- “ငါမရှိရင် မဖြစ်ဘူး”လို့ မပြောပါနဲ့။ ငါမရှိလည်း သူ့အတိုင်းအတာနဲ့ သူကတော့ ဖြစ်သွားကြမှာပါပဲ။
- ငါ့ကိုယ်ငါတောင် ဘယ်လိုနေလို့ ဘယ်လိုသေရမယ် မသိသေးတဲ့ ဘဝမှာ ငါတွေတအားများလို့ မဖြစ်ပြန်ပါဘူး။
- ငါလို့ပြောတဲ့ အဲဒီငါကရော တကယ်ရှိလို့လားလို့ စဉ်းစားကြည့်တော့ တကယ်မရှိပါဘူး။ ဝေါဟာရ ပညတ်တစ်ခု အနေနဲ့ ငါလို့ ပြောနေရပေမယ့် ငါ့ရုပ်၊ ငါ့အသံ၊ ငါ့အနံ့၊ ငါ့အရသာ၊ ငါ့အတွေ့အထိ၊ ငါ့အတွေးအကြံ စတာတွေဟာ ဘာတစ်ခုမှ ငါ့သဘောအတိုင်း မဖြစ်ဘူးဆိုတာ သတိပြုကြရမှာပါ။...