သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…

``သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့`` ဤစာသားလေးကား မန်လည်ဆရာတော်ကြီး၏ မဃဒေ၀လင်္ကာသစ် စာအုပ်တွင် ပါရှိသည့် စာသားလေးဖြစ်၏။ ဗုဒ္ဓဓမ္မကို အခြေခံ စပ်ဆိုထားသည့် စာစုလေးလည်း ဖြစ်၏။ ဤစာစုအပြည့်အစုံမှာ ``သဒ္ဓါ ပညာ၊ သမာ ၀ီရိ၊ စောင်းနှယ်ညှိလော့၊ လောကီဓမ္မတာ၊ လူတို့မှာလျှင်၊ သဒ္ဓါမဆွန့်၊ ကွန့်၍ဖြိုးဝှန်၊ ဉာဏ်မလွန်နှင့်၊ သားမွန်လိမ္မာ၊ ဤအရာ၌၊ ပညာမဘက်၊ သဒ္ဓါထက်က၊ နက်၏ဆင်းရဲ၊ အမြဲမှန်စွာ၊ သဒ္ဓါနုံ့ဆွန့်၊ တွန့်၍ဉာဏ်ကွန်၊ ပညာလွန်သော်၊ ၀င်္ကံကောက်ကျစ်၊ ကျိုးမဖြစ်ဘူး၊...

Read more »

တရားအားထုတ်ကြည့်ကြစို့…

တရားအားထုတ်တယ်ဆိုတာ ``တရားတဲ့အားတွေကို ထုတ်တာ``ပါ။ တရားတဲ့အားဆိုတာက လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ မတရားတဲ့အရာတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောဘ၊ အဒေါသ၊ အမောဟစတာတွေပါပဲ။ အလွယ်ပြောရရင် မကောင်းတဲ့ အကုသိုလ် ကိလေသာဆိုတဲ့ မတရားတဲ့အားတွေ မဖြစ်နိုင်အောင်၊ မတိုးပွားအောင်၊ တဖြည်းဖြည်းနည်းလာအောင် သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကောင်းတဲ့အားတွေနဲ့ အနိုင်ယူနိုင်အောင် ကြိုးစားအားထုတ်တာလို့ ပြောနိုင်ပါတယ်။ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာမယ့် မကောင်းတဲ့ ကိလေသာတရားတွေ...

Read more »

အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ…

တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက ``တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊ တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့်လဲ..`` ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။ ဟိုတစ်လောကလည်း ကလေးမလေးတွေက ''ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊ မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ