“မကောင်းတဲ့အလုပ်ဆိုတာ လုပ်ပါများရင် အဲဒီမကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ နေ့စဉ်ပုံမှန် လုပ်နေကျ အလုပ်တစ်ခုလိုထင်ပြီး ပျော်ပျော်ပါးပါး လုပ်နေမိတတ်တယ်” ဆိုတဲ့ စာလေးကို ဖတ်လိုက်ရတော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတစ်ချို့ကို မြင်ယောင်မိပါတယ်။ ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာလည်း ရှိပါတယ်။ တစ်ချို့ နေ့စဉ်သောက်ကြ၊ စားကြ၊ ပျော်ကြပါးကြ၊ အလောင်းအစားလုပ်ကြ စတာတွေနဲ့ အပျော်လွန်နေကြပြီး အဲဒီအလုပ်တွေ လုပ်နေရတာကို မကောင်းဘူးလို့ မထင်ဘဲ ဖြစ်နေကြတာတွေပါ။...