ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်ခြင်း

ယုံကြည်မှုဟူသော စကားကို ဘာသာတရားတိုင်းက အထူးအလေးပေး ပြောဆိုကြ၏။ ယနေ့ခေတ်တွင် ထင်ရှားနေသည့် ဘာသာကြီးလေးခုတွင် ဟိန္ဒူဘာသာကလည်း ဗြဟ္မာကြီးကို ယုံကြည်ရန် ပြောထား၏။ ဗုဒ္ဓဘာသာကလည်း ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ရန် ညွန်ကြားထား၏။ ခရစ်ယန်ဘာသာကလည်း ယေရှုခရစ်တော်နှင့် တမန်တော်ကို ယုံကြည်ကြရန် အလေးအနက် တိုက်တွန်းထား၏။ အစ္စလာမ်ဘာသာကလည်း...

Read more »

အသွင်မတူ အိမ်သူမဖြစ်

“အသွင်မတူ အိမ်သူမဖြစ်”တဲ့။ ပို့စ်ခေါင်းစဉ်လေးကတော့ ဘုန်းကြီးနဲ့ လားလားမှမသက်ဆိုင်တဲ့ ခေါင်းစဉ်လေးပါ။ အိမ်ယာတည်ထောင် လူဘောင်ကိစ္စကို အိမ်ရာမထောင် ရဟန်းဘောင်က ရဟန်းတစ်ပါးက ပြောလာတာဆိုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူ့အလုပ် ဝင်ရှုပ်တယ်လို့ ပြောစရာ ဖြစ်နိုင်ပါတယ်။ ပြောလည်းမတတ်နိုင်ဘူး ပြောပါစေတော့။ အမျိုးသားရေးနဲ့ ပတ်သက်လာခြင်း၊ ဒါမှမဟုတ် ဘာသာတရားဆိုင်ရာ...

Read more »

လွတ်လပ်တဲ့ စိတ်

တစ်ခါတလေ စိတ်ဟာ တင်းကျပ်ပြီး လေးလံနေတတ်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ၊ အဆင်မပြေမှုတွေ များလာတဲ့အခါ၊ အခက်အခဲတွေ များလာတဲ့အခါ အဲဒီ ဖိအားတွေကြောင့် ကိုယ့်စိတ်မှာ လေးလံထိုင်းမှိုင်းနေပြီး လွတ်လပ်တဲ့ စိတ်မဖြစ်တော့ဘဲ တင်းကျပ်နေတော့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မလိုလားအပ်တဲ့ အတွေးတွေဟာ စိတ်ကိုပိုပြီး မွန်းကျပ်စေပါတယ်။ အတွေးတွေဟာ စိတ်ရဲ့လွတ်လပ်မှုကို...

Read more »

ဘဝအစာ ဓမ္မကဗျာများ (၁)

အကြောင်းလှပြီး အကောင်းရစေဖို့ အကြောင်းမလှလို့ မကောင်းရခဲ့ရင် အဟောင်းရတာလို့ သဘောထား မနောလှအောင် ကြိုးစားပြီး အတိုးပွားစေမယ့် ရိုးသားမှုနဲ့ သီလကို အခြေခံ သမထကို ပုံမှန်ပွား သတိပဋ္ဌာန်းအားကို မပြတ်ရှူ အမှတ်ပြုရမှာက အနိစ္စ အမှန်သိရမှာက ဒုက္ခ ဆင်ခြင်ရမှာက အနတ္တ အတ္တဆိုတာ ငါမဟုတ် တဏှာအထုတ်ကို ခါကာထုတ် မှန်ရာအလုပ်ကို အခါခါလုပ်ရင်း ဝါသနာအရှုတ်ကို ဘာဝနာလုပ်ကာ အကြောင်းလှအောင် အားထုတ် ကောင်းမှုအဖြာဖြာ ကြိုးစားလုပ်လော့။...

Read more »

ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ့

မနက်ဖြန် (21-8-2013)ဟာ မြန်မာသက္ကရာဇ် ၁၃၇၅ခုနှစ်နှစ်ရဲ့ ဝါခေါင်လပြည့်နေ့ အခါသမယပဲ ဖြစ်ပါတယ်။ ဝါခေါင်လပြည့်နေ့ကို မြန်မာဗုဒ္ဓဘာသာများက မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ထူးထူးခြားခြား ကုသိုလ်များ ပြုလုပ်လေ့ရှိကြပါတယ်။မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရလောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့...

Read more »

ပရိတ် (သို့) အရံအတား

မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ် ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ်သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင့် တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။ ဤပရိတ်တော်များသည် မြတ်စွာဘုရားရှင်...

Read more »

အကောင်းကြားက အဟောင်းများ ပေးဆပ်နိုင်သမျှ ပေးဆပ်သွား

ဒကာလေးတစ်ယောက်နဲ့ တွေ့ဖူးပါတယ်။ သူ့ဘဝလေးကလည်း ကျန်တဲ့သူတွေအတွက် သတိပြုဆင်ခြင်စရာပါ။ ဒီဒကာလေးက အရက်လည်းမသောက်၊ ဆေးလိပ်လည်းမသောက်၊ ကွမ်းမစား၊ မဟုတ်တာဆို ဘာမှမလုပ်တဲ့အပြင် မိဘအပေါ် သိပ်သိတတ်တဲ့သူပါ။ အလုပ်အားပြီဆိုရင် ကျောင်းကိုရောက်လာတဲ့သူပါ။ ဒါပေမယ့် သူ့ဘဝမှာ ရောက်တဲ့နေရာတိုင်း သိပ်အဆင်ပြေကြီး မဟုတ်လှပါဘူး။ တစ်ခုမဟုတ် တစ်ခုကတော့ အခက်အခဲကို...

Read more »

အဋ္ဌာနကောပဒေါသ (သို့) မလိုအပ်ဘဲ ဒေါသထွက်ခြင်း

စာပေမှာလာတဲ့ အဋ္ဌာနကောပဒေါသ အကြောင်းကိုဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်ဆင်ကြည်မိပါတယ်။ အဋ္ဌာနကောပဒေါသဆိုတာ တိုက်ရိုက်ကတော့ အရာမဟုတ်တဲ့အရာတွေမှာ ဒေါသထွက်တာကို ပြောတာပါ။ အလွယ်ပြောရရင်တော့ မလိုအပ်ဘဲ ဒေါသထွက်ခြင်းပါပဲ။ နေပူရင်လည်း နေပူလို့၊ မိုးရွာရင်လည်း မိုးရွာလို့၊ လေတိုက်ရင်လည်း တိုက်လို့၊ အေးရင်လည်း အေးလို့ စသဖြင့် အလိုလိုနေရင်း သဘာဝ ဓမ္မတွေအပေါ်မှာ၊...

Read more »

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး

မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ (၁) စိဉ္စမာဏ (၂) သုပ္ပဗုဒ္ဓ (၃) အရှင်ဒေဝဒတ် (၄) နန္ဒကဘီလူး (၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။  ၁။ စိဉ္စမာဏ စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ...

Read more »

သူ့အကျိုးဟာ ကိုယ့်အဆိုး မဖြစ်ပါစေနဲ့

လောကမှာ တစ်ချို့က တစ်ခါတလေ ကိုယ်နဲ့အယူအဆ မတူတဲ့သူတွေ၊ ကိုယ်နဲ့မတည့်တဲ့ သူတွေ၊ မဟုတ်တာ လုပ်တဲ့သူတွေ ဒုက္ခရောက်သွားတဲ့အခါ၊ အဆိုးတွေ ကြုံသွားတဲ့အခါ ဝမ်းသာအားရ ဖြစ်တတ်ကြပါတယ်။ အမုန်းတရားနဲ့ ရင်ထဲမှာ ကြိတ်ပြီးဝမ်းသာနေတတ်ပါတယ်။ “နည်းတောင်နည်းသေးတယ်”ဆိုပြီး စိတ်ထဲမှာ အကျေနပ်ကြီး ကျေနပ်နေတာတွေ ရှိတတ်ပါတယ်။  အဲဒီလို သူများဒုက္ခရောက်သွားတဲ့...

Read more »

အချိန်မတန်သေးလို့ပါ

- ကိုယ်ကောင်းရဲ့သားနဲ့ အခြေအနေတွေက မကောင်းသေးဘူး၊ မပြောင်းသေးဘူး၊ အဆိုးတွေပဲ ဆက်ဖြစ်နေသေးတယ် ဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့၊ ဇွဲမလျော့ပါနဲ့၊ ကိုယ့်ကံကိုယ် မယုံမကြည် မဖြစ်လိုက်ပါနဲ့။ ကောင်းတဲ့အလုပ်တွေကိုသာ ကြိုးစားပြီး ဆက်လုပ်နေလိုက်ပါ။ - မကောင်းတာလုပ်နေရဲ့သားနဲ့ အခြေအနေတွေကောင်းပြီး ဘဝမပြောင်း အလှတွေဆောင်းနေသေးတဲ့ သူတွေကို တွေ့ခဲ့ရင်းလည်း...

Read more »

ဝိနည်းတတ်သူ များထိုသူသို့

ဝိနည်းနဲ့ ပတ်သက်လာရင် ခုနောက်ပိုင်းလူတွေဟာ သံဃာတော်များရဲ့ ဝိနည်းကျင့်ဝတ်တွေကို တော်တော်သိလာနေတဲ့ သဘောရှိပါတယ်။ ရဟန်းတော်များ ဘာလေးပဲလုပ်လိုက်လုပ်လိုက် ဝိနည်းနဲ့ မညီဘူး၊ သံဃာ့ကျင့်ဝတ်နဲ့ မညီဘူး၊ သံဃာအလုပ် သံဃာမလုပ်ဘူး စသဖြင့် ဝေဘန်နိုင်လာတဲ့အထိ သူတို့တွေ ဝိနည်းတော်အပေါ်မှာ ကျွမ်းကျင်လာတော့တာပါ။ လူတွေဝိနည်းသိလာတာ ကောင်းပါတယ်။ ဒါမှလည်း...

Read more »

ကျေနပ်တတ်တဲ့ စိတ်ဟာချမ်းသာမှု တစ်မျိုးပါ

ဘဝမှာ ချမ်းသာအစစ်ဟာ ဘာလဲလို့မေးရင် “ကျေနပ်အောင် နေတတ်တဲ့ စိတ်ပဲ”လို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်တော့ ချမ်းသာမှုဆိုတာဟာ ငွေရှိတိုင်းလည်း ချမ်းသာတာမဟုတ်ဘူး။ ရာထူးဂုဏ်ရှိလို့လည်း ချမ်းသာတာ မဟုတ်ဘူး။ ချမ်းသာအောင် နေတတ်တဲ့ အလေ့အကျင့်လေးကသာ ချမ်းသာမှုကို ပေးစွမ်းနိုင်တာပါ။ ကိုယ့်ရှိတာလေးနဲ့၊ ကိုယ့်အနေအထားလေးနဲ့ အပြစ်နည်းအောင်၊ အကုသိုလ်အဖြစ် သက်သာအောင်...

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ