ဘယ်မှာငါဟု ရှိအံ့နည်း

“လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊ မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့ များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့် တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော် သုဘရာဇာ ၊ မြေအောက်မှာပင် ဘာသာလူမျိုး ၊ ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။” (လယ်တီဆရာတော်ကြီး) ယခုတစ်လော...

Read more »

ဘဝနီတိ (၁)

သေးငယ်သော အကျင့်ဆိုး သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။ ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်ကပင် ပယ်ဖြတ်သင့်၏။ ကျေးဇူးမဲ့သူ အသင်က ကျေးဇူးပြုထားသူ တစ်ဦးသည် အသင်၏ ကျေးဇူးမဲ့ကို ပြုငြားအံ့။ အဘယ်သို့ သဘောထားမည်နည်း။ ကျေးဇူးမဲ့သူမှာ သူ့အပြစ် သူခံလိမ့်မည်ဖြစ်၍ စိတ်မကွက်ဘဲ ဥပေက္ခာပြုခြင်းသည် သူတော်ကောင်းစိတ်ဖြစ်သည်ကို သတိပြုပါ။ အရှက်နှင့်အကြောက် မကောင်းမှုကို...

Read more »

စိတ်ညစ်တဲ့အခါ

စိတ်ညစ်ရင်ဘာလုပ်လဲလို့ တစ်ယောက်ယောက်က ဘုန်းဘုန်းကို မေးလာမယ်ဆိုရင် ဘုန်းဘုန်းကတော့ “စိတ်ညစ်တဲ့အခါ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ တစ်ယောက်တည်းနေပြီး မျက်လွှာလေးကို အသာချလို့ ကိုယ့်စိတ်ကို ကိုယ့်ခန္ဓာကိုယ် တစ်ခုလုံးကို ခြုံပြီးအာရုံပြုရင်း ပေါ့ပေါ့ပါးပါးလေးပဲ ဝင်လေထွက်လေလေးကို အခြေခံထားပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့အာရုံတွေကို အရှိအတိုင်း လိုက်သိနေတတ်တဲ့ အကျင့်လေးနဲ့ နေနိုင်အောင် ကြိုးစားတယ်”လို့ ပြန်ဖြေဖြစ်မှာပါ။ အရင်တုန်းကတော့ စိတ်ညစ်ရင်...

Read more »

တရားစွဲလိုက်ပါ

တစ်ခါက အသိဒကာတစ်ယောက် အပူတကြီး ဒုက္ခမီးတွေနဲ့ ကျောင်းကိုရောက်လာပြီး သူ့ဒုက္ခကို ပြောဆိုကာ အကြံဉာဏ်တောင်းလာပါတယ်။ သူက “တစ်စုံတစ်ယောက်က သူ့ကို အမြဲလိုလို နိုင်ထက်စီးနင်း ပြုလုပ်ပြီး ဒုက္ခပေးနေတဲ့အတွက် သူ့မှာ အဲဒီပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး စိတ်ဆင်းရဲမှုတွေနဲ့ပဲ ကြုံနေရကြောင်း၊ ဘာမှမလုပ်၊ ဘာမှမပြောဘဲနေရင် အဲဒီပုဂ္ဂိုလ်ဟာ သူလုပ်ချင်သလို လုပ်လို့ရတယ်လို့ထင်ပြီး ပိုပိုအနိုင်ကျင့်နိုင်ကြောင်း၊ ဒါကြောင့် သူ့ကိုအသိတစ်ခုခု ရသွားအောင် တုံ့ပြန်နိုင်မယ့်...

Read more »

စိတ်အားဖြည့် စကားစုလေးများ (၁၂)…

မနာ ပဒါယီ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး...

Read more »

Facebookက အမေးတစ်ပုဒ် (၃)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) မှာ မက်စေ့ခ်ျကဏ္ဍမှာ မေးထားလို့ဖြေထားတဲ့ အမေးအဖြေ အချို့ဖြစ်ပါတယ်။ အများဖတ်ပြီး အမြတ်ရစေဖို့၊ တစ်လုံးတစ်ပါဒဖြစ်ဖြစ် အသိရစေဖို့ တစ်ဆင့်ပြေလည် မျှဝေလိုက်ပါတယ်။ Mi Su မေး ။ အရှင်ဘုရား… အာသဝေါတရားလေးပါးကို ရှင်းပြပေးပါ ဘုရား Ashin Vicitta ဖြေ။ အာသ၀ဆိုတဲ့ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ယိုစီးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သွယ်ဝိုက်တဲ့ သဘောတွေကတော့ စွဲလမ်းစေခြင်း၊ ကပ်ငြိစေခြင်းသဘောဖြစ်ပြီး...

Read more »

ကံစီမံရာဟု ဆိုသော်လည်း

တစ်ခါက ဒကာတစ်ယောက်နှင့် ဟိုအကြောင်းဒီအကြောင်း ပြောဆိုကြရင်း အကောင်းများလုပ်နေရာက အဆိုးများ ကြုံတွေ့ကာ ဒုက္ခရောက်သွားသည့် သူတစ်ယောက် အကြောင်းကိုလည်း ပြောဆိုဖြစ်ခဲ့ကြ၏။ ထိုသို့ပြောဆိုရင်း သူက သူ့အဖေ ပြောခဲ့သည့် စကားလေးကို ကိုးကားပြီး အတည်ပြု ပြောဆိုသွား၏။ “တပည့်တော် အဖေပြောတဲ့ စကားလေးကို တပည့်တော် အမှတ်ရနေမိသေးတယ်၊ အဖေက လူတွေအနေနဲ့ ဘယ်အချိန်မှာ ဘာဖြစ်မယ်၊ ဘယ်အချိန်မှာ ဘယ်ရောက်မယ် ဆိုတာတွေဟာ မွေးလာကတည်းက ကံတရားက သတ်မှတ်ပေးလိုက်ပြီးသား၊...

Read more »

ဘယ်ကံက အရေးကြီးဆုံးလဲ…

တစ်လောက ဒကာလေးတစ်ယောက်နဲ့တွေ့တော့ သူက “ဘုန်းဘုန်းဘုရား.. ပြီးခဲ့တဲ့ တစ်ရက်နှစ်ရောက် လောက်က တပည့်တော်တို့ သူငယ်ချင်းတစ်စု ကံအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်၊ သူငယ်ချင်းတွေထဲက တစ်ယောက်က ကာယကံ၊ ဝစီကံ၊ မနောကံ သုံးမျိုးထဲမှာ ကာယကံက အဓိကကျကြောင်း ပြောဆိုပြီး တစ်ချို့က ကာယကံထက် မနောကံက ပိုပြီးအရေးကြီးကြောင်း ပြောဆိုရင်းက ဆွေးနွေးပွဲက အားပါလာပြီး သူမှန်ကိုယ်မှန် ငြင်းကြတဲ့အထိ ပြောဖြစ်ခဲ့ပါတယ်၊ နောက်ဆုံးတော့ ဘုန်းဘုန်းကိုပဲ...

Read more »

ဖို့ (၃)ဖို့

“ခန္ဓာစုက၊ မြေကျွေးရ၊ ဒုက္ခအပူတိုးရုံသာ။ ပစ္စည်းစုမူ၊ ဘုံဆိုင်ဟူ၊ ထိုက်သူသုံးကြပါ။ အနေမရဲ၊ သေမရဲ၊ အမြဲကြောက်ရပါ။ တရားစုမှ၊ ကိုယ်ပိုင်ရ၊ မုချစိတ်အေးပါ။ အနေလည်းရဲ၊ အသေရဲ၊ အမြဲကိုယ့်နောက်ပါ။” လူ့လောကမှာ ဖို့(၃)ဖို့ ရှိပါတယ်။ ၁။ မြေကျွေးဖို့ ခန္ဓာစုတာ ၂။ ထိုက်သူတွေသုံးဖို့ ပစ္စည်းရှာဖွေစုတာ ၃။ ကိုယ်ပိုင်ရဖို့ တရားရှာဖွေ စုဆောင်းကြိုးစားတာ။ အဲဒီ (၃)ဖို့ပဲ။ ကောင်းမှုတရား စိတ်စွမ်းအားတွေ တိုးပွားအောင် မကြိုးစားဘဲ ကျွေးရုံသာ ကျွေးနေရင်၊ ပြီးတော့...

Read more »

ဒုက္ခကိုယ်စီ ရှိကြသည်

ရုပ်နာမ်နှစ်ပါးဖြင့် တည်ဆောက်ထားသည့် သတ္တဝါမှန်သမျှ ဒုက္ခဟူသည် ရှိကြသည်သာ ဖြစ်၏။ လူလည်းရှိ၏။ နတ်လည်းရှိ၏။ ဗြဟ္မာလည်းရှိ၏။ တိရစ္ဆာန်လည်း ရှိ၏။ ပုထုဇဉ်လည်း ရှိ၏။ အရိယာလည်း ရှိ၏။ မည်သည့် ဘုံဘဝတွင် ရှိနေကြသည့် သတ္တဝါများ ဖြစ်ပါစေ ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသဖြင့် ဒုက္ခတရားလည်း ပိုင်ဆိုင်ထားပြီး ဖြစ်၏။ ရုပ်နာမ်ရှိနေသမျှ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဟူသည့် ဒုက္ခတရားများလည်း ရှိနေကြမည်သာ ဖြစ်၏။ မည်မျှချမ်းသာသည့် သူဖြစ်စေ၊ မည်မျှဆင်းရဲသည့်...

Read more »

ရောမချမိပါနဲ့

ပြောရရင်တော့ အောချချင်စရာ တစ်ချို့တစ်ချို့တွေက သဘောမကျချင်အောင် ရောချနေတတ်တာ။ တစ်ချို့က “ရောင့်ရဲခြင်းနဲ့ အပျင်းထူခြင်း အပြစ်ပြင်ခြင်းနဲ့ အပြစ်တင်ခြင်း သတ္တိရှိခြင်းနဲ့ မိုက်ရူးရဲဆန်ခြင်း သည်းခံခြင်းနဲ့ အနှိမ်ခံခြင်း မေတ္တာထားခြင်းနဲ့ ချစ်သဒ္ဓါပွားခြင်း သဒ္ဓါလွန်ခြင်းနဲ့ တဏှာကျွံခြင်း ဣနြေ္ဒရှိခြင်းနဲ့ ဟန်ဆောင်ခြင်း” စတာတွေကို အထအနတွေနဲ့ အလှပြကာ ရောချနေတတ်ကြ။ သူတို့က “အပျင်းထူးတာကို ရောင့်ရဲတာပါ”တဲ့ “အပြစ်တင်တာကို အပြစ်ပြင်တာပါ”တဲ့ “မိုက်ရူးရဲဆန်တာကို...

Read more »

ကံဆိုးခြင်းမဟုတ်၊ ကံကောင်းသွားခြင်းသာ

မကြာသေးခင်က ဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး၊ ကိုရီးယား)ရဲ့ ကျောင်းအကျိုးဆောင် ဒကာတစ်ယောက် ဆိုင်ကယ်မှောက်ပြီး အရမ်းပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆေးရုံပေါ်ကို ရောက်သွားခဲ့ပါတယ်။ ကျောင်းအတွက်ပဲဖြစ်ဖြစ်၊ လူမှုရေး ကိစ္စများမှာပဲ ဖြစ်ဖြစ်၊ မြန်မာများအတွက်ပဲ ဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားဆောင်ရွတ်ပေးပြီး အသောက်အစားကင်းကာ လူကြီးလူကောင်း ပီသတဲ့ သူတစ်ယောက် အခုလို အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတော့ လူအတော်များများက စိတ်မကောင်း...

Read more »

ဖောက်ပြန်ခြင်းနှင့် ဖောက်ဖျက်ခြင်း

ဖောက်ပြန်ခြင်း၊ ဖောက်ဖျက်ခြင်းဟူသော စကားများတွင် ယေဘုယျအားဖြင့် ဖောက်ပြန်ခြင်းသည် အလိုအလျောက် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် သဘောကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား လုံ့လပယောဂပြုမှု သဘောကိုဆောင်၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် အကျိုးရလာဘ်တစ်ခုခု အသွင်ကိုဆောင်ပြီး ဖောက်ဖျက်ခြင်းသည်ကား အကြောင်းဖန်တီးမှု တစ်ခုခုကို ညွန်းဆို၏။ တစ်နည်းအားဖြင့် ဖောက်ပြန်ခြင်းသည် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်း သဘောမျိုးဟု...

Read more »

Live Questions and Answers (13)…

မနာပ ဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။22 Jun 11, 12:33 AMသဲသဲ အရှင်ဘုရား မေးခွန်းလေးတစ်ခုမေးခွင့်ပြုပါဘုရား ဘာသာခြားတစ်ယောက်က တပည့်တော်ကို မေးလာတယ်ဘုရား။ လူတွေသေလို့ သရဲဖြစ်ရင်ကမ္မ၀ါဖတ်ရင် ထွက်သွားပြီး ဘုန်းကြီးတွေပျံလွန်တော်မူလို့ရှိရင် ဘာကြောင့်...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ