ရဟန်းဘ၀ဆိုတာ ရခဲတဲ့ ဒုလ္လဘတစ်ခုပါ။ ပြောရရင်တော့ ရဟန်းဘ၀ ရနေတာဟာ ဒုလ္လဘတရား ငါးပါးနဲ့ အကုန်ပြည့်စုံနေတာလို့ ပြောလို့ရပါတယ်။ သိတဲ့အတိုင်းပဲ ဘုရားပွင့်ဖို့ဆိုတာ ရခဲခြင်း၊ လူ့ဘ၀ဆိုတာ ရခဲခြင်း၊ သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ဆိုတာလည်း ရခဲခြင်း၊ ရဟန်းဘ၀ဆိုတာလည်း ရခဲခြင်း နောက်ဆုံး သူတော်ကောင်းတရားကို ကြားနာဖို့ဆိုတာလည်း ရခဲခြင်းဆိုတဲ့ ဒီဒုလ္လဘ တရားငါးပါးမှာ ရဟန်းဘ၀ကိုသာ ရနေပြီဆိုရင် ကျန်တဲ့ဒုလ္လဘ တရားများလည်း အကုန်ရနေသလိုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့...