ဆိတ်ကွယ်ရာ အရပ်ဆိုတာ ရှိပေမယ့် စိတ်ကွယ်ရာ အရပ်ဆိုတာကတော့ မရှိနိုင်ပါဘူး။ အထူးသဖြင့် မကောင်းတဲ့ အလုပ်တွေကို တိတ်ဆိတ်ငြိမ်သက်တဲ့ မမြင်ကွယ်ရာမှာ ဘယ်သူမှ မသိနိုင်ပါဘူးဆိုပြီး လုပ်ဖြစ်တဲ့အခါ သူများက မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီး ဖြစ်ပါတယ်။ သူများရဲ့ မမြင်တိတ်ဆိတ် ကွယ်ရာဆိုတာ ရှိပေမယ့် ကိုယ့်စိတ်ရဲ့ မမြင်ကွယ်ရာဆိုတာကတော့ ရှိမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့စိတ်ကွယ်ရာကို ဆိတ်ကွယ်ရာနဲ့ ဖုံးကွယ်ထားလို့ မရပါဘူး။ ဒါကြောင့် တိတ်ဆိတ်ပြီး မမြင်ကွယ်ရာမှာ တစ်ယောက်တည်း ရှိနေလို့ ဘယ်သူမှ မသိလောက်ပါဘူးဆိုပြီး မဟုတ်တာတွေတော့ မလုပ်မိပါစေနဲ့။ သူများမသိပေမယ့် ကိုယ့်စိတ်ကတော့ ကိုယ်ဘာလုပ်တယ်ဆိုတာ သိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲ... ကိုယ့်ကိုယ်ကို သိနေရဲ့သားနဲ့ သိသိကြီး ဇွတ်အတင်း လုပ်ဖြစ်ကြမယ်ဆိုရင်တော့ အဲဒီအကျိုးဆက်က ကိုယ့်ဆီကို အခွင့်သာတာနဲ့ အကာအကွယ်မရှိ ရောက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။
0 မှတ်ချက်များ (...ရေးရန်):
Post a Comment