တစ်လောက နိုင်ငံခြားမှာနေထိုင် အလုပ်လုပ်နေတဲ့ အစ်မတစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ ဖုန်းကိုင်လိုက်တော့ သူ့အသံကို သဲသဲကွဲကွဲ မကြားရဘဲ ရှိုက်ကြီးတစ်ငင် ငိုနေတဲ့ အသံကိုပဲ ဆက်တိုက်ကြားနေခဲ့ပါတယ်။ သိပ်ခံစားနေရတဲ့ သဘောရှိတဲ့အတွက် ငိုသံလေးနည်းနည်း တိတ်သွားအောင် ဖုန်းကိုင်ပြီး စောင့်နားထောင်လိုက်ပါတယ်။ အားရပါးရ ငိုပြီးတော့မှ သူ့အသံက နည်းနည်း ပြန်ထွက်လာပါတယ်။ ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့် ဒီလောက်တောင် ခံစားနေရတာလဲ စသဖြင့် မေးခွန်းတွေ...