အထူးပြု ဟောပြောဖြစ်ခဲ့ပါတယ်။ တရားခေါင်းစဉ်လေး အမည်ပေးပြီး အဲဒီကောင်းစဉ်နဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မပြောခင် တရားနာ ပရိတ်သတ်တွေကို “ကုသိုလ်ဆိုတာ ဘာလဲ…”လို့ အရင်ဆုံး မေးစမ်းကြည့်လိုက်တော့ ထုံးစံအတိုင်း မြန်မာတရားနာ ပရိတ်သတ်ရဲ့ အဖြေက ဟိုလိုလို ဒီလိုလို ၀ါတားတားရယ်ပါ။ တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းမှုကိုပြောတာပါဘုရား..” လို့ ဖြေကြသလို တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းတဲ့အလုပ်ကို ပြောတာပါဘုရား..”လို့...

Read more »

တကယ်လုပ်ရင် တကယ်ရမယ်…

တရားတော်ရဲ့ ဂုဏ်တော်ခြောက်ပါးမှာ “သန္ဒိဋ္ဌိက”ဂုဏ်တော်ဆိုတာ ရှိပါတယ်။ ကိုယ်တိုင်ဒိဋ္ဌမျက်မြင် သိမြင်နိုင်တဲ့ ဂုဏ်တော်ပါ။ မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ ဟောတော်မူတဲ့အတိုင်း၊ လမ်းညွန်တဲ့အတိုင်း လိုက်နာကျင့်သုံး နိုင်မယ်ဆိုရင် ဘယ်သူမဆို ကျင့်သုံးနိုင်တာနဲ့အမျှ အကျိုးတရားကို ပြန်လည်ရရှိစေနိုင်တဲ့ အစွမ်းဂုဏ်အင် ရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ယုံကြည်မှုသဒ္ဓါတရား၊ ပြတ်သားတဲ့ စေတနာများ၊ ကြိုးစားအားထုတ်မှု ၀ိရိယတရားများနဲ့အညီ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်မယ်ဆိုရင်...

Read more »

အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ…

ဝေါဟာရ တစ်ခု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ “အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်”ကို အကောင်းမြင်ဝါဒဟု ဆိုပြီး “အသင့်အားဖြင့် နှလုံးသွင်းခြင်း” ကို ယောနိသော မနသိကာရဟု ဆို၏။ အရာရာကို ကောင်းသည့်ဘက်၊ ကောင်းသည့်ရှုထောင့်မှသာ မြင်တတ်ကြည့်တတ်သည့် အလေ့အကျင့်သဘောကို အကောင်းမြင်ဝါဒဟု ဆို၍ အကြောင်းအရာ တစ်ခုခုကို သင့်လျော်လျောက်ပတ်အောင် နှလုံးသွင်းခြင်း၊ စဉ်းစားခြင်း၊ ရှုမြင်ခြင်းကို ယောနိသော မနသိကာရဟု ဆိုလေ့ရှိ၏။ တိုတိုနှင့်လိုရင်း အဓိပ္ပါယ် အနေဖြင့်...

Read more »

အလယ်အလတ်လမ်း (သို့) မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်…

တရားဦးဒေသနာခေါ် ဓမ္မစကြာတရားတော်တွင် မြတ်ဗုဒ္ဓက “အစွန်းနှစ်ပါးကိုရှောင်ပြီး အလယ်အလတ် လမ်းကိုဆောင်ရန်” ဟောကြားတော်မူထား၏။ ကာမဂုဏ်အာရုံများတွင် အလွန်အကျူးလိုက်စားခြင်း အကျင့်နှင့် မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းစွာ ညှင်းစဲခြင်းအကျင့်ဟူသော အစွန်းနှစ်ပါး အကျင့်တရား လမ်းစဉ်များကို မလိုက်စားဘဲ အစွန်းမရောက်သည့် မှန်ကန်သည့် လမ်းစဉ်ဖြစ်သည့် အလယ်အလတ်လမ်းစဉ်ကို လိုက်နာကျင့်သုံးကြရန် မိန့်တော်မူ၏။ မြတ်ဗုဒ္ဓမိန့်တော်မူသည့် အလယ်အလတ်လမ်းကို မဇ္ဈိမပဋိပဒါလမ်း...

Read more »

ဥပေက္ခာပြုခြင်းနှင့် ဥပေက္ခာအပြုခံရခြင်း…

ဥပေက္ခာဟူသော စကားကို “လျစ်လျူရှုခြင်း”ဟု အများနားလည်သဘော ပေါက်ထားကြ၏။ စာပေအဖွင့်အတိုင်း ပြောရလျှင် “သတ္တ၀ါပညတ်ကို အာရုံပြုပြီး သတ္တ၀ါများသည် ကံစီမံရာ ဖြစ်ကြရ၏ဟု အောက်မေ့ဆင်ခြင်ကာ လျစ်လျူရှုခြင်း”ဟု ပြောနိုင်မည်ဖြစ်၏။ အခြားအဓိပ္ပါယ် တစ်ခုအနေဖြင့် ပြောမည်ဆိုလျှင် “တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို အမှီပြုပြီး ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေခြင်း” ဟု ပြောနိုင်ပေ၏။ ထို့ကြောင့် ဥပေက္ခာသည် ဥပေက္ခာနှင့် နေနိုင်သူများ၊ ဥပေက္ခာတရား ထားနိုင်သူများအတွက်...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ