ဂြိုဟ်တိုင်များနဲ့ ဗုဒ္ဓဘာသာ…လွဲနေတာလေးတွေ ပြောရင်းနဲ့ နောက်ထပ်အလွဲတစ်ခု ပြောစရာ ပေါ်လာပြန်ပါတယ်။ အဲဒါက စေတီပုထိုးများနဲ့ ဂြိုဟ်တိုင်များကိစ္စ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားတယ်၊ ဘုရားသွားတယ်နဲ့ တကယ်တော့ ဘုရားသွားပြီး ဘုရားအာရုံပြု ရှိခိုးကြတာထက် ဘုရားရောက်ရောက်ချင်း ဂြိုဟ်တိုင်လိုက်ရှာ နေကြတာတွေပါ။ ကိုယ်မွေးတဲ့ မွေးနေ့အလိုက် လုပ်ထားတဲ့ ဂြိုဟ်တိုင်တွေမှာ သွားပြီးဘုရားကို ရေသွားပက်ကြတာ၊ ခေါင်းပေါ်ကနေ ရေလောင်းပေးကြတာ၊ အမွေးတိုင်း၊...