လောကလူရွာ၊ ဘုံဓမ္မာတွင်ကံသာအမိ၊ ဆိုရိုးရှိ၏။ဝီရိယလျှင် ဉာဏ်နှင့်ယှဉ်မှစီစဉ်သမျှ မှုကိစ္စကိုမုချအောင်မြင် ဖြစ်လိမ့်ပင်ဟုလောက(လူတို့)အထွဋ် ဘုရားရွတ်သည်ဟောလစ်သေချာ မယွင်းတည်း။ ။(သီးကုံးဆရာတော်)သီးကုံးဆရာတော်ဘုရားကြီး၏ အထက်ပါ ဆုံးမစာ ကဗျာလေးက အရာရာ ကံကို ပုံချနေသူများ၊ မိမိအစွမ်းကို ဥပေက္ခာပြုကာ ကံကောင်းလို့ပါဟု ပြောနေကြသူများ၊ လက်တွေ့ကြိုးစားအားထုတ်မှု မရှိဘဲ ဆိုးလိုက်တဲ့ကံဟု ကံကို အပြစ်ဖို့သူများ စသည့်စသည့် ကံချည်းကိုသာ အစွန်းရောက်သည်အထိ...