မြတ်စွာဘုရားရှင် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ်၊ အမ္ဗသဏ္ဍအမည်ရှိသော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလဂူ၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်ပါ၏။ နတ်ပြည်ခြောက်ထပ်ကို အစိုးရတော်မူသော နတ်တို့၏အရှင် သိကြားမင်းသည် ဘုရားရှင် ထိုဣန္ဒသာလဂူတွင် သီတင်းသုံးနေထိုင်တော် မူသည့် သတင်းကို ကြားသိပြီး မိမိသန္တာန်၌ ဖြစ်ပေါ်လျက်ရှိသည့် သံသယများနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားလိုသည့် စိတ်ကူးဖြစ်ပေါ်ခဲ့၏။ ထိုအကြံကြောင့်ပင် သိကြားမင်းသည် အခြံအရံ ပရိတ်သတ်များနှင့်အတူ...