ဘုရားရှိနေလို့သာပေါ့

၂၀၁၂ခု ကတော့ ဘုန်းဘုန်းအတွက် အမတန်ကို အလုပ်များပြီး အကျိုးကြီးတဲ့နှစ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ၊ ဓမ္မဒူတအလုပ်တွေ၊ ကျောင်းအလှူ၊ စာကြည့်တိုက်အလှူ၊ တရားတော်အလှူ စတဲ့ အဘိုးမဖြတ်နိုင်တဲ့ အမြတ်ဆုံး အလှူတွေနဲ့ တကယ့်ကိုပဲ ကုသိုလ်ထူးတွေ လုပ်ဖြစ်နေတော့တာ ဖြစ်ပါတယ်။ လုပ်တဲ့အလုပ်တွေမှာ ပိုပြီးခွန်အားတွေ ဖြစ်စေတဲ့ အချက်တစ်ခုက အဖဘုရား ပွင့်ထွန်းတော်မူရာ...

Read more »

ဘဝနဲ့ ဝယ

ဘဝအမျိုးမျိုးနဲ့ အခြေအနေ အမျိုးမျိုးမှာ ရှိနေကြတဲ့ သတ္တဝါ အမျိုးမျိုးကိုကြည့်ပြီး ဘဝအကြောင်းကို ဓမ္မကြောင်းနဲ့ညှိရင်း ဘဝအရေးလေးတွေ တွေးနေမိပါတယ်။ အထူးသဖြင့် လူအတော်များများ ပြောနေကြတဲ့ ဘဝရဲ့ အတက်အကျ အနိမ့်အမြင့် သဘောတွေ၊ အဖြစ်မြန်ပြီး အပျက်မြန်တဲ့ သဘောတွေကို မကြာမကြာ ဆင်ခြင်နေဖြစ်ခဲ့ပါတယ်။ အဲဒီလို ဆင်ခြင်ကြည့်တဲ့အခါ ဘဝရဲ့ သဘာဝအမှန်ကို ရှင်းရှင်းလင်းလင်း တွေ့လာရပြီး ဘယ်လိုဘဝမျိုး၊ ဘယ်အခြေအနေမျိုးမှာမဆို ရင်ဆိုင်လာနိုင်၊ ခံနိုင်ရည်...

Read more »

မြန်မာပြည်မှအပြန်…

မနေ့ (၉-၄-၂၀၁၂)က ဘုန်းဘုန်း ကိုရီးယားကို ပြန်ကြွဖြစ်ခဲ့ပါတယ်။ မြန်မာပြည်တွင်း အလုပ်တွေ ပြီးပြတ်သွားလို့ မဟုတ်ပေမယ့် ကိုရီးယားမှာ ရှိနေရမယ့်အချိန် ဖြစ်တဲ့အတွက် မဖြစ်မနေ ပြန်လာခဲ့ရခြင်း ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူး ပိတ်ရက်မှာ တစ်ပတ်လောက် ကိုရီးယားကို ပြန်လာပြီးကတည်းက အွန်လိုင်းပေါ်ကပျောက်ပြီး မြန်မာပြည်ရောက်သွားလိုက်တာ နှစ်လကျော်ကျော်လောက်ကို ဖြစ်သွားတော့တာပါပဲ။ မအားတဲ့ အချိန်တွေ များနေတာကြောင့် အင်တာနက်နဲ့ အဆက်အသွယ် ပြတ်သလောက်ကို...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ