အစာမကြေဖြစ်တယ်ဆိုတဲ့ စကားကို အစားအသောက်တွေနဲ့ ပတ်သက်လို့ ပြောဆိုသုံးနှုံးကြတာ ရှိသလို ဒီနေ့ခေတ်မှာတော့ အဲဒီစကားလုံးကို တစ်ခြားအဓိပ္ပါယ်တစ်မျိုးနဲ့ သုံးလာတာလည်း ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဖြစ်ပေါ်တတ်တဲ့ မကျေနပ်ချက်လေးတွေ၊ သဘောမကျတာလေးတွေ၊ စိတ်ထဲမှာ မျက်နေတာလေးတွေကိုလည်း အစာမကြေဖြစ်တယ်လို့ ပြောဆိုလာတာကို တွေ့ရပါတယ်။ “သူ မင်းကို အစာမကြေဖြစ်နေတယ်၊ မင်း..ငါ့အပေါ် ဘာအစာမကြေ ဖြစ်လို့လဲ..”စသဖြင့် ပြောဆိုသုံးနှုန်းလာတာ ကြားရတတ်ပါတယ်။...