အရုဏ်ဆွမ်း ဘုဉ်းပေးနေချိန် ထူးထူးခြားခြား ဖုန်းသံကမည်လာပါတယ်။ ကပ္ပိယဒကာလေးကို အခန်းထဲက ဖုန်းကိုသွားယူခဲ့ဖို့ ပြောပြီး ဖုန်းနားထောင်လိုက်တော့ “အရှင်ဘုရား… ဦးဝိစိတ္တပါလားဘုရား..“ဆိုတဲ့ အမေးနဲ့အတူ ဒကာမတစ်ယောက်ရဲ့ အသံကိုကြားလိုက်ရပါတယ်။ “အင်း… ဟုတ်ပါတယ်… ဒကာမ၊ ဘာဖြစ်လို့လဲ…“ ဆိုတော့ “တစ်ခြားမဟုတ်ပါဘူးဘုရား အရှင်ဘုရား ဘလောဂ်စပေါ့ ကနေပြီး ဒေါ့ကွန်ကို ပြောင်းမယ်ဆိုတာ သိရလို့… အဲဒါတပည့်တော်မ ဒိုမိန်ဝယ်လှူချင် လို့ပါဘုရား..၊ ဘယ်လိုလုပ်ရတယ်ဆိုတာ...