Showing posts with label သမထ၊ ၀ိပဿနာဆိုင်ရာများ. Show all posts
Showing posts with label သမထ၊ ၀ိပဿနာဆိုင်ရာများ. Show all posts

တရားဘာကြောင့် ထိုင်ရတယ်

အွန်လိုင်းက စာဖတ်ပရိတ်သတ် ဒကာမတစ်ဦးက ဘုန်းဘုန်းကို တောင်းဆိုထားတာလေး တစ်ခုရှိပါတယ်။ “အရှင်ဘုရား အချိန်ပေးနိုင်တဲ့အခါ တရားထိုင်ခြင်းရဲ့ အနက် အဓိပ္ဗါယ်ကို ရှင်းပြပေးစေချင်ပါတယ်။ တပည့်တော်မ စိတ်ထဲမှာ အမြဲနားလည်မှတ်သားထားတာက အသေတတ်အောင် သည်းညည်းခံစိတ်ကို ထားနိုင်အောင် လေ့ကျင့်ယူတယ် ဆိုတဲ့သဘောဆိုပြီးတော့ နားလည်မိပါတယ်။ လွဲနေတယ်လို...

Read more »

စရိုက်နဲ့ ကမ္မဋ္ဌာန်း

အများဖြစ်နေကျ ပုံစံများ၊ အရာများထက် ပိုမိုလွန်ကဲပြီး အဖြစ်များတတ်တဲ့ သဘောကို စရိုက်လို့ ခေါ်ပါတယ်။ ပါဠိစရိတဆိုတဲ့ စကားလုံးကို စရိုက်လို့ မြန်မာမှု ပြုထားခြင်း ဖြစ်ပါတယ်။ ဒီစရိုက်ကိုပဲ အထုံဝါသနာလို့ ဆိုပါတယ်။ လူတွေမှာ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုး ဖြစ်နေတာဟာ ဒီဘ၀နဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ဘဲ ရှေးရှေးဘ၀က အထုံဝါသနာနဲ့လည်း သက်ဆိုင်ပါတယ်။...

Read more »

စင်္ကြံလျောက်၍ တရားမှတ်ခြင်း…

စင်္ကြံလျောက်ပြီး တရားမှတ်တယ်ဆိုတာ အလွယ်ပြောရရင် ခြေလှမ်းတိုင်းကို သိပြီးလှမ်းတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လူအတော်များများဟာ လမ်းလျောက်တဲ့အခါတိုင်း ခြေလှမ်းတွေ လှမ်းကြပါတယ်။ ဒါပေမယ့် မသိဘဲ လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒီလို မသိဘဲ လှမ်းတဲ့ခြေလှမ်းတွေကို အသိကပ်ပြီး လှမ်းနိုင်ဖို့ စကြံင်္လျောက်ပြီး တရားမှတ်ခိုင်းတာ ဖြစ်ပါတယ်။ စင်္ကြံလျောက်ပြီး တရားမှတ်တာနဲ့ ပတ်သက်လို့ အာနာပါနကို ဆင်ခြင်ခြင်းအပိုင်း၊ ဣရိယပုတ်ကို ဆင်ခြင်ခြင်းအပိုင်းတို့လိုမျိုး...

Read more »

ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး…

မကြာသေးခင်က စင်္ကပူမှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးနဲ့ စကားပြောဖြစ်တော့ ရဟန်းဒကာမက “အရှင်ဘုရား တပည့်တော်ကို အသိတစ်ယောက်က ‘တခြားဘာသာတွေမှာတော့ ဆုတောင်းတာ၊ ရှိခိုးတာနဲ့ ကျမ်းစာရွတ်တာ ဒီလောက်ပဲ ရှိတယ်၊ ဗုဒ္ဓဘာသာမှာကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိတ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာရွတ်တာ၊ ဂုဏ်တော်ပွားတာ၊ တရားထိုင်တာ၊ ၀ိပဿနာရှုတာ စသဖြင့် စုံနေတာပဲ၊ ဘာတွေဘယ်လိုကွာပြီး၊ ဘယ်လိုအကျိုးထူးတွေ ရှိတယ်၊ ဘာကြောင့် ဒီလောက် နည်းစနစ်တွေ အမျိုးမျိုး...

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၄)…

တစ်ခါက တရားအားထုတ်နေတဲ့ ဒကာလေးတွေနဲ့တွေ့တုန်း တရားအားထုတ်တာနဲ့ ပတ်သက်ပြီး သူတို့မေးတဲ့ မေးခွန်းလေးတွေကို ဖြေပေးခဲ့ရပါသေးတယ်။ သူတို့ထဲက ဒကာလေးတစ်ယောက်က “ဘုန်းဘုန်းဘုရား… တရားအားထုတ်တဲ့အခါ ဝေဒနာကို ရှုမှတ်နေရင်း စိတ်ကိုပါ လိုက်ပြီး ရှုမှတ်လို့ ရပါသလားဘုရား…၊ အဲဒီလို စိတ်ကိုမှတ်လိုက်၊ ဝေဒနာကို မှတ်လိုက်၊ ထွက်သက်ဝင်သက်ကို မှတ်လိုက် လုပ်လို့ကော ရပါသလား ဘုရား..” လို့ မေးလျှောက်ဖူးပါတယ်။ ဘုန်းဘုန်းက သူတို့အမေးတွေကို မဖြေသေးခင် သူတို့ကို...

Read more »

ဝိပဿနာ ရှုနည်း၊ မူသေစည်း…

“၀ိပဿနာရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်” ဆိုတဲ့ ဒီဆောင်ပုဒ်လေးက မဟာစည်ဆရာတော် ကြီးရဲ့ အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း ဆောင်ပုဒ်လင်္ကာတွေထဲမှာ ပါတဲ့ နောက်ဆုံး အပိုဒ်လေး ဖြစ်ပါတယ်။ မဟာစည် ရိပ်သာကြီးမှာ တရားဝင်တုန်းက နေ့စဉ်တရားနာပြီးတိုင်း ယောဂီအားလုံးနဲ့အတူ လိုက်ပြီး ရွတ်ဆိုနေရတာဆိုတော့ နှုတ်တက်အာဂုံရနေခဲ့တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေလည်း ဖြစ်ပါတယ်။ မဟာစည်ဆရာတော်ကြီးက တရားစပြီး အားထုတ်ကာစ ယောဂီတွေအတွက် ၀ိပဿနာ ဉာဏ်ဆိုတာ ဘာကိုခေါ်တယ်၊ ဘယ်လိုအရာမျိုးတွေမှာ...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ