သေဖို့ တစ်နှစ်နီးခဲ့လေပြီ…

ဒီနေ့ ၁လပိုင်း ၁၅ရက် ဘုန်းဘုန်းမွေးနေ့ပါ။ ဘာလိုလိုနဲ့ ဘုန်းဘုန်းတောင် အသက် ၃၅နှစ်ပြည့်ခဲ့ပါပြီ။ သေဖို့ တစ်နှစ်နီးခဲ့လေပြီပေါ့။ ခုခေတ် ယေဘုယျသက်တမ်းအရ ပြောရရင် သက်တမ်းတစ်ဝက် ကျိုးခဲ့ပါပြီ။ ဒါတောင် သက်တမ်းအရမို့လို့ တစ်ဝက်လို့ ပြောရတာပါ။ မမြင်နိုင်တဲ့ သေခြင်းတရားအရ ပြောရရင် မကြာခင် သက်တမ်းကုန်ရင်လည်း ကုန်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ သေဖို့ပိုပြီး နီးသွားတယ်ဆိုတာပါပဲ။ ရှေ့ဆက် ဘယ်လောက် အသက်ရှည်ဦးမယ်ဆိုတာ ပြောလို့မရပေမယ့်...

Read more »

ရုန်းမထွက်နိုင်သေးသမျှ…

မြတ်ဗုဒ္ဓ၏ တရားဦးဒေသနာတော်ဖြစ်သည့် ဓမ္မစကြာ ဒေသနာတော်ကိုဖတ်ရင်း သမုဒယသစ္စာအဖွင့်ကို အထူးသတိထားပြီး ဖတ်ဖြစ်၏။ ဒုက္ခအားလုံးသည် ဤသမုဒယကြောင့် ဖြစ်သဖြင့် သမုဒယသည် အကြောင်းတရား ဖြစ်ပြီး ဒုက္ခသည် အကျိုးတရား ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်မိ၏။ ဗုဒ္ဓက သမုဒယဟူသည် တဏှာပင်ဖြစ်ပြီး ထိုတဏှာသည် ကာမဂုဏ်တို့တွင် တပ်မက်တွယ်တာ ကပ်ငြိတတ်သည့် ကာမတဏှာ၊ အရာရာမြဲသည်၊ ရှိသည်စသည်ဖြင့် ဖြစ်သမျှဘ၀ကို တပ်မက်တတ်သည့် ဘ၀တဏှာနှင့် အရာအားလုံးသည် သေလျှင်ပြတ်ပြီဖြစ်သဖြင့်...

Read more »

ပျက်စီးချိန်တန်သော်…

“ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်ဆီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)လောကသားတိုင်း ရှောင်လွဲမရ မဖြစ်မနေ ကြုံတွေ့ရမည့် တရားတစ်ခုကား အတက်အကျ၊ အနိမ့်အမြင့် ဟူသော လောကဓမ္မခေါ် လောကဓံတရားပင် ဖြစ်၏။ မည်သည့်အရာမျှ...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ