အသွင်မတူ အိမ်သူမဖြစ်…

“အသွင်မတူ အိမ်သူမဖြစ်”တဲ့။ ပို့စ်ခေါင်းစဉ်လေးကတော့ ဘုန်းကြီးနဲ့ လားလားမှမသက်ဆိုင်တဲ့ ခေါင်းစဉ်လေးပါ။ အိမ်ယာတည်ထောင် လူဘောင်ကိစ္စကို အိမ်ရာမထောင် ရဟန်းဘောင်က ရဟန်းတစ်ပါးက ပြောလာတာဆိုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူ့အလုပ် ဝင်ရှုပ်တယ်လို့ ပြောစရာ ဖြစ်နိုင်ပါတယ်။ ပြောလည်းမတတ်နိုင်ဘူး ပြောပါစေတော့။ အမျိုးသားရေးနဲ့ ပတ်သက်လာခြင်း၊ ဒါမှမဟုတ် ဘာသာတရားဆိုင်ရာ အဆုံးအမများနဲ့ ပတ်သက်လာခြင်း၊ ကိုယ့်ကျင့်တရားဆိုင်ရာ လျော့နည်းလာမှုတွေနဲ့ ဆက်စပ်လာခြင်းတွေကြောင့်...

Read more »

လုံခြုံရေး…

လောကီဘုံသား လူအများအတွက် ဘဝမှာ လုံခြုံရေးက သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတွေဟာ လူတိုင်းလူတိုင်းအတွက် တကယ့်ကိုပဲ အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာများ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့၊ လက်ရှိရရှိထားတဲ့ လူ့ဘဝလိုမျိုး ကောင်းတဲ့ ဘဝခန္ဓာကနေ နိမ့်ကျမသွားဖို့နဲ့ ကောင်းတဲ့စိတ်စေတနာလေးတွေ မယိမ်းယိုင်သွားဖို့ ဆိုတဲ့အချက်တွေဟာ...

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၇)...

ဘုရားကိုးဆူနဲ့ ဂြိုဟ်ကိုးလုံး…ခုနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ဂုဏ်သရေရှိ အသိုင်းအဝိုင်း၊ ပိုက်ဆံရှိ အသိုင်းအဝိုင်း၊ ပညာတတ် အသိုင်းအဝိုင်း တော်တော်များများကြားမှာ ပေါ်ပြူလာဖြစ်လာတဲ့ ဘာသာရေး ခုတုံးလုပ်မှု တစ်ခုဟာ အရမ်းခေတ်စားလာနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဘုရားကိုးဆူပူဇော်ပွဲ ဆိုတာပါ။ ပူဇော်ပွဲဆိုတာထက် ဘုရားကိုးဆူတင်ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ တင်ပြီဆိုကတည်းက ပူဇော်တာ မဟုတ်တော့ဘဲ နတ်တင်သလို တင်တဲ့သဘောမျိုး သက်ရောက်သွားတဲ့...

Read more »

မျှော်လင့်ချက်…

“အရှင်ဘုရားအပေါ် တပည့်တော်တို့က အရမ်းကို မျှော်လင့်ထားတာပါ…၊ ဒို့ကမင်းအပေါ် ဘယ်လောက်အထိ မျှော်လင့်ထားတယ်ဆိုတာ မင်းအသိဆုံးပါ…၊ သူ့ဘဝက တကယ့်ကို မျှော်လင့်ချက် ကင်းမဲ့သွားပါပြီ…၊ ကိုယ်မျှော်လင့်သလို ဖြစ်မလာတော့လည်း သူ့ထိုက်နဲ့သူ့ကံပေါ့…၊ ဘာမျှော်လင့်ချက်မှ မရှိတော့လည်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး…” စသဖြင့် မျှော့်လင့်ချက်နဲ့ ပတ်သက်ပြီး အသုံးပြုလေ့ ရှိကြတဲ့ စကားများကို ကြားဖူးကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း အသုံးပြုခဲ့ဖူးကြသလို သူများက အသုံးပြု...

Read more »

အိမ်အပြန် အမှတ်တရ...

...

Read more »

ချမ်သာကြီးလိုလျှင်…

“ကံဟောင်းလာကြောင်း၊ ကံသစ်လောင်း၊ ရေးမြောင်းဖောက်ပါလေ။ကြီးသောချမ်းသာ၊ တောင့်တရှာ၊ ချမ်းသာငယ်ကို စွန့်ပါလေ။ကြီးသောဆင်းရဲ၊ ကြောက်လျှင်လည်း၊ ဆင်းရဲငယ်ကို သည်းခံလေ”(တိပိဋကယောဆရာတော်)တိပိဋကဓရ ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ၏ “တိပိဋကဓမ္မလက်ဆောင် တရားတော်များ” ဟူသော စာအုပ်ကို ဖတ်ရှုကြည်ညိုရင်း စာအုပ်တစ်နေရာတွင် ဆရာတော် စပ်ဆိုထားသည့် အထက်ပါ ကဗျာလင်္ကာလေးများအား သဘောကျနှစ်သက်မိခဲ့၏။ နှစ်သက်မိသည့်အလျောက် အလွတ်ရသည် အထိ ကျက်မှတ်ဆောင်ထား ဖြစ်လိုက်၏။...

Read more »

စိတ္တသုခ လူမှုကူညီရေး အသင်း ဖွဲ့စည်းတည်ထောင်မည်

အခြေအနေ လိုအပ်ချက်အရ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်မှ ဦးဆောင်၍ “စိတ္တသုခ လူမှုကူညီရေးအသင်း (ဒယ်ဂူး၊ ကိုရီးယား)” ကိုဖွဲ့စည်းတည်ထောင်မည် ဖြစ်ပါသည်။ မိမိတို့တစ်နိုင်တစ်ပိုင် အနေဖြင့်လည်း ပရဟိတ အလှူလေးများကို ပေးလှူနေကြမြဲ ဖြစ်သော်လည်း အသင်းအဖွဲ့ အနေဖြင့် စည်းလုံးညီညွတ်စွာ ပေးအပ်လှူဒါန်းနိုင်လျှင် ပိုမိုကောင်းမွန် ခန့်ငြားနိုင်မည် ဖြစ်သဖြင့် ယခုကဲ့သို့ လူမှုကူညီရေး အသင်းအဖွဲ့လေးကို ဖွဲ့စည်းကြရခြင်း...

Read more »

အတုအယောင် တုမယောင်နဲ့…

အတုအယောင်များ တဖြည်းဖြည်းနဲ့ ပေါများလာနေတဲ့ ဒီနေ့ခေတ်မှာ အတုအယောင်တွေကလည်း အမျိုးစုံလှပါတယ်။ ပစ္စည်းအတုအယောင်၊ လူအတုအယောင်၊ ရာထူးအတုအယောင်၊ ဂုဏ်အတုအယောင် စသဖြင့် အမျိုးမျိုးပါပဲ။ အဲဒီ အတုအယောင် မျိုးစုံထဲမှာ ကြောက်စရာ အကောင်းဆုံး အတုအယောင်ကတော့ သူတော်ကောင်းတရား အတုအယောင်ပဲ ဖြစ်ပါတယ်။ ဒီသူတော်ကောင်းတရား အတုအယောင်တွေဟာ သူတော်ကောင်း အတုအယောင်တွေကြောင့်ပဲ ပေါ်ပေါက်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီသူတော်ကောင်း အတုအယောင်တွေကို အတုအယောင်မှန်း...

Read more »

တရွယ်ရွယ်မှာ သုတ်သင်ပါ…

“ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏။”(ဂေါတမမြတ်စွာဘုရား)သတ္တဝါတိုင်း သတ္တဝါတိုင်း အသက်ရှင် နေထိုင်သမျှ ကာလပတ်လုံး အရွယ်သုံးပါးကို ကျင်လည်ဖြတ်သန်း ကြရမည်သာ ဖြစ်ပါ၏။ ငယ်ရွယ်နုပျိုစဉ် ပထမအရွယ်၊ အလယ်အလတ်ဖြစ်သည့် ဒုတိယအရွယ်၊ အကြီးပိုင်းဖြစ်သည့် တတိယ အရွယ်ဟူ၍ အရွယ်သုံးမျိုး ရှိကြရာတွင် အကောင်းဆုံးအရွယ်၊...

Read more »

ဧည့်သည်…

“လာတုန်းကလည်း တစ်ယောက်တည်းနော်လက်တွဲခေါ်ကာ ဖော်မပါဘူးဥစ္စာချည်းနှီး တစ်ကိုယ်တည်း။ပြန်သွားတော့လည်း တစ်ယောက်တည်းနော်လက်တွဲခေါ်ကာ ဖော်မပါဘူးဥစ္စာချည်းနှီး တစ်ကိုယ်တည်း…”ကိုရီးယားဧည့်သည်များနှင့်အတူ မြန်မာပြည်အထက်ပိုင်း ခရီးထွက်စဉ်က စာရေးသူတို့ အဖွဲ့သည် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒ ကျောင်းတိုက်ကြီးသို့လည်း သွားရောက်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအား ကြည့်ရှုလေ့လာ ကြည်ညိုဖြစ်ခဲ့၏။ ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ရောက်သည့်အခါ...

Read more »

သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ…

ဘုန်းဘုန်းတို့ ကမ္ဘာအေး သာသနာ့တက္ကသိုလ်မှာ အဆောင်မှူးအဖြစ်နဲ့ တာဝန်ထမ်းနေတုန်းက နှစ်စဉ် သင်တန်းသား အသစ်များ အဆောင်ကို ရောက်လာတိုင်း ဘုန်းဘုန်းအနေနဲ့ ရှောင်ရန်ဆောင်ရန်လေးများကို ပြောဆိုဆုံးမပေးလေ့ ရှိခဲ့ဖူးပါတယ်။ အဲဒီလို ဆုံးမတဲ့အခါတိုင်း သင်တန်းသားများကို အမြဲပြောလေ့ရှိတဲ့ စကားလေးကတော့ “အရှင်ဘုရားတို့ အနေနဲ့ အထူးသတိပြုသင့်တာက ရောက်ခါစမှာ သူများတွေလုပ်တာကို လိုက်လုပ်ရင်း ဘာမသိ ညာမသိနဲ့ အမှားတွေနောက်ကို လိုက်မလုပ်ဖို့လိုကြောင်း၊ အဲဒီလို...

Read more »

နဲနဲလေးတော့ လွဲနေတယ်... (၁၆)

သက်သတ်လွတ်နဲ့ ရသတဏှာ...တစ်လောက မဟာယာန ဗုဒ္ဓဘာသာဝင် ဒကာမကြီးတစ်ယောက် ကျောင်းကိုရောက်လာခဲ့ပါတယ်။ ဒကာမကြီးရောက်တဲ့ အချိန်နဲ့ ဆွမ်းစားချိန်တိုးနေတဲ့အတွက် ဆွမ်းဝိုင်းနားမှာပဲ ခဏစောင့်နေဖို့ ပြောရင်း ဆွမ်းစားနေခဲ့ပါတယ်။ အဲဒါကို အနားမှာထိုင်နေတဲ့ ဒကာမကြီးက ဆွမ်းဝိုင်းပေါ်မှာရှိတဲ့ အသားဟင်းခွက်တွေကို ကြည့်ပြီး “အရှင်ဘုရားတို့က ဘာဖြစ်လို့ ဒီလောက်အသားဟင်းတွေ စားရတာလဲ…၊ တပည့်တော်တို့ ဘုန်းကြီးတွေဆို အသားဟင်းမစားဘဲ အမြဲတမ်း သက်သတ်လွတ်ပဲ စားတယ်၊...

Read more »

နှစ်ဆယ်၊ ရှစ်ဆယ် သီအိုရီ (20%, 80% theory)

ဘုန်းဘုန်း မြန်မာပြည်မှာ ရောက်နေတဲ့အခိုက် မြန်မာပြည်ကိုလာပြီး တရားလည်းအားထုတ်၊ တရားလည်းနာ၊ ခရီးလည်းထွက်ဖို့ ရောက်လာကြတဲ့ ကိုရီးယားအဖွဲ့တွေနဲ့အတူ ဘုန်းဘုန်းလည်း မြန်မာပြည်အထက်ပိုင်း ခရီးကို လိုက်ပါသွားဖြစ်ခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က ရောက်တဲ့နေရာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေကို ဖူးမြော်ပူဇော်ရင်း ဆရာတော်ကြီးများ ဟောကြားချီးမြှင့်တဲ့ တရားတော်ကို နာလိုတဲ့ ရည်ရွယ်ချက် ဖြစ်တဲ့အတွက် ရောက်တဲ့နေရာတိုင်းမှာတော့ အဲဒီရည်ရွယ်ချက်ကို...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ