ဗုဒ္ဓဘာသာအဖြစ် ခံယူထားသည့် ဗုဒ္ဓဘာသာ တစ်ယောက်သည် ရတနာသုံးပါး၊ ကံကံ၏ အကျိုးတရား၊ အကြောင်းအကျိုး ဆက်သွယ်မှုနှင့် မျက်မှောက်လောက၊ တမလွန်လောက စသည်တို့ကို ယုံကြည်ကြရပေမည်။ဗုဒ္ဓဘာသာတစ်ယောက်သည် မိမိတို့ ကိုးကွယ်ဆည်းကပ်သည့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်အမှန်တကယ် ယုံကြည်ရန် လိုအပ်လှသည်။ ဘုရားဟုတ်ပါ့မလား၊ တရားဟုတ်ပါ့မလား စသည့် သံသယများ ကင်းရှင်းစေရန် ရတနာသုံးပါးရဲ့ ဂုဏ်တော်များကို သေချာကျနစွာ သိရှိအောင် ကြိုးစားပြီး ရတနာသုံးပါးအပေါ် ယုံကြည်မှု...