ဘုန်းကြီးတွေနဲ့ တွေ့ရမှာ ရှက်သလိုလို၊ ဘုန်းကြီးတွေနဲ့ စကားပြောရမှာ ကြောက်သလိုလို ဖြစ်နေတဲ့ သူတစ်ချို့ကို တွေ့ရတော့ ငယ်ငယ်စာသင်သား ဘ၀က အဖြစ်လေးကို သတိရမိပါတယ်။ စာသင်သားဘ၀ သာသနာ့ဝန်ထမ်း ဆိုပေမယ့် လူငယ်စိတ်က ပိုများနေတဲ့အတွက် လူပရိတ်သတ်ရှေ့မှာ ဆွမ်းစားရတာ၊ သီလပေးရတာ၊ ပရိတ်ရွတ်ပေးရတာ၊ တရားဟောပေးရတာတွေဆို အလိုလို ရှက်နေပြီး ပရိတ်သတ်ကို ကြောက်တဲ့စိတ်နဲ့ သီလပေးတာတောင် ရှေ့နောက်အမြီးအမောက် မတည့်ဖြစ်နေတတ်ပါတယ်။ ဆရာဘုန်းကြီးတွေနဲ့ ဆွမ်းစားသွားလို့...