မနာပဒါယီ စာစဉ် (၃)နှင့် (၄) ထွက်ရှိ




ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး) ရေးသားခဲ့သည့်နည်းနည်းလေးတော့ လွဲနေတယ် အတွဲ ()” စာအုပ်နှင့်စိတ်ဓာတ်ခွန်အား ဖြည့်စကား အတွဲ ()” စာအုပ်များကို မနာပဒါယီ ဖောင်ဒေးရှင်း၏ ကုန်ကျစရိတ် လှူဒါန်းမှုဖြင့် လာဘ်မိုးဆွေ စာပေနှင့် ရာပြည့်စာပေ တို့မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ 

မနာပဒါယီ စာစဉ်များဖြင့် ထုတ်ဝေလာသည့် ဆရာတော်၏ စာအုပ်များမှ ယခုနည်းနည်းလေးတော့ လွဲနေတယ် အတွဲ()” ကို စာစဉ် () အဖြစ်လည်းကောင်း၊စိတ်ဓာတ်ခွန်အား ဖြည့်စကား အတွဲ ()”ကို စာစဉ် ()အဖြစ်လည်းကောင်း အစဉ်အတိုင်း ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄တွင် စာစဉ် ()နှင့် ()ကို ထုတ်ဝေရန် စီစဉ်ထားပါသည်။ 

နည်းနည်းလေးတော့ လွဲနေတယ် အတွဲ()” တင်ပြထားသည့် စာစုများသည် မနာပဒါယီ ဆရာတော်မှ မနာပဒါယီ (http://www.venvicitta.com/) အင်တာနက် စာမျက်နှာတွင် အလျဉ်းသင့်သလို ရေးသားတင်ပြထားသည့် စာစုများဖြစ်ပြီး ဗုဒ္ဓဘာသာများကြား အမှတ်မှားကာ လုပ်ဆောင်နေကြသည့် ဘာသာရေးဆိုင်ရာ အလွဲလေးများကို အမှန်ညွန်ပြပေးထားခြင်း ဖြစ်သည်။ နောင်လည်း ဆက်လက်၍ တင်ပြပေးရန် ရည်ရွယ်၍ အတွဲများဖြင့် ထုတ်ဝေဖြစ်ခဲ့ခြင်း ဖြစ်သည်။ 

စိတ်ဓာတ်ခွန်အား ဖြည့်စကား အတွဲ ()”သည်လည်း ဆရာတော်၏ အင်တာနက်စာမျက်နှာ (http://www.venvicitta.com/) နှင့် င့် Facebook (http://www.facebook.com/ashinvicitta) စာမျက်နှာတို့တွင် ရေးသားတင်ပြခဲ့သည့် မှတ်သားဖွယ်ရာ စကားစုများ၊ ခွန်အားဖြည့် စာစုများ စသည်တို့ကို စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်း၊ စာစုတစ်စုမျှဖြင့် လောကဓံ အတက်အကျကြောင့် စိတ်ဓာတ်များ ကျနေကြသည့် သူများကို တစ်ထောင့်တစ်နေရာမှ စိတ်ဓာတ်ခွန်အားများ ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ 

ဆရာတော်၏ စာအုပ်များအား ဝယ်ယူဖတ်ရှုလိုသူများ၊ ဓမ္မဒါန ပြုလိုသူများ၊ စာကြည့်တိုက်များနှင့် အသင်းအဖွဲ့များတွင် ထားလိုသူများ အနေဖြင့် အောက်ဖော်ပြပါ ပင်းရင်းဌာနများတွင် ဆက်သွယ်မှာယူနိုင်ပါသည်။ စာကြည့်တိုက်များ၊ အသင်းအဖွဲ့များအတွက် မနာပဒါယီ ဖောင်ဒေးရှင်းမှ လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

ဖြန့်ချိရေး (ပင်ရင်း)
မနာပဒါယီ ဖောင်ဒေးရှင်း
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။ ဖုန်း - ၃၈၃၇၉၆
---------
အမှတ် (၁၈၁) လမ်း (၅၀)အထက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။ ဖုန်း - ၂၉ ၀၁၈၃

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ