အရေးကြီးသည်မှာ…

လောက၌ လူအမျိုးမျိုး ရှိကြရာတွင် အချို့သူများသည် ပညာအားကောင်းကြ၏။ အချို့သည် တွေးခေါ်မှု အားကောင်းကြ၏။ အချို့သည် ၀ီရိယအားကောင်းကြ၏။ အချို့ကား လက်တွေ့အားသန်ပြီး အချို့ကား ကြံစည်မှု အားသန်ကြ၏။ မည်သို့ပင် အားသာချက် ကိုယ်စီရှိငြားသော်လည်း တစ်ခုတည်းကိုသာ စွဲကိုင်ထားပါက လွဲယိုင်သွားတတ်၏။ ပညာအားကောင်းသော်လည်း ကျင့်ကြံအားထုတ်မှုပါမှသာ လက်တွေ့အကျိုး ရနိုင်သကဲ့သို့ အတွေးအခေါ် အကြံအစည် အားသန်သူသည်လည်း တွေးတောကြံစည်နေရုံမျှနှင့်မပြီး လက်တွေ့အကောင်အထည်ဖော်...

Read more »

မိန်းမဘ၀မှ လွန်မြောက်ချင်ရင်…

Q. အရှင်ဘုရားကို မေးခွန်းတစ်ခုလောက် မေးချင်နေမိတာ ဘယ်မှာ မေးရမှန်းမသိလို့ ဒီcomment မှာပဲ မေးလိုက်ပါတယ်ဘုရား....။ တပည့်တော် သူငယ်ချင်း မိန်းခလေး တစ်ယောက်က နောက်ဘဝမှာ ယောကျာ်းလေး အရမ်းဖြစ်ချင်နေပါသည် ဘုရား၊ အဲဒါ ဒီဘဝမှာ ဘာကောင်းမှု ကုသိုလ်ကို အလေးပေး လုပ်ဆောင်ရမယ်ဆိုတာကို ကရုဏာရှေ့ထား ဖြေကြား ပေးတော်မူပါဘုရား.....။ကိုဗညား(ခေတ္တ စင်ကာပူ)A. ဒကာတော်ရေ… မေးချင်တဲ့ မေးခွန်းလေးတွေကို ဒီစာမျက်နှာရဲ့ ဆက်သွယ်ရန်မှာ ဖော်ပြထားတဲ့ အီးမေးလ်မှပဲ...

Read more »

Live Questions and Answers (3)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။22 Apr 10, 01:50 PMReader:နာနာဘာဝ ဝိနာဘာဝ ဆိုတာ ဘာကို ဆိုလိုပါသလဲဘုရား။ ဝေမာနိက ပြိတ္တာများကို ဆိုလိုတယ်လို့ ထင်ခဲ့တာ ပါဠိအဓိပ္ပာယ်က ဒီလို မထွက်ဘူးလို့ သိရလို့ အမှန်ကို သိလိုပါတယ်ဘုရား…22 Apr 10, 03:00 PMမနာပဒါယီ>>>...

Read more »

ပယ်ဖြတ်ပုံ မတူကြသူများ…

ဗုဒ္ဓပိဋကတ် စာပေတွေဖတ်ရင်း မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာပါတဲ့ ပေါတလိယသုတ်ကို အကြိမ်အကြိမ် ပြန်ဖတ်မိဖြစ်ပါတယ်။ ဒီသုတ်မှာပါတဲ့ ပေါတလိယသူကြွယ်နဲ့ ဘုရားရှင်တို့ အပြင်အလှန် မေးဖြေထားတာလေးတွေက ဖတ်မိသူတိုင်းကို အဓိကနဲ့ သာမည ခွဲခြားပြသနေသလို ဖြစ်စေပါတယ်။ အမြင်ခြင်း မတူတဲ့ သူနှစ်ယောက်ရဲ့ ယူဆချက်တွေမှာ ဗုဒ္ဓရဲ့ တင်ပြချက်က လွတ်မြောက်မှုကို အသားပေးထားတာ တွေ့ရပါတယ်။ အထူးသဖြင့် ပေါတလိယ သူကြွယ်ရဲ့ လူမှုကိစ္စပယ်ဖြတ်ထားပုံနဲ့ ဘုရားရှင်ဆိုလိုတဲ့ ပယ်ဖြတ်ပုံချင်း...

Read more »

ကံကောင်းလိုသော်…

“ဘုန်းဘုန်းဘုရား… အခုတလော တပည့်တော်ကံတွေ အရမ်းနိမ့်ပြီး အဆိုးတွေနဲ့ပဲ ကြုံနေရပါတယ်ဘုရား…၊ အဲဒါ ဘုန်းဘုန်း တပည့်တော်ကို ကံကောင်းလာအောင် မေတ္တာပို့ ဆုတောင်းပေးပါဦးဘုရား…” ဆိုတဲ့ အားကိုးသံတွေနဲ့ တောင်းပန်လျှောက်ထားကြတဲ့ ဒကာဒကာမများကို မကြာမကြာ ကြုံဖူးပါတယ်။ အဲဒီလိုအခါတိုင်းလည်း ဘုန်းဘုန်းက “ကောင်းပါပြီ မေတ္တာပို့တာ၊ ဆုတောင်းပေးတာတော့ ပုံမှန်လုပ်ပေးနေတာထက် အထူးပိုပြီး မေတ္တာပို့ပေးပါမယ်၊ ကံတွေကောင်းလာအောင်တော့ ဘုန်းဘုန်းလုပ်ပေးတာထက်...

Read more »

စွမ်းအားကိုယ်စီ…

လောကမှာ ကိုယ့်အစွမ်းအစကို အသုံးမချဘဲ သူများကို အမှီပြုပြီး သူများရဲ့ အားကိုးကိုပဲ ရှာနေတတ်ကြတဲ့ သူတွေရှိတတ်ကြသလို ကိုယ့်ကိုယ်ကို အထင်ကြီးလွန်ကာ ငါမပါ ဘာမှမပြီးလို့ ဆိုတတ်သူတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့ကလည်း “သူမရှိလို့ မဖြစ်ဘူး၊ သူမရှိရင် ဘာမှလုပ်လို့ မရဘူး…” စသဖြင့် ဆိုတတ်တဲ့ သူတွေရှိသလို တစ်ချို့ကျပြန်တော့လည်း “ငါမရှိရင် မဖြစ်ဘူး၊ ငါမပါရင် ဘာမှလုပ်လို့ မရဘူး…” စသဖြင့် ဆိုလာသူတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်း စွမ်းအားကိုယ်စီ...

Read more »

အစားလုပ်ပေးလို့ ရ/မရ…

Q. ဘုန်းဘုန်းဘုရား…တပည့်တော်ရဲ့ အခန်းဖော်တစ်ယောက်ကို တစ်ခါမှ ဘုရားရှိခိုးတာ မတွေ့လို့ ဘုရားရှိခိုးဖို့ ပြောတဲ့အခါ သူက “သူ့အနေနဲ့ အရမ်းပင်ပန်းလို့ မရှိခိုးနိုင်ကြောင်း၊ သူ့အတွက် အိမ်ကသူတွေက လုပ်ပေးကြောင်း” အကြောင်းပြ ပြောဆိုပါတယ်။ အဲဒါ သူပြောတဲ့အတိုင်း ကုသိုလ်ကောင်းမှုကို အစားလုပ်ပေးလို့ ရ၊ မရ သိချင်ပါတယ်ဘုရား။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား…။ ဘုန်းဘုန်း ကျန်းမာချမ်းသာပါစေ…(သိလိုသူ)A. သိလိုသူရေ… ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဟာ လက်တွေ့ကျင့်ကြံ...

Read more »

အတုံ့အလှည့်…

တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်၊အဆိုခံရသော သူတို့သည် သင့်ကို ပြန်လှန်ဆိုကုန်ရာ၏။ချုပ်ချယ်သော စကားသည် ဆင်းရဲ၏ အကြောင်းတည်း၊သူတစ်ပါးကို ဒဏ်ပြုက အတုံ့အလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။(ဂေါတမဘုရားရှင်)လိမ်ညာပြောဆိုခြင်း၊ ချောပစ်ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကိုဆိုခြင်း၊ အကျိုးမရှိ အချည်းနှီးသော စကားကိုဆိုခြင်းဟူသော နှုတ်ဖြင့်လွန်ကျူးတတ်သည့် ၀စီဒုစရိုက် လေးပါးတို့တွင် ဖရုသ၀ါစာခေါ် ကြမ်းတမ်းသော စကားကိုဆိုခြင်းသည်လည်း...

Read more »

အရေးကြီး၏…သို့သော် အရေးမကြီး…

“Money makes everything. ငွေဟာ အရာရာကို ဖန်တီးနိုင်တယ်” ဆိုတဲ့ စကားကို ကြားရတိုင်း ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်လေ့ရှိတတ်တဲ့ သူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူအတော်များများဟာ ငွေအတွက် ဦးစားပေးနေကြရတဲ့ အနေအထား ရှိပါတယ်။ ခေတ်ကာလ အခြေအနေကလည်း ငွေမရှိရင် ဘာမှလုပ်လို့မရဘဲ ဖြစ်နေတာဆိုတော့ ဟိုနာသွားလည်းငွေ၊ ဒီနားသွားလည်းငွေ၊ ဟိုလူတွေ့လည်းငွေ၊ ဒီလူတွေ့လည်းငွေ၊ ဟိုဟာလုပ်ချင်လည်းငွေ၊ ဒါလုပ်ချင်လည်းငွေ...

Read more »

စိတ်အားဖြည့် စကားစုလေးများ… (၅)

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး...

Read more »

နောင်တကင်းရာသို့…

“အရှင်ဘုရားရေ အဲဒီတုန်းက အရှင်ဘုရား ပြောတဲ့အတိုင်း မလုပ်မိဘဲ သူပြောတဲ့အတိုင်း လိုက်လုပ်မိလို့ အခုတော့ တပည့်တော် ဒုက္ခလှလှကြီး တွေ့နေရတဲ့အပြင် ဆင်းရဲပေါင်းစုံနဲ့ နောင်တတွေပဲ ဖြစ်လို့နေပါတယ်ဘုရား…”ဆိုပြီး လွန်ခဲ့တဲ့ ၂နှစ်လောက်က အဖြစ်တွေ ပြန်ပြောကာ ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ အခြေအနေတွေကို ရင်ဖွင့်သွားခဲ့တဲ့ ဘုန်းကြီးလူထွက် လူပျံတော် သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းကို နားထောင်ရင်း အတွေးနယ်ချဲ့မိပါတယ်။ သူ့လုပ်ရပ်အတွက် နောင်တတွေဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး...

Read more »

ဒီမှာလည်းလိုအပ်နေ…

တစ်နေ့က ရန်ကုန်မှာရှိတဲ့ ရဟန်းဒကာမကြီးဆီ ဖုန်းဆက်တော့ ဒကာမကြီးက “အရှင်ဘုရား… ဒီနှစ်ဝါဆိုလည်း မြန်မာပြည်မှာ ပြန်ဝါဆိုဖြစ်မှာလားဘုရား…”လို့ လျှောက်ပါတယ်။ “သိပ်တော့မသေချာဘူး ဒကာမကြီး…၊ ဘာဖြစ်လို့လဲ..”လို့ မေးတော့ “အော် တစ်ခြားမဟုတ်ပါဘူးဘုရား… အရှင်ဘုရား ပြန်ကြွလာရင် တပည့်တော်မှာ ရှိတာလေးတွေ စုဆောင်းပြီး အရှင်ဘုရားနဲ့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သွားပြီးတော့ ကင်ဆာဓာတ်ရောင်ခြည်စက်အတွက် အလှူခံနေတာကို သွားလှူမလို့ စဉ်းစားထားလို့ပါ၊...

Read more »

တုံ့ပြန်မှု မတူကြသူများ…

လောကမှာ လူအမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိကြသလို အမြင်အမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ လက်ခံမှုအမျိုးမျိုး၊ တုံ့ပြန်မှုအမျိုးမျိုးလည်း ရှိတတ်ပါတယ်။ လူချင်းတူပေမယ့် အမြင်ချင်းမတူ၊ အတွေးအခေါ်ချင်းမတူ၊ တုံပြန်မှုချင်း မတူတတ်ပါဘူး။ တစ်ချို့က အကောင်းဘက်က မြင်တတ်သလို တစ်ချို့က အဆိုးဘက်က မြင်တတ်ပါတယ်။ တစ်ချို့က အကောင်းကိုရှာပြီး တုံ့ပြန်တတ်သလို တစ်ချို့က အဆိုးကိုရှာပြီး တုံ့ပြန်တတ်ပါတယ်။ တစ်ချို့က ကုသိုလ်ဖြစ်အောင် ယူတတ်သလို...

Read more »

ပျက်စီးခြင်းနှင့် ဖျက်စီးခြင်း…

ဗျသနဟူသော ပါဠိစကားလုံးကို ပျက်စီးခြင်းဟု မြန်မာပြန်ဆိုကြ၏။ ဤစကားလုံးသည် ဗုဒ္ဓဘာသာအများစုနှင့် ရင်နှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်၏။ ဘာသာရေးပွဲများရှိတိုင်း၊ နေ့စဉ်အိမ်မှာ ဘုရားရှိခိုင်းတိုင်း ရွတ်ဆိုရှိခိုးနေသည့် သြကာသ ကန်တော့ချိုး၏ ဒုတိယပိုင်းတွင် ပါဝင်သည့် ဆုတောင်းများမှ တစ်ခုသာ ဖြစ်၏။ သြကာသ ကန်တော့တိုင်း ၀န်ချတောင်းပန်ပြီးနောက် ဆိုလေ့ရှိသည့် “ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ