တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့

မြန်မာတို့ရဲ့ လ ၁၂လကို ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနဲ့ ထူးခြားစွာ သတ်မှတ်ထားကြရာမှာ တော်သလင်းလရဲ့ လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ချက်ဟာလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တော်သလင်းလပြည့်နေ့ ဖြစ်တဲ့ ဒီနေ့ကို ဘာသာရေးဆိုင်ရာ နေ့အဖြစ် ဂရုဓမ္မ အခါတော်နေ့လို့ ပြောဆိုသုံးနှုန်းကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့...

Read more »

အပေါင်းအသင်း

အတူတကွ သွားလာနေထိုင် စားသောက်လေ့ရှိတဲ့သူကို မိတ်ဆွေအပေါင်းအသင်းလို့ ခေါ်ပါတယ်။ ဒီအပေါင်းအသင်းဟာလည်း ကောင်းတဲ့အပေါင်းအသင်း မကောင်းတဲ့အပေါင်းအသင်းလို့ နှစ်မျိုးရှိပါတယ်။ စာလိုပြောရင်တော့ ကလျာဏမိတ္တ (ကောင်းတဲ့အဆွေခင်ပွန်း) နဲ့ ပါပမိတ္တ (မကောင်းတဲ့အဆွေခင်ပွန်း)တို့ပါပဲ။ လူတစ်ယောက်ရဲ့ ဘ၀အကောင်းအဆိုးဟာ သူပေါင်းတဲ့အပေါင်းအသင်းနဲ့လည်း ပတ်သက်မှု...

Read more »

ဖိအားနဲ့ အသိတရား

ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။ “ဘုန်ုးဘုန်းဘုရား တပည့်တော် အခုတလော ကိုယ့်ကိုယ်ကို စိတ်တွေအရမ်း ကြမ်းလာတယ်လို့ ခံစားမိပါတယ်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ထစ်ခနဲဆို ပါးစပ်က ဆဲလိုက်ဆိုလိုက် စတာတွေ အလွယ်တကူကို လုပ်ဖြစ်လာတယ်လို့ ထင်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် တပည့်တော် စိတ်ရိုင်းတွေ ဝင်နေတယ်ဆိုတာ...

Read more »

ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်း

လူဟာ အပြိုင်အဆိုင်ရှိမှ တိုးတက်မှု ပိုအားကောင်းလာတတ်ပါတယ်။ ပြေးလမ်းကိုယ်စီနဲ့ သူပြိုင်ကိုယ်ပြိုင် အပြိုင်ကြဲနိုင်မှ အားကြိုးမာန်တက် ပြုလုပ်တတ်ကြတာ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိတယ် ကိုယ်လမ်းကိုယ်လျှာက်ပြီး ပြိုင်နိုင်အောင်တော့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကိုယ်အနိုင်ရရေး သူများလမ်းကို ဝင်ပြေးတာတို့ သူများမပြေးနိုင်အောင် လုပ်တာတို့၊...

Read more »

တရားဖက်တော့ အမျက်ပြေ

“ဘုရားဖက်တော့ အသက်ရှည်၊ တရားဖက်တော့ အမျက်ပြေ၊ သံဃာဖက်တော့ အခက်ဝေ”  ဆိုတဲ့ ရတာနာသုံးပါး ကိုးကွယ်ရခြင်း အကျိုးဆက်တွေမှာ အားလုံးဟာ တကယ်လက်တွေ့ဘဝမှာပဲ ခံစားနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် “တရားဖက်တော့ အမျက်ပြေ” ဆိုတဲ့ စကားကတော့ မကျေနပ်မှုတွေ၊ အလိုမကျမှုတွေ၊ အမျက်ဒေါသတွေ ဖြစ်တိုင်း ဘုရားစကား၊ တရားအားကို အာရုံပြုမိတဲ့...

Read more »

အဆိပ်ပင် ရေလောင်းမှုမျိုးတော့ မဖြစ်သင့်ပေ

တစ်ခါက ဒကာမကြီးတစ်ယောက်နဲ့ တွေ့တော့ အလှူဒါနအကြောင်း၊ အလှူခံပုဂ္ဂိုလ်အကြောင်း စကားစပ်ပြီး ပြောဖြစ်ကြပါတယ်။ “အလှူဒါနဆိုတာ စေတနာပြတ်ရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုပဲ လှူလှူ အကျိုးတရားကတော့ ရနေကြောင်း၊ ဒါပေမယ့် အလှူခံ ပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေးတော့ ကွာခြားကြောင်း” ဘုန်းဘုန်းက ပြောဖြစ်ခဲ့ပါတယ်။ ဒကာမကြီးကလည်း သူဘယ်လို လှူဖြစ်တဲ့အကြောင်း၊...

Read more »

ပျက်စီးခြင်းနှင့် ဖျက်စီးခြင်း

ဗျသနဟူသော ပါဠိစကားလုံးကို ပျက်စီးခြင်းဟု မြန်မာပြန်ဆိုကြ၏။ ဤစကားလုံးသည် ဗုဒ္ဓဘာသာအများစုနှင့် ရင်နှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်၏။ ဘာသာရေးပွဲများရှိတိုင်း၊ နေ့စဉ်အိမ်မှာ ဘုရားရှိခိုင်းတိုင်း ရွတ်ဆိုရှိခိုးနေသည့် သြကာသ ကန်တော့ချိုး၏ ဒုတိယပိုင်းတွင် ပါဝင်သည့် ဆုတောင်းများမှ တစ်ခုသာ ဖြစ်၏။ သြကာသ ကန်တော့တိုင်း ၀န်ချတောင်းပန်ပြီးနောက် ဆိုလေ့ရှိသည့်...

Read more »

သဒ္ဓါနဲ့ တဏှာ

“သဒ္ဓါလွန်ရင် တဏှာကျွန် ဖြစ်တတ်တယ်”တဲ့။ ဟုတ်ပါတယ်။  လွန်လာရင် ဘာမှမကောင်းလှပါဘူး။ လွန်ရင်ကျွံတတ်ပြီး ကျွံရင်တော့ နွံနစ်ဖို့ပဲ များသွားတတ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာလည်း ဒီအတိုင်းပါပဲ။ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှု၊ ကြည်ညိုမှုဟာ ဉာဏ်မပါရင် အကြည်ညိုလွန်သွား၊ ယုံကြည်မှု လွန်သွားကာ အမှားဘက်ကို ရောက်သွားတတ်ပါတယ်။ အမှားပါရင် တရားမပါဘဲ...

Read more »

ဘုရားပေးတဲ့ ငြိမ်းချမ်းရေး

ပိဋကတ်တော်လာ မြတ်စွာဘုရားရှင်နဲ့ သိကြားမင်း မေးဖြေထားချက်များကို မှတ်တမ်းတင်ထားတဲ့ သက္ကပဥှသုတ်တော်ကို ဖတ်မှတ်ကြည်ညိုရင်း ငြိမ်းချမ်းရေးလို့ အော်နေကြတဲ့ ဒီနေ့ခေတ်လူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဘုရားပေးတဲ့ ငြိမ်းချမ်းရေးကို ချိန်ထိုးနေဖြစ်ခဲ့ပါတယ်။ ဒီသုတ်တော်နဲ့ ပတ်သက်ပြီး အရင်တုန်းက သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးဖူး၊...

Read more »

စိတ်ဖိစီးမှုတွေ များနေတဲ့အခါ

တစ်နေ့က နိုင်ငံခြားမှာ ရောက်နေတဲ့ အရင်းနှီးဆုံး ဒကာမတစ်ယောက်နဲ့ အွန်လိုင်းမှာ တွေ့ဖြစ်ခဲ့ပါတယ်။ တွေ့တွေ့ချင်းသူက “အရှင်ဘုရား မကျိန်းသေးဘူးလားဘုရား၊ တပည့်တော်တို့ဆီမှာ သန်းခေါင်ကျော်လို့ (၁)နာရီတောင် ထိုးပြီးသွားပြီဘုရား” ဆိုပြီးမေးရင်း နှုတ်ဆက်စကားပြောလာပါတယ်။ ဘုန်းဘုန်းလည်း အတော်အံ့သြသွားတယ်။ “အင်… ဒကာမရေ ဘုန်းဘုန်းက မအိပ်သေးတာမဟုတ်ဘူး၊...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၈)

 ဗုဒ္ဓဘာသာနဲ့ စုံမပြဿနာ  တစ်လောက အွန်လိုင်းစာမျက်နှာ တစ်ခုပေါ်မှာ တက်လာတဲ့ ဘုရားစင်နဲ့ ဘုရားပုံလေးကိုကြည့်ပြီး အောက်မှာရေးထားတဲ့ မှတ်ချက်လေးတစ်ခုကို သတိပြုမိလိုက်ပါတယ်။ စာဖတ်သူ တစ်ဦးက ပုံတင်သူကို ဘုရားစင်မှာ ဘုရားပန်းအိုးက နှစ်အိုးတည်းပါလားလို့ မှတ်ချက်ပြုထားတာကို ပုံပိုင်ရှင်က နှစ်အိုးမဟုတ်ပါဘူး၊ သုံးအိုးပါ မမြင်ရလို့ပါဆိုပြီး...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ