သိမ်နဲ့ အမျိုးသမီးဗုဒ္ဓဘာသာ မြန်မာတွေကြားမှာ အရိုးစွဲပြီး အမှတ်လွဲနေတတ်တဲ့ အလွဲလေးတွေအကြောင်း ထောက်ပြပေးတဲ့ စာတွေရေးပေးနေတာကိုသိတော့ ဆရာတော်တစ်ပါးက သိမ်နဲ့အမျိုးသမီး အကြောင်းကိုလည်း စာရေးပေးဖို့ မိန့်ကြားဖူးပါတယ်။ ဆရာတော် မမိန့်ခင်ကတည်းက ရေးဖို့ရည်ရွယ်ချက် ရှိနေပေမယ့် မရေးဖြစ်ဘဲ အခုမှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ တောရွာအတော်များများမှာ တစ်ရွာသိမ်တစ်လုံးတော့ ရှိနေတတ်ကြပါတယ်။ အဲဒီလို သိမ်တွေရှိနေပေမယ့် အမျိုးသမီးတွေ...