ပျက်စီးချိန်တန်သော်…

“ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်ဆီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)လောကသားတိုင်း ရှောင်လွဲမရ မဖြစ်မနေ ကြုံတွေ့ရမည့် တရားတစ်ခုကား အတက်အကျ၊ အနိမ့်အမြင့် ဟူသော လောကဓမ္မခေါ် လောကဓံတရားပင် ဖြစ်၏။ မည်သည့်အရာမျှ...

Read more »

ဝိဇ္ဇာစရဏသမ္ပန္နဟူသည်…

Q.ဘုန်းဘုန်းဘုရား…သိလိုတာလေးတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဘုရား။ နောက်ထပ် တပည့်တော် သိချင်တာက မြတ်စွာဘုရားရဲ့ တတိယမြောက်ဂုဏ်တော်ဖြစ်တဲ့ ၀ိဇ္ဇာစရဏ ဂုဏ်တော်အကြောင်းပါ ဘုရား။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အကြောင်း ပြည့်ပြည့်စုံစုံသိချင်ပါတယ်။ ဖြေကြားပေးတော်မူပါဘုရား။ မအားတဲ့ကြားက အခုလိုအချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဘုရား…(မယုယုထွန်း)A. ၀ိဇ္ဇာစရဏသမ္ပန္နကို ပုဒ်ခွဲလိုက်ရင် ၀ိဇ္ဇာတစ်ပုဒ်၊ စရဏတစ်ပုဒ်၊ သမ္ပန္နတစ်ပုဒ်အားဖြင့် သုံးမျိုးရှိပြီး...

Read more »

တရားအားထုတ်ကြည့်ကြစို့…

တရားအားထုတ်တယ်ဆိုတာ တကယ်တော့ တရားတဲ့ အားတွေ ထုတ်တာပါပဲ။ ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့ အားတွေ အပြင်မထွက်အောင် မတရားတဲ့ အားတွေ မပေါ်အောင် တရားတဲ့အားတွေနဲ့ အနိုင်ယူတာကို တရားအားထုတ်တယ်လို့ ဆိုတာပါ။ မတရားတဲ့ အားဆိုတာ တခြားမဟုတ်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသားတရားတွေကို ပြောတာပါ။ ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတွေ မပြတ်ဖြစ်နေတဲ့ အတွက်ကြောင့် ပုထုဇဉ်လို့ ဆိုတဲ့အတိုင်း ပုထုဇင်များမှာ ကိလေသာတရားများ အမြဲမပြတ် တိုးတက်ဖြစ်ပွား...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ