Showing posts with label အားဖြည့်ဓမ္မစကားများ. Show all posts
Showing posts with label အားဖြည့်ဓမ္မစကားများ. Show all posts

ဒါလည်း ဆင်းရဲပါပဲ

ဦးစားပေးခံချင်တဲ့ စိတ်၊ အလေးပေးခံချင်တဲ့ စိတ်၊ အသိအမှတ်ပြု ခံချင်တဲ့စိတ် စတာတွေဟာလည်း ဆင်းရဲတစ်မျိုးပါပဲ။  သတ္တဝါတွေရဲ့  စိတ်အစဉ်ဆိုတာ ကိုယ့်ကို တစ်ယောက်ယောက်က အလေးထားတာ၊ ချီးမွန်းတာ၊ ဦးစားပေးတာ၊ အသိအမှတ်ပြုတာကို လိုချင်ကြ၊ သာယာကြ၊ တောင့်တကြတာ သဘာဝပါပဲ။ ဒါပေမယ့် တစ်ခါတရံ အဲဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ ပင်းပန်းတာတွေ၊ စိတ်ဖိစီးတာတွေ၊...

Read more »

အသိရှိပါ၊ သတိမလွတ်ပါစေနဲ့

အသိရှိပါ၊ သတိမလွတ်ပါစေနဲ့ (၁) -------------------- ဖတ်ဖူးတဲ့ စာပိုဒ်လေးတစ်ခုပါ။ “သူများလဲသွားအောင် ခြေထိုးခံတဲ့အချိန် ကိုယ်လည်းရှေ့ကို မသွားနိုင်ပါဘူး“တဲ။ သိပ်မှန်ပါတယ်။ ကိုယ့်အလုပ်ကို ကောင်းအောင်လုပ်ရမယ့်အချိန်မှာ သူများမကောင်းကြံနေ၊ သူများမကောင်းကြောင်းပြောနေ၊ သူများမကောင်းအောင် လုပ်နေရတာနဲ့ ကိုယ့်မှာအချိန်တွေကုန်ပြီး အပြစ်တွေသာ...

Read more »

အောင်မြင်တိုးတက်သူတွေရဲ့ ဘဝ

အမြင့်ရောက်လေ၊ လေအတိုက်ခံရလေပဲ။ အမြင့်ရောက်တဲ့သူတွေဟာ လေဒဏ်ကို ခံနိုင်ရည်ရှိရမှာပါ။ ပြီးတော့ အကျိုးမရှိတဲ့ အလုပ်တွေ မလုပ်ကြဘူး။ အကျိုးမဲ့ ဝေဖန်တာ၊ ကဲ့ရဲ့တာ၊ အပြစ်ပြောတာတွေဟာ လူတိုင်းလုပ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ဝေဖန်၊ ကဲ့ရဲ့ အပြစ်ပြောတာမျိုးကို မလုပ်ဖြစ်အောင်၊ သူများက ကိုယ့်ကိုအဲဒီလို ပြောလာခဲ့ရင်လည်း ဒီဒဏ်တွေကို ခံနိုင်အောင်ကျတော့...

Read more »

လွတ်လပ်တဲ့ စိတ်

တစ်ခါတလေ စိတ်ဟာ တင်းကျပ်ပြီး လေးလံနေတတ်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ၊ အဆင်မပြေမှုတွေ များလာတဲ့အခါ၊ အခက်အခဲတွေ များလာတဲ့အခါ အဲဒီ ဖိအားတွေကြောင့် ကိုယ့်စိတ်မှာ လေးလံထိုင်းမှိုင်းနေပြီး လွတ်လပ်တဲ့ စိတ်မဖြစ်တော့ဘဲ တင်းကျပ်နေတော့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မလိုလားအပ်တဲ့ အတွေးတွေဟာ စိတ်ကိုပိုပြီး မွန်းကျပ်စေပါတယ်။ အတွေးတွေဟာ စိတ်ရဲ့လွတ်လပ်မှုကို...

Read more »

သူ့အကျိုးဟာ ကိုယ့်အဆိုး မဖြစ်ပါစေနဲ့

လောကမှာ တစ်ချို့က တစ်ခါတလေ ကိုယ်နဲ့အယူအဆ မတူတဲ့သူတွေ၊ ကိုယ်နဲ့မတည့်တဲ့ သူတွေ၊ မဟုတ်တာ လုပ်တဲ့သူတွေ ဒုက္ခရောက်သွားတဲ့အခါ၊ အဆိုးတွေ ကြုံသွားတဲ့အခါ ဝမ်းသာအားရ ဖြစ်တတ်ကြပါတယ်။ အမုန်းတရားနဲ့ ရင်ထဲမှာ ကြိတ်ပြီးဝမ်းသာနေတတ်ပါတယ်။ “နည်းတောင်နည်းသေးတယ်”ဆိုပြီး စိတ်ထဲမှာ အကျေနပ်ကြီး ကျေနပ်နေတာတွေ ရှိတတ်ပါတယ်။  အဲဒီလို သူများဒုက္ခရောက်သွားတဲ့...

Read more »

အချိန်မတန်သေးလို့ပါ

- ကိုယ်ကောင်းရဲ့သားနဲ့ အခြေအနေတွေက မကောင်းသေးဘူး၊ မပြောင်းသေးဘူး၊ အဆိုးတွေပဲ ဆက်ဖြစ်နေသေးတယ် ဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့၊ ဇွဲမလျော့ပါနဲ့၊ ကိုယ့်ကံကိုယ် မယုံမကြည် မဖြစ်လိုက်ပါနဲ့။ ကောင်းတဲ့အလုပ်တွေကိုသာ ကြိုးစားပြီး ဆက်လုပ်နေလိုက်ပါ။ - မကောင်းတာလုပ်နေရဲ့သားနဲ့ အခြေအနေတွေကောင်းပြီး ဘဝမပြောင်း အလှတွေဆောင်းနေသေးတဲ့ သူတွေကို တွေ့ခဲ့ရင်းလည်း...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ