“တန်ဆေးလွန်ဘေး”တဲ့။ ဒါက မြန်မာဆိုရိုးစကားလေးပါ။ ဘာပဲဖြစ်ဖြစ် အတိုင်းအတာ တစ်ခုရှိဖို့လိုပြီး အတိုင်းအတာကို ကျော်သွားရင်တော့ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ အရာပဲ ဖြစ်ဖြစ်၊ ဘယ်လိုကောင်းတဲ့ အရာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ စိတ်နဲ့ကိုယ်ကို ပြုပြင်ပေးပါတယ်ဆိုတဲ့ အထောက်အကူပြု အရာမျိုးပဲ ဖြစ်ဖြစ် အလွန်အကျွံ ဖြစ်လာပါက အကောင်းကနေ အဆိုးဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။ ယုတ်စွအဆုံး တရားအလုပ် အားထုတ်တာတောင်မှ ညီညွတ်ပြည့်စုံရမယ့် အရာတွေညီညွတ်မှ...