စိတ်ဓာတ်လေးတွေ ကျနေတဲ့အခါ

ဘုန်းဘုန်းကို ဒကာလေးတစ်ယောက်က “အရှင်ဘုရား တပည့်တော် အခုစိတ်ဓာတ်ကျနေလို့ တရားတစ်ပုဒ်လောက် ချီးမြင့်ပါဘုရား”လို့ တောင်းဆိုထားဖူးပါတယ်။ သူတောင်းဆိုတဲ့အချိန်က ဘုန်းဘုန်းမှာ အလုပ်နည်းနည်းရှုပ်နေတာနဲ့ ချက်ချင်းအကြောင်းမပြန်နိုင်၊ သူတောင်းဆိုထားတဲ့ တရားတစ်ပုဒ်ကိုလည်း အဲဒီတုန်းက မဟောပြနိုင်ခဲ့ပါဘူး။ အခုမှပဲ သူတောင်းဆိုထားတာလေးကို အကြောင်းပြန်ရင်း သူလို စိတ်ဓာတ်လေးတွေ ကျတတ်ကြတဲ့ သူတွေအတွက်လည်း နည်းနည်းပဲဖြစ်ဖြစ် အထောက်အကူ ဖြစ်ပါစေဆိုတဲ့...

Read more »

သူမတော်လည်း ကိုယ်ကောင်းကြစို့

“သူတော်ကောင်း”ဆိုတဲ့ စကားလေးကို တစ်ချို့က “သူတော်မှ ကိုယ်ကောင်းမယ်”ဆိုတဲ့ ကလေးကလား အတွေးလေးတွေနဲ့ ပြောတတ်ကြပါတယ်။ ဒီသဘောက “သူမတော်ရင် ကိုယ်လည်းမတော်နိုင်၊ သူမကောင်းရင် ကိုယ်လည်းမကောင်းနိုင်၊ သူမပြောင်းရင် ကိုယ်လည်း မပြောင်းနိုင်ဘူး”ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ တကယ်တော့ သူတော်ကောင်းတွေရဲ့ စိတ်သဘောထားဟာ “သူမတော်လည်း ကိုယ်ကောင်းမယ်” ဆိုတဲ့ သဘောထားမျိုးပဲ ဖြစ်ပါတယ်။ သူမတော်ရင် တော်လာအောင် ကိုယ်ကကောင်းအောင် ကျင့်သုံးနေထိုင်တတ်တဲ့ သဘောမျိုးကသာ...

Read more »

“သတိက အချုပ်”

“သဒ္ဓါက အထုတ်ဝိရိယက အလုပ်သတိက အချုပ်သမာဓိက အအုပ်ပညာက အဟုတ်” ဆိုတော့ အကောင်းအားလုံးတွေထဲမှာ သတိက အချုပ်ပါ။ ဘယ်တရားတွေ ဘယ်လောက်ပဲ ကောင်းကောင်း သတိမပါရင် ဘယ်ဟာမှ မတိကျ မပြည့်ဝနိုင်ပါဘူး။ သတိလွတ်ရင် အသိသေပါတယ်။ ဘယ်အလုပ်မှ တရားပုံစံနဲ့ မလှုပ်ရှားနိုင်ပါဘူး။ သတိရှိမှ အသိဟာ ရှင်သန်နိုင်တယ်။ တရားစွမ်းအားပုံစံနဲ့ လှုပ်ရှားနိုင်တယ်။ သတိရှိရင် ဘာမဆို အလုပ်ဖြစ်တယ်။ ဘဝရဲ့ အဓိက အသက်လို့ ဆိုရင်လည်း ဖြစ်နိုင်တာပဲ။သတိဟာ ဘယ်အလုပ်မဆို အချိန်မှီပြီးအောင်...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ