
ဗုဒ္ဓဘာသာဟာ တကယ်တော့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဘာသာပါ။ ပြီးတော့ အဲဒီ ရွေးချယ်မှုကိုလည်း ကိုယ်ကိုယ်တိုင်ပဲ ရယူခံစားနိုင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အမိန့်ပေးပြီး ပြဋ္ဌာန်းသတ်မှတ်ထားတာ မရှိပါဘူး။ ကြောင်းကျိုး ဆက်စပ်ပြထားတာပဲ ရှိပါတယ်။ ဘုရားရှင် ကိုယ်တိုင်လည်း ဘာလုပ်ပေးမယ်၊ ဘယ်လိုကယ်တင်ပေးမယ်၊ ဘယ်လို ဖန်တီးပေးမယ်ဆိုတဲ့ ကယ်တင်ရှင်မျိုး မဟုတ်ဘဲ...