အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။ ဆိုတော့ကား.....

Read more »

ကောင်းတာလုပ်ပါရက်နဲ့ ဆိုးကျိုးတွေနဲ့ကြုံနေရပြီး… မကောင်းတာလုပ်တဲ့သူတွေမှာ ဘာကြောင့် ကောင်းကျိုးတွေ ဖြစ်နေရပါသလဲ…

Q.အရှင်ဘုရား…တပည့်တော်မ သိတတ်စအရွယ်ကစပြီး မကောင်းမှုအကုသိုလ်တွေကို အတတ်နိုင်ဆုံးရှောင်ပြီး ကုသိုလ်ကောင်းမှုကို ကြိုးစားလုပ်ပါတယ်။ သီလကိုလည်း အတတ်နိုင်ဆုံး လုံအောင်ထိမ်းပါတယ်။ ဒါနကတော့ ရှိရင်ရှိသလို လုပ်ပါတယ်။ ဆရာသမား မိဘတွေကိုလည်း အတတ်နိုင်ဆုံး ပြုစုလုပ်ကျွေးပါတယ်။ ဒါပေမယ့် တပည့်တော်မမှာ အဆိုးတွေပဲ ကြုံတွေ့နေရပါတယ်။ အဆင်မပြေမှုတွေနဲ့ပဲ ကြုံတွေနေရပါတယ်။ တစ်ချို့ကျတော့ မကောင်းတာတွေ လုပ်နေပေမယ့် အရမ်းကို အဆင်ပြေနေတာတွေ့ရပါတယ်။ တပည့်တော်...

Read more »

တောင့်တ၍ မရပါ…

တစ်နေ့ သံဝေဂကဗျာလေး တစ်ပုဒ်ကိုဖတ်နေစဉ် စာရေးသူအတွေးထဲ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံလေးကို သွားသတိယလိုက်မိ၏။ မဃဒေ၀မင်းကြီးသည် ခေါင်းပေါ်မှာ ဆံပင်ဖြူလေးတစ်ပင် တွေ့ရှိရသည်ကို အကြီးအကျယ် သံဝေဂဖြစ်ကာ မင်းစည်းစိမ်ကိုစွန့်ပြီး တောထွက်တော်မူသည်အထိ ဖြစ်သွားခဲ့၏။ သံဝေဂ အမှန်တစ်ကယ်ဖြစ်ပြီ၊ အမှန်ရပြီဆိုလျှင် အလွန်တုန်လှုပ်ပြီး လွတ်မြောက်မှုကို ရှာဖွေသွားတတ်ကြသည်ကို မဃဒေ၀မင်းကြီးက သက်သေပြသကဲ့သို့ ဖြစ်၏။ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံ အတွေးလေးကို ကျေးဇူးတော်ရှင်...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ