သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…

မြတ်စွာဘုရားရှင် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ်၊ အမ္ဗသဏ္ဍအမည်ရှိသော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလဂူ၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်ပါ၏။ နတ်ပြည်ခြောက်ထပ်ကို အစိုးရတော်မူသော နတ်တို့၏အရှင် သိကြားမင်းသည် ဘုရားရှင် ထိုဣန္ဒသာလဂူတွင် သီတင်းသုံးနေထိုင်တော် မူသည့် သတင်းကို ကြားသိပြီး မိမိသန္တာန်၌ ဖြစ်ပေါ်လျက်ရှိသည့် သံသယများနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားလိုသည့် စိတ်ကူးဖြစ်ပေါ်ခဲ့၏။ ထိုအကြံကြောင့်ပင် သိကြားမင်းသည် အခြံအရံ ပရိတ်သတ်များနှင့်အတူ...

Read more »

ရတာမလို လိုတာမရ ဤလောက…

“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊...

Read more »

သိအောင်လုပ်ပါ…

သိခြင်းနှင့် မသိခြင်းကို စာလိုပြောလျှင် ၀ိဇ္ဇာနှင့် အ၀ိဇ္ဇာဟု ပြောနိုင်၏။ အ၀ိဇ္ဇာကား မသိခြင်းဖြစ်ပြီး ၀ိဇ္ဇာကား သိခြင်းဖြစ်၏။ မသိမှုများလာလျှင် သိမှုကွယ်ပျောက်တတ်ပြီး သိလာလျှင်ကား မသိမှုကို ပယ်ဖျောက်ပေးတတ်၏။ ထိုသိမှုသည် ဖတ်မှတ်လေ့လာ နာကြားသဖြင့် သိရှိရသည့် အမှတ်သညာ အသိနှင့် လက်တွေ့လိုက်နာကျင့်ကြံ အားထုတ်သဖြင့် သိရှိလာသည့် ဉာဏ်နှင့်ယှဉ်သည့် အသိဟူ၍ နှစ်မျိုးရှိ၏။ ထိုအသိနှစ်မျိုးလုံး ရှိရန်လိုအပ်၏။ ယနေ့ခေတ် လူအများစုသည် ပညာသိဖြင့် သိရန်ဝေးစွ...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ