ရဟန္တာနဲ့ ပစ္စေကဗုဒ္ဓ ကွာခြားပုံ…

Q. ဆရာတော်ဘုရားအား ရိုသေစွာလျောက်ထားပါတယ် ဘုရား။ ကျွန်တော်က နည်းပညာ တက်ရောက် သင်ကြားနေသော ဗိုလ်လောင်းတစ်ဦးပါ။ ရဟန္တာနဲ့ ပစ္စေကဗုဒ္ဓ ကွာခြားပုံကို တပည့်တော်အား ဖြေကြား ပေးပါခင်ဗျာ။ မည်သို့ မည်ပုံ ကြိုးစားအားထုတ်သော် ဖြစ်နိုင်ပုံတို့ကို ရှင်းလင်းဖြေကြားပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျာ။တပည့်တော်က အရှင်ဘုရားရဲ့ စာဖတ်ပရိသတ် တစ်ဦးပါ။ အရှင်ဘုရား စာအုပ်တွေကို အားလုံးနီးပါး ဖတ်ဖြစ်ပါတယ်။ လိုက်နာရမှာတွေကိုလည်း လိုက်နာပါတယ်။ မှတ်သားကျင့်ကြံရမှာတွေကိုလည်း...

Read more »

မာန…

မာနဟူသည် တက်ကြွခြင်း၊ ထောင်လွှားခြင်းဟု အဓိပ္ပါယ်ရ၏။ မာနတရား ရှိနေသမျှ ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးကိုသာ ဖြစ်နေကြမည့်အပြင် ပူလောင်မှုနှင့် လောင်မြိုက်ခံနေရမည်သာ ဖြစ်သဖြင့် ထိုမာနကို ကိလေသာတရား တစ်ခုအဖြစ်ဆိုကာ မကောင်းသော ဂတိသို့ ပိုဆောင်ပေးသည့် တရားတစ်ခုအဖြစ်လည်း ထုတ်ဖော်ပြသခြင်းဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ဣတိဝုတ်ပါဠိတော် မာနသုတ်တွင် မာနနှင့် ပတ်သက်၍ “အကြင်မာနဖြင့် ယစ်သူသတ္တ၀ါတို့သည် မကောင်းသောလားရာ ဂတိသို့ လားရောက်ကြကုန်၏၊...

Read more »

ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦးမှ…

ဘာပဲဖြစ်ဖြစ် သူပါမှဖြစ်မယ်၊ သူမရှိလို့ မဖြစ်ဘူး၊ သူ့ကိုပဲ အားကိုးရမှာပဲ စတဲ့ အတွေးများ၊ မျှော်လင့်ချက်များနဲ့ ကိုယ်ကိုယ်တိုင် အားထုတ်မှု မပြုဘဲ သူများအားပဲ စောင့်စားနေကြသူများကို ကြည့်ကာ “လက်သည်ချည်းပဲ အားကိုးမနေနဲ့၊ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဦး”ဆိုတဲ့ မြန်မာစကားလေးကို သတိရမိပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မီးဖွားတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ရည်ညွန်းတာ ဖြစ်ပေမယ့် တစ်ဘက်မှာလည်း ကိုယ့်အစွမ်းအစနဲ့ အားထုတ်မှုကို မပြုလုပ်ဘဲ သူများကိုချည်း...

Read more »

Live Questions and Answers (6)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။10 Jun 10 07:36ထွန်းထွန်းအရှင်ဘုရား ကျန်းမာချမ်းသာပါရဲ့လားဘုရား…။ သရဏဂုံတည်ပြီးလို့ ငါးပါးသီလမြဲသွားတဲ့ လူတစ်ယောက်ဟာ အပါယ်ကျနိုင်ပါသေး သလားဘုရား..။ ပြီးတော့သောတာပန် အရိယာတိုင်းဟာ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်...

Read more »

လူငယ်များနဲ့ ဘာသာတရား…

ဗုဒ္ဓစာပေတွေမှာလာတဲ့ (၇)နှစ်အရွယ်မှာပဲ အရိယာဖြစ်သွား၊ ရဟန္တာ ဖြစ်သွားကြတဲ့ လူငယ်များ အကြောင်း ဖတ်နေရင်း ဒီနေ့ခေတ် လူငယ်များအကြောင်း အတွေးပေါင်းစုံ ရောက်လာပါတယ်။ လူငယ်များနဲ့ ဘာသာတရား ဆက်စပ်မှုရဲ့ မတူညီတဲ့ အကြောင်းလေးတွေကို တွေးနေမိပြန်ပါတယ်။ ဘုရားလက်ထက်က အသက် (၇)နှစ်အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သောတာပန်တည်သွား၊ အရိယာဖြစ်သွား၊ အဲဒီ သောတာပန်စတဲ့ အရိယာ ဘ၀နဲ့ပဲ အိမ်ထောင်သားမွေး အလုပ်များလုပ်ရင်း လောကီလောကုတ္တရာ ကောင်းကျိုးတွေကို ရှာကာ ဘာသာတရားရဲ့...

Read more »

ကံနှင့်ဒဏ်…

အယူဝါဒဟူသည်ကလည်း အခက်သားပင်။ ယုံကြည်မိပြီ၊ စွဲလန်းမိပြီဆိုလျှင် ဖြတ်ရန် အလွန်ခက်လှပေ၏။ မတူညီသည့် ဆရာသမား၊ မတူညီသည့် ဆုံးမစကားများတွင် မတူညီသည့် အယူအဆများကလည်း သူ့ထက်ငါအပြိုင် အနိုင်ပြုလိုမှုကို ဖြစ်ပေါ်စေပေ၏။ တစ်ခါတစ်ရံ အဓိပ္ပါယ်တူညီသော်လည်း ယူဆပုံချင်း မတူညီကြသဖြင့် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်တတ်သည်များ ရှိတတ်၏။ ထိုအခါမျိုးတွင် မိမိတို့ ကိုယ်တိုင်သာလျှင် မည်သည့်အယူအဆက မှန်သည်၊ မည်သည့်အယူအဆက သဘာဝယုတ္တိကျသည်၊ မည်သည့်အယူအဆက လက်တွေ့ဆန်သည်...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၇)...

အလှူလှူတာလား…၊ ဂုဏ်ယူတာလား…ဒီနေ့ခေတ် ဗုဒ္ဓဘာသာအများ အလှူလှူတာနဲ့ ပတ်သက်ပြီး လွဲနေတာလေးတွေ ရှိပါတယ်။ တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေဟာ အလှူလှူတာထက် ဂုဏ်ယူတာတွေက များနေတာကို တွေ့ရတတ်ပါတယ်။ တောရွာတွေမှာဆို ပိုဆိုးပါတယ်။ အလှူလုပ်တာ အကြွေးအတင်ခံပြီးတော့ကို လုပ်တတ်တာတွေပါ။ ဘုန်းဘုန်းတို့ ငယ်ငယ်တုန်းက ရှင်ပြုတုန်းကလည်း ဘုန်းဘုန်းတို့ ညီအစ်ကိုတွေ ရှင်ပြုပွဲ ကြီးကြီးကျယ်ကျယ် လုပ်နိုင်ဖို့ ဒကာကြီးက အိမ်ကလယ်တွေကိုတောင် ပေါင်ပြီး အကြွေးအတင်ခံ ချေးငှါးပြီး...

Read more »

အပြောနှင့်အလုပ်…

“အပြောလွယ်သလောက် အလုပ်ခက်၏”ဟူသော မြန်မာစကားရှိ၏။ လောကတွင် အပြောလွယ်သော်လည်း လက်တွေ့လုပ်ရန်ကား ခက်ခဲတတ်ကြောင်း ဆိုလိုရင်း ဖြစ်၏။ အပြောနှင့် အလုပ်ထပ်တူကျရန် မလွယ်လှသည့် သဘောကို ညွှန်းဆိုလိုဟန် ရှိ၏။ ပြောသူကိုယ်တိုင်လည်း မိမိပြောသည့်အတိုင်း မလုပ်နိုင်သည်များ ရှိသဖြင့် အချို့က “ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ (Do as I say not as I do.)” ဟု ဆိုလေ့ရှိကြ၏။ စင်စစ် ပုထုဇင်များ ဖြစ်နေကြသဖြင့်လည်း အပြောနှင့်အလုပ် ထပ်တူကျနိုင်ရန် မလွယ်လှပေ။...

Read more »

Living together နှင့် ကာမေသုမိစ္ဆာစာရ…

Living together ဆိုတဲ့ စကားကို “လက်မထပ်ဘဲ အတူနေခြင်း”လို့ အဓိပ္ပါယ် နားလည်နိုင်ပါတယ်။ ဒီအလေ့အကျင့်ဟာ အနောက်တိုင်းမှ ဆင်းသက်လာတဲ့ အလေ့အကျင့်လို့လည်း ပြောနိုင်ပါတယ်။ သူတို့အဆိုအရ လူတစ်ယောက်နဲ့တစ်ယောက် အိမ်ထောင်ဘက်အဖြစ် တစ်ဘ၀လုံး အတူလက်တွဲ သွားရမယ့်အရေးမှာ တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲ ဘုမသိဘမသိ အိမ်ထောင်ပြုပြီး ထာဝရ နေထိုင်သွားတာထက် စာရင် တရားဝင် လက်မထပ်ခင် နှစ်ဦးသဘောတူ အတူနေထိုင်ပြီးမှ တရားဝင် လက်ထပ်တာက အိမ်ထောင်ရေးမှာ ပြဿနာအဖြစ်နည်းပြီး...

Read more »

စိတ်အားဖြည့် စကားစုလေးများ (၇)…

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး...

Read more »

ဒါနလုပ်တာလည်း ကောင်းပါတယ်။ သို့သော်…

တစ်လောက ကျောင်းမှာအလှူပွဲ ရှိတဲ့အချိန် ကိုရီးယားတစ်ချို့လည်း ရောက်လာပါတယ်။ အလှူပွဲဆိုတော့ သိတဲ့အတိုင်း လာသမျှလူတွေကို ဖွယ်ဖွယ်ရာရာ အားရပါးရ ကျွေးမွေးဧည့်ခံကြတာပေါ့။ ဒီလိုလှူတာ၊ တမ်းတာကျွေးမွေး ဧည့်ခံတာတွေ တွေ့ရတော့ ကိုရီးယားဧည့်သည်တွေထဲမှ တစ်ချို့က အံ့သြကြပါတယ်။ ဘာသာမရှိတာလည်း ပါသလို သူတို့ဆီမှာ အလကားရတာ၊ အလကားပေးတာဆိုတာ ဘာမှမရှိတဲ့အတွက် ခုလိုအလကား ပေးကျွေးနေတာတွေ လက်တွေ့မြင်ရတော့ ထူးဆန်းနေတာလည်း ပါမှာပေါ့။ ဒါနဲ့ပဲ မသိတာတွေ နားမလည်တာတွေ...

Read more »

ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်း…

ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က MBC သတင်းဌာနက လွှင့်သွားတဲ့ TV သတင်းတစ်ပုဒ်ကို ကြည့်ရှုနားထောင်ရင်း ဆေးရုံက လူနာတစ်ယောက် ကိုယ့်ကိုယ်သတ်သေသွားတဲ့ သတင်းတစ်ပုဒ်ကို အထူးသတိပြု မိလိုက်ပါတယ်။ ဒီသတင်းနဲ့ဆက်စပ်ပြီး သတင်းကြေငြာသူက “ကိုရီးယားနိုင်ငံမှာ အခုလို ကိုယ့်ကိုယ်ကို သတ်သေမှုများ မကြာခဏ ဖြစ်လေ့ရှိကြောင်း၊ အခုလူနာဟာလည်း ဆေးရုံမှာ ရောက်နေပြီး လာရောက်ကြည့်ရှု အားပေးသူမရှိ တစ်ယောက်တည်း အထီးကျန်ဖြစ်ကာ စိတ်ဝေဒနာပါ ခံစားရလို့ ခုလို အဆုံးစီရင်သွားတာ...

Read more »

ဓုတင်အကြောင်း သိကောင်းစရာ…

ဓုတင်ဆိုတာ ဓုတင်္ဂဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ ကိလေသာကို ဖျက်စီးကြောင်း ခေါင်းပါးသော အကျင့်လို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ သူတော်ကောင်းများ အတွက် အလိုနည်းစေခြင်း၊ ရောင့်ရဲလွယ်စေခြင်း၊ ကိလေသာခေါင်းပါးစေခြင်း၊ ကြိုးစားအားထုတ်မှု ၀ီရိယရှိစေခြင်း၊ သီလစင်ကြယ်စေခြင်း စတဲ့ အကျိုးတရားများကို မျှော်ကိုးကာ ဗုဒ္ဓရှင်တော်မြတ်က ဒီဓုတင်အကျင့်ကို ခွင့်ပြုတော်မူခဲ့ပါတယ်။ ဓုတင်အကျင့်လို့ ဆိုတဲ့အတွက် ရဟန်းတော်များအတွက် သီးသန့်ခွင့်ပြုခဲ့တယ်လို့...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ